(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

Eminem ဆိုတာ တစ္ကမၻာလံုးက ေယာက္်ားေလးေတြအရမ္းဂါရျပီး မိန္းကေလးေတြ အရမ္းေၾကြရတဲ့ အဆုိေတာ္ၾကီးတစ္ဦးျဖစ္ပါတယ္။ အေမရိကားရဲ႕ စုိင္းစုိင္းဆိုရင္လည္း မမွားဘူးေပါ့ေလ။ Eminem က လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ေအာင္ျမင္တဲ့အဆိုေတာ္တစ္ဦးျဖစ္ေနေပမယ့္ အခုအခ်ိန္ အသက္ ေလးဆယ္ေက်ာ္ ငါးဆယ္နားနီးေနခ်ိန္မွာေတာင္ နုပ်ိဳေခ်ာေမာေနဆဲျဖစ္သလုိ သီခ်င္းအသစ္အသစ္ေတြလည္း ထြက္ေနဆဲ ပရိသတ္အားေပးမႈ အျပည့္အဝရေနဆဲလည္းျဖစ္ပါတယ္။ တစ္ကမၻာလံုးက Rap God လို႔ တင္စားခံရတဲ့ Eminem ဟာ သူ႔သီခ်င္းေတြရဲ႕ ဆုိလိုရင္းေတြအဓိပၸါယ္ေတြကုိ ပုိျပီးရုပ္လံုးၾကြေအာင္ အျခားေသာအဆိုေတာ္ေတြရဲ႕ နာမည္ေတြကုိ ၾကံဳရင္ၾကံဳသလုိ ထည့္ဆိုတတ္သူလည္းျဖစ္ပါတယ္။

Eminem ဟာအခုတေလာမွာ သီခ်င္းအသစ္ေတြထြက္ေနတတ္ျပီး မၾကာေသးမီက ထြက္ထားတဲ့ Kick Off ဆုိတဲ့သီခ်င္းထဲမွာေတာ့ Justin အေၾကာင္းထည့္ဆိုျပီး Justin ကုိရန္စလိုက္တယ္လို႔ ပရိသတ္ေတြက ေျပာေနၾကပါတယ္။ Eminem က သီခ်င္းထဲမွာ “Justin Bieber in a Catholic School/Selling dust and reefer when your back to him” ဆိုျပီး ထည့္ဆိုခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ Justin Bieber ရဲ႕ ဘာသာတရားကုိင္းရိႈင္းမႈကို ေလွာင္ေျပာင္သေရာ္ခ်င္တာျဖစ္နုိင္ပံုရသလို Justin ကုိဘာမွအေရးမပါတာေတြလုပ္ေနတယ္္လို႔ ပုတ္ခတ္ေျပာဆိုခ်င္တာလည္းျဖစ္နိုင္ေၾကာင္း Belieber ေတြက မွတ္ခ်က္ေပးထားၾကပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး Belieber ေတြက မခံမရပ္နုိင္ေတြျဖစ္ေနၾကသလို Eminem ကုိ ေဒါသူပုန္ထေနၾကတာလည္းျဖစ္ပါတယ္။ Justin ကုိယ္တုိင္ကေတာ့ သူ႔ဇနီးအသစ္စက္စက္ေလးနဲ႔ အလုပ္ေတြရႈပ္ေနလို႔ ပြစိပြစိေရရြတ္ေနတဲ့ အဖိုးၾကီးကုိလွည့္ေတာင္မၾကည့္အားပါဘူး။

Eminem ဟာ ျပီးခဲ့တဲ့လေတြတုန္းက Machine Gun Kelly နဲ႔ အျပန္အလွန္ သီခ်င္းတိုက္ပြဲေတြျဖစ္ထားသလို Drake, Nicki Minaj, Rihanna, Rick Ross, Ariana Grande တို႔ကုိလည္း သီခ်င္းထဲထည့္ဆိုဖူးတယ္လုိ႔သိရပါတယ္။ သီခ်င္းေတြျပန္လုပ္ေနျပီဆိုတဲ့ Justin က ေရာ ရန္စလာတဲ့ Eminem ကုိျပန္လည္တံု႔ျပန္ေတာ့မလားဆိုတာ တစ္ကမၻာလံုးက ပရိသတ္ေတြက သိခ်င္ေနၾကေပမယ့္ ရင္ထဲကလာတဲ့ခံစားမႈနဲ႔ပဲသီခ်င္းေတြေရးတတ္တဲ့ Justin ကေတာ့ သီခ်င္းကုိလက္နက္လိုအသံုးခ်ျပီး အျခားသူေတြနဲ႔ရန္ျဖစ္ရတာမ်ိဳးမလုပ္ခ်င္ပါဘူးလို႔ အင္တာဗ်ဴးေတြမွာေျပာဖူးတာေၾကာင့္ Justin ကေတာ့ ေအးေအးခ်မ္းခ်မ္းပဲ သီခ်င္းေတြဆက္လုပ္ေနဦးမယ့္ပံုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
Eminem ဆိုတာ တစ်ကမ္ဘာလုံးက ယောက်ျားလေးတွေအရမ်းဂါရပြီး မိန်းကလေးတွေ အရမ်းကြွေရတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။ အမေရိကားရဲ့ စိုင်းစိုင်းဆိုရင်လည်း မမှားဘူးပေါ့လေ။ Eminem က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်နေပေမယ့် အခုအချိန် အသက် လေးဆယ်ကျော် ငါးဆယ်နားနီးနေချိန်မှာတောင် နုပျိုချောမောနေဆဲဖြစ်သလို သီချင်းအသစ်အသစ်တွေလည်း ထွက်နေဆဲ ပရိသတ်အားပေးမှု အပြည့်အဝရနေဆဲလည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Rap God လို့ တင်စားခံရတဲ့ Eminem ဟာ သူ့သီချင်းတွေရဲ့ဆိုလိုရင်းတွေအဓိပ္ပါယ်တွေကို ပိုပြီးရုပ်လုံးကြွအောင် အခြားသောအဆိုတော်တွေရဲ့ နာမည်တွေကို ကြုံရင်ကြုံသလို ထည့်ဆိုတတ်သူလည်းဖြစ်ပါတယ်။

Eminem ဟာအခုတလောမှာ သီချင်းအသစ်တွေထွက်နေတတ်ပြီး မကြာသေးမီက ထွက်ထားတဲ့ Kick Off ဆိုတဲ့သီချင်းထဲမှာတော့ Justin အကြောင်းထည့်ဆိုပြီး Justin ကိုရန်စလိုက်တယ်လို့ ပရိသတ်တွေက ပြောနေကြပါတယ်။ Eminem က သီချင်းထဲမှာ “Justin Bieber in a Catholic School/Selling dust and reefer when your back to him” ဆိုပြီး ထည့်ဆိုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ Justin Bieber ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကို လှောင်ပြောင်သရော်ချင်တာဖြစ်နိုင်ပုံရသလို Justin ကိုဘာမှအရေးမပါတာတွေလုပ်နေတယ်လို့ ပုတ်ခတ်ပြောဆိုချင်တာလည်းဖြစ်နိုင်ကြောင်း Belieber တွေက မှတ်ချက်ပေးထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Belieber တွေက မခံမရပ်နိုင်တွေဖြစ်နေကြသလို Eminem ကို ဒေါသူပုန်ထနေကြတာလည်းဖြစ်ပါတယ်။ Justin ကိုယ်တိုင်ကတော့ သူ့ဇနီးအသစ်စက်စက်လေးနဲ့ အလုပ်တွေရှုပ်နေလို့ ပွစိပွစိရေရွတ်နေတဲ့ အဖိုးကြီးကိုလှည့်တောင်မကြည့်အားပါဘူး။

Eminem ဟာ ပြီးခဲ့တဲ့လတွေတုန်းက Machine Gun Kelly နဲ့ အပြန်အလှန် သီချင်းတိုက်ပွဲတွေဖြစ်ထားသလို Drake, Nicki Minaj, Rihanna, Rick Ross, Ariana Grande တို့ကိုလည်း သီချင်းထဲထည့်ဆိုဖူးတယ်လို့သိရပါတယ်။ သီချင်းတွေပြန်လုပ်နေပြီဆိုတဲ့ Justin က ရော ရန်စလာတဲ့ Eminem ကိုပြန်လည်တုံ့ပြန်တော့မလားဆိုတာ တစ်ကမ္ဘာလုံးက ပရိသတ်တွေက သိချင်နေကြပေမယ့် ရင်ထဲကလာတဲ့ခံစားမှုနဲ့ပဲသီချင်းတွေရေးတတ်တဲ့ Justin ကတော့ သီချင်းကိုလက်နက်လိုအသုံးချပြီး အခြားသူတွေနဲ့ရန်ဖြစ်ရတာမျိုးမလုပ်ချင်ပါဘူးလို့ အင်တာဗျူးတွေမှာပြောဖူးတာကြောင့် Justin ကတော့ အေးအေးချမ်းချမ်းပဲ သီချင်းတွေဆက်လုပ်နေဦးမယ့်ပုံပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top