(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

စစ္ကိုင္းတိုင္းအတြင္း HIV ကိုယ္ခံစြမ္းအား က်ဆင္းတဲ့ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့အေၾကာင္းရင္းဟာ ေသြးေၾကာထဲကို မူးယစ္ေဆးထိုးသြင္းေနၾကလို႔ ျဖစ္တယ္လို႔ တိုင္းအစိုးရ လူမႈဖူလံုေရးဝန္ႀကီး ေဒါက္တာ ေဇာ္ဝင္း က ေျပာပါတယ္။

မံုရြာၿမိဳ႕မွာက်င္းပတဲ့ ကမၻာ့ AIDS ေန႔ အခမ္းအနားမွာ ေျပာၾကားခဲ့တာပါ။

HIV ကူးစက္ခံရသူေတြရဲ႕ ၂ဝ.၈ ရာႏႈႏ္းဟာ မူးယစ္ေဆးထိုးရာက ကူးစက္ခံရတာျဖစ္ေၾကာင္း၊ စစ္ကိုင္းၿမိဳ႕က ေဆးေပးခန္း ၁၄ ခန္း က HIV ေဝဒနာရွင္ေတြကို မူးယစ္ေဆးအစားထိုး မက္သာဒံုးေဆးျပားေတြ ေပးေဝေနၿပီး တိုင္းအစိုးရကလည္း ေရႊ႕ေျပာင္းအလုပ္သမားေတြ၊ လူငယ္ေတြနဲ႔ အက်ဥ္းသမားေတြကို ေသြး စစ္ေဆးေပးတာေတြ ပညာေပးလုပ္ငန္းေတြ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ HIV ကူးစက္ႏႈန္းအမ်ားဆံုးရွိတဲ့ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ရန္ကုန္တိုင္း နဲ႔ မႏၱေလးတိုင္း ေတြမွာ အရွိန္ျမွင့္ေဆာင္ရြက္ေနၿပီး အေမရိကန္ျပည္ေထာင္စု ဖြံ႕ျဖိဳးတိုးတက္ေရး ေအဂ်င္စီ USAID ကလည္း အဲဒီ ျပည္နယ္နဲ႔ တိုင္း ၅ ခုအတြင္း ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္ေတြအတြက္ ေဒၚလာ ၁ဝ သန္း ကူညီထားပါတယ္။

စာရင္းဇယားေတြအရ ျမန္မာႏိုင္ငံမွာ HIV ပိုး ကူးစက္ခံရသူေပါင္း ႏွစ္သိန္း ခြဲနီးပါးရွိတယ္လို႔ ခန္႕မွန္းထားၿပီး ကမၻာမွာ ကူးစက္ႏႈန္း အဆင့္ ၂၅ မွာ ရွိေနပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:RFA Burmese
https://www.facebook.com/rfaburmese/

#Unicode Version#
စစ်ကိုင်းတိုင်းအတွင်း HIV ကိုယ်ခံစွမ်းအား ကျဆင်းတဲ့ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့အကြောင်းရင်းဟာ သွေးကြောထဲကို မူးယစ်ဆေးထိုးသွင်းနေကြလို့ ဖြစ်တယ်လို့ တိုင်းအစိုးရ လူမှုဖူလုံရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း က ပြောပါတယ်။

မုံရွာမြို့မှာကျင်းပတဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

HIV ကူးစက်ခံရသူတွေရဲ့ ၂ဝ.၈ ရာနှုန်းဟာ မူးယစ်ဆေးထိုးရာက ကူးစက်ခံရတာဖြစ်ကြောင်း၊ စစ်ကိုင်းမြို့က ဆေးပေးခန်း ၁၄ ခန်း က HIV ဝေဒနာရှင်တွေကို မူးယစ်ဆေးအစားထိုး မက်သာဒုံးဆေးပြားတွေ ပေးဝေနေပြီး တိုင်းအစိုးရကလည်း ရွှေ့ပြောင်းအလုပ်သမားတွေ၊ လူငယ်တွေနဲ့ အကျဉ်းသမားတွေကို သွေး စစ်ဆေးပေးတာတွေ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ HIV ကူးစက်နှုန်းအများဆုံးရှိတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်း တွေမှာ အရှိန်မြှင့်ဆောင်ရွက်နေပြီး အမေရိကန်ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ကလည်း အဲဒီ ပြည်နယ်နဲ့ တိုင်း ၅ ခုအတွင်း ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွေအတွက် ဒေါ်လာ ၁ဝ သန်း ကူညီထားပါတယ်။

စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံရသူပေါင်း နှစ်သိန်း ခွဲနီးပါးရှိတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာမှာ ကူးစက်နှုန်း အဆင့် ၂၅ မှာ ရှိနေပါတယ်။

ဖိုးသူတော်(www.phothutaw.com)

Credit:RFA Burmese
https://www.facebook.com/rfaburmese/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top