(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ေတာင္ကိုရီးယားမွာေတာ့ Kim Junghyun ဆိုတဲ့ သတင္းေၾကာျငာသူဟာ “Pretty Noona Who Buys me Food” ဇာတ္လမ္းတြဲထဲက နာမည္ေက်ာ္မင္းသား Jung Haeinနဲ႔ ရုပ္ခ်င္း ဆင္လြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈေတြကို ရရွိေနတာျဖစ္ပါတယ္။


 Kim Junghyun

 jung haein


Kim Junghyun ကေတာ့ ၂၀၁၈ခုႏွစ္ ေမလ မွာ MBC ကို သတင္းေၾကျငာသူအျဖစ္ ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႕ရဲ႕ ရုပ္ရည္သြင္ျပင္ဟာ မင္းသား Jung Haein နဲ႔  ဆင္တူလြန္းတယ္ဆိုၿပီး ေျပာေနၾကပါတယ္။ ရယ္လိုက္ခ်ိန္ဆိုရင္ Jung Haeinနဲ႔ အတူဆံုးပဲလို႔လည္း ပရိသတ္ေတြကေတာ့ ေျပာေနၾကပါတယ္။ Kim Junghyun ကေတာ့ လက္ရွိမွာ ‘Section TV’ ရဲ႕ MC အျဖစ္နဲ႔ MBC ရဲ႕ မနက္ပိုင္းသတင္းေၾကျငာသူအျဖစ္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၅ ရက္ေန႕မွာေတာ့ MBCရဲ႕ ‘Radio Star’ အစီအစဥ္မွာ Kim Junghyunဟာ ဧည္သည့္အျဖစ္နဲ႔ လာေရာက္ခဲ့တာျဖစ္ပါတယ္။ သူကေတာ့ Jung Haeinနဲ႔ လူခ်င္းႏွစ္ႀကိမ္ ေတြ႔ဖူးေၾကာင္းကို ေျပာျပခဲ့ၿပီး ေတြ႔တဲ့အခ်ိန္မွာလည္း အေနခက္တာမ်ိဳး မရွိဘူးလို႔ ေျပာျပခဲ့ပါတယ္။ Jung Haein ရဲ႕ စတိုင္ကို အတုခိုးၿပီးေနတာလားလို႔ Kim Junghyun ကို ေမးတဲ့အခါမွာေတာ့ “ဒီလိုပံုစံနဲ႔ပဲေနလာတာ ႏွစ္သံုးဆယ္ရွိပါၿပီ။ လူေတြက ကၽြန္ေတာ့ကို Jung Haein ရဲ႕ စတိုင္ကို ခိုးေနတာလို႔ေျပာရင္ စိတ္ဆိုးခဲ့ဖူးတယ္။ အခုေတာ့ Jung Haein ရဲ႕ စတိုင္ကို ေပၚတင္ခိုးေနပါၿပီ” လို႔ ေျဖေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Auntymay


#Unicode Version#

တောင်ကိုရီးယားမှာတော့ Kim Junghyun ဆိုတဲ့ သတင်းကြောငြာသူဟာ “Pretty Noona Who Buys me Food” ဇာတ်လမ်းတွဲထဲက နာမည်ကျော်မင်းသား Jung Haeinနဲ့ ရုပ်ချင်း ဆင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

Kim Junghyun ကတော့ ၂၀၁၈ခုနှစ် မေလ မှာ MBC ကို သတင်းကြေငြာသူအဖြစ် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တော်တော်များများကတော့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ဟာ မင်းသား Jung Haein နဲ့  ဆင်တူလွန်းတယ်ဆိုပြီး ပြောနေကြပါတယ်။ ရယ်လိုက်ချိန်ဆိုရင် Jung Haeinနဲ့ အတူဆုံးပဲလို့လည်း ပရိသတ်တွေကတော့ ပြောနေကြပါတယ်။ Kim Junghyun ကတော့ လက်ရှိမှာ ‘Section TV’ ရဲ့ MC အဖြစ်နဲ့ MBC ရဲ့ မနက်ပိုင်းသတင်းကြေငြာသူအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ MBCရဲ့ ‘Radio Star’ အစီအစဉ်မှာ Kim Junghyunဟာ ဧည်သည့်အဖြစ်နဲ့ လာရောက်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Jung Haeinနဲ့ လူချင်းနှစ်ကြိမ် တွေ့ဖူးကြောင်းကို ပြောပြခဲ့ပြီး တွေ့တဲ့အချိန်မှာလည်း အနေခက်တာမျိုး မရှိဘူးလို့ ပြောပြခဲ့ပါတယ်။ Jung Haein ရဲ့ စတိုင်ကို အတုခိုးပြီးနေတာလားလို့ Kim Junghyun ကို မေးတဲ့အခါမှာတော့ “ဒီလိုပုံစံနဲ့ပဲနေလာတာ နှစ်သုံးဆယ်ရှိပါပြီ။ လူတွေက ကျွန်တော့ကို Jung Haein ရဲ့ စတိုင်ကို ခိုးနေတာလို့ပြောရင် စိတ်ဆိုးခဲ့ဖူးတယ်။ အခုတော့ Jung Haein ရဲ့ စတိုင်ကို ပေါ်တင်ခိုးနေပါပြီ” လို့ ဖြေပေးခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top