ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


လူထုစစ္တမ္းအသစ္တခုရဲ႕အဆိုအရ မင္းသမီး Jessica Alba ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀ အတြင္းမွာ အဆိုးဆုံး မွတ္ခ်က္ေပးခံရတဲ့ သ႐ုပ္ေဆာင္စာရင္းမွာ ထိပ္ဆုံးမွာရပ္တည္ေနတယ္လို႔ သိရပါတယ္။

GoCompare.com ရဲ႕ အဆိုအရ “Sin City” ႐ုပ္ရွင္မင္းသမီးဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုတာ ကာလအတြင္းမွာ အဆိုးဆုံးမွတ္ခ်က္ေပးခဲ့ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီစာရင္းကို သ႐ုပ္ေဆာင္ေတြရဲ႕ ပွ်မ္းမွ်ေဝဖန္ခံရမႈ အဆင့္သတ္မွတ္ခ်က္အေပၚ မူတည္ၿပီး တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။


“Fantastic Four”, “Machete” နဲ႔ “Good Luck Chuck” ႐ုပ္ရွင္တို႔အပါအဝင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ အတြင္း ႐ုပ္ရွင္ ၃၅ ကားမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Alba ဟာ ပွ်မ္းမွ်အမွတ္ ၁၀၀ မွာ ၃၀ သာရရွိခဲ့ၿပီး သူသ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္ရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ မေကာင္းျမင္မွတ္ခ်က္ေပးခံခဲ့ရပါတယ္။

မင္းသမီး Alba နဲ႔အတူ “Valentine’s Day” ႐ုပ္ရွင္မွာ အတူတြဲသ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Jessica Biel ကေတာ့ ပွ်မ္းမွ် ၄၁ ဒႆမ ၆ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

သူတို႔ရဲ႕အေနာက္မွာေတာ့ Heather Graham, Radha Mitchell နဲ႔ ေအာ္စကာဆုရွင္ Kathy Bates တို႔က နံပါတ္ ၅ အထိ အစဥ္လိုက္ရပ္တည္ေနပါတယ္။

အမ်ိဳးသားသ႐ုပ္ေဆာင္ေတြဘက္မွာေတာ့ ဟာသပညာရွင္ Mike Epps က ၃၈ ဒႆမ ၃ မွတ္နဲ႔ ထိပ္ဆုံးမွာ ဦးေဆာင္ ေနပါတယ္။ မင္းသား Epps ဟာ “Next Friday” ႐ုပ္ရွင္နဲ႔ လူသိမ်ားၿပီး “Hangover” ဇာတ္လမ္းတြဲမွာလည္း အရံအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

“A Few Good Men” နဲ႔ “The Usual Suspects” တို႔လိုမ်ိဳး ဂႏၲဝင္႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့တဲ့ မင္းသား Kevin Pollak ကေတာ့ ဒုတိယေနရာမွာရပ္တည္ေနၿပီး သူတို႔ရဲ႕ အေနာက္မွာေတာ့ Josh Duhamel, Robin Williams နဲ႔ Gerard Butler တို႔က နံပါတ္ ၅ အထိ အစဥ္လိုက္ရပ္တည္ေနပါတယ္။

သီးျခားစဥ္ထုတ္ျပန္တဲ့ စာရင္းမွာ ထိပ္ဆုံးမွာရပ္တည္ေနခဲ့ၾကေပမယ့္ Alba နဲ႔ Epps တို႔ဟာ မၾကာမီမွာပဲ အႏုပညာ လုပ္ငန္းေတြ ဆက္လုပ္သြားဦးမွာပါ။

၂၀၁၉ ခုႏွစ္မွာ မင္းသား Epps ဟာ Neftlix ကေန ထုတ္လုပ္တဲ့ “Dolemite Is My Name” ႐ုပ္ရွင္မွာ ပါဝင္မွာျဖစ္ၿပီး မင္းသမီး Alba ကေတာ့ NBC ႐ုပ္သံလိုင္းရဲ႕ “LA’s Finest” ဇာတ္လမ္းတြဲမွာ ပါဝင္လာဦးမွာပါ။ မင္းသမီး Alba ဟ ခန႔္မွန္းေခ်ေဒၚလာ ၁ ဘီလီယံရွိတဲ့ Honest ကုမၸဏီအတြက္လည္း အလုပ္ေတြ ရႈပ္ေနသူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

လူထုစစ်တမ်းအသစ်တခုရဲ့အဆိုအရ မင်းသမီး Jessica Alba ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ အဆိုးဆုံး မှတ်ချက်ပေးခံရတဲ့ သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးမှာရပ်တည်နေတယ်လို့ သိရပါတယ်။

GoCompare.com ရဲ့ အဆိုအရ “Sin City” ရုပ်ရှင်မင်းသမီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုတာ ကာလအတွင်းမှာ အဆိုးဆုံးမှတ်ချက်ပေးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းကို သရုပ်ဆောင်တွေရဲ့ ပျှမ်းမျှဝေဖန်ခံရမှု အဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။

“Fantastic Four”, “Machete” နဲ့ “Good Luck Chuck” ရုပ်ရှင်တို့အပါအဝင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ရုပ်ရှင် ၃၅ ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Alba ဟာ ပျှမ်းမျှအမှတ် ၁၀၀ မှာ ၃၀ သာရရှိခဲ့ပြီး သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ မကောင်းမြင်မှတ်ချက်ပေးခံခဲ့ရပါတယ်။

မင်းသမီး Alba နဲ့အတူ “Valentine’s Day” ရုပ်ရှင်မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jessica Biel ကတော့ ပျှမ်းမျှ ၄၁ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။

သူတို့ရဲ့အနောက်မှာတော့ Heather Graham, Radha Mitchell နဲ့ အော်စကာဆုရှင် Kathy Bates တို့က နံပါတ် ၅ အထိ အစဉ်လိုက်ရပ်တည်နေပါတယ်။

အမျိုးသားသရုပ်ဆောင်တွေဘက်မှာတော့ ဟာသပညာရှင် Mike Epps က ၃၈ ဒဿမ ၃ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေပါတယ်။ မင်းသား Epps ဟာ “Next Friday” ရုပ်ရှင်နဲ့ လူသိများပြီး “Hangover” ဇာတ်လမ်းတွဲမှာလည်း အရံအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

“A Few Good Men” နဲ့ “The Usual Suspects” တို့လိုမျိုး ဂန္တဝင်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Kevin Pollak ကတော့ ဒုတိယနေရာမှာရပ်တည်နေပြီး သူတို့ရဲ့ အနောက်မှာတော့ Josh Duhamel, Robin Williams နဲ့ Gerard Butler တို့က နံပါတ် ၅ အထိ အစဉ်လိုက်ရပ်တည်နေပါတယ်။

သီးခြားစဉ်ထုတ်ပြန်တဲ့ စာရင်းမှာ ထိပ်ဆုံးမှာရပ်တည်နေခဲ့ကြပေမယ့် Alba နဲ့ Epps တို့ဟာ မကြာမီမှာပဲ အနုပညာ လုပ်ငန်းတွေ ဆက်လုပ်သွားဦးမှာပါ။

၂၀၁၉ ခုနှစ်မှာ မင်းသား Epps ဟာ Neftlix ကနေ ထုတ်လုပ်တဲ့ “Dolemite Is My Name” ရုပ်ရှင်မှာ ပါဝင်မှာဖြစ်ပြီး မင်းသမီး Alba ကတော့ NBC ရုပ်သံလိုင်းရဲ့ “LA’s Finest” ဇာတ်လမ်းတွဲမှာ ပါဝင်လာဦးမှာပါ။ မင်းသမီး Alba ဟ ခန့်မှန်းချေဒေါ်လာ ၁ ဘီလီယံရှိတဲ့ Honest ကုမ္ပဏီအတွက်လည်း အလုပ်တွေ ရှုပ်နေသူဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top