ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×












vi. Compulsory




– (07.01.2019) မှ (08.03.2019)






– ဝင်ခွင့်လျှောက်လွှာ






HCTA သင်တန်းကျောင်း








ဖိုးသူတော်(www.phothutaw.com)

source: HCTA fb

#Unicode Version#
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ဖွင့်လှစ်ထားသော Hospitality & Catering Training Academy (HCTA) (ဟိုတယ်ဝန်ဆောင်မှုနှင့်အချက်အပြုတ်ဆိုင်ရာပညာရပ်)သင်တန်းကျောင်းတွင် အခြေခံပညာ အထက်တန်းအဆင့်(၈တန်းအောင်မှ ၁၀တန်း) အပတ်စဉ်(၁) အတွက် သင်တန်းသားများအား (01.11.2018)မှ (30.11.2018) ရက်နေ့ အထိ လျှောက်လွှာ ခေါ်ယူမည်ဖြစ်ပါသည်။

နိုင်ငံတော်အတွင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်လူရွယ်များကို အခြေခံပညာ အထက်တန်းဆင့်မှာပင် နည်းပညာ ဘာသာရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ လူငယ်လူရွယ်များ အတွက် အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် အတတ်ပညာ လေ့ကျင့် သင်ကြားပေးရန်နှင့် ဒေသတွင်း မိမိတို့ စိတ်ဝင်စားသော အလုပ်အပေါ်တွင် ကျွမ်းကျင်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းဆင့် ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ သင်တန်း အပတ်စဉ်(၁)ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။

(1) သင်တန်းဖွင့်လှစ်မည့်ရက် – 07.01 2019

(2) သင်တန်းဖွင့်မည့်နေရာ – HCTA N/61၊ မကျီးကန်ကျေးရွာ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(3) ပို့ရမည့်သင်တန်းများ –

i. Culinary Art (အချက်အပြုတ် အခြေခံသင်တန်း)

ii. Pastry and Bakery (ပေါင်မုန့်၊ ကိတ်မုန့်ပြုလုပ်ခြင်း အခြေခံသင်တန်း)

iii. Housekeeping Operation (အိပ်ခန်းထောင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးအခြေခံသင်တန်း)

iv. Food and Beverage (အစားအသောက်နှင့် အဖျော်ယမကာအခြေခံသင်တန်း)

v. Front Office Operation (ဧည့်ကြိုဝန်ထမ်းအခြေခံလုပ်ငန်းခွင် သင်တန်း)

vi. Compulsory

– English (အခြေခံဟိုတယ်သုံးအင်္ဂလိပ်စာ)

-Environmental Conscience study (သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်)

(4) သင်ကြားမည့်ကာလ (စုစုပေါင်း (9) ပတ်)

– (07.01.2019) မှ (08.03.2019)

(5) သင်တန်းသားတို့၏ လိုအပ်ချက်များ

– အခြေခံပညာ အလယ်တန်း၊ (အဋ္ဌမတန်းအောင်မြင်ထားပြီးသူဖြစ်ရမည်)

– အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း

– အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့် သင့်လျော်သော ကျန်မာရေးရှိရပါမည်။

(6) လျှောက်လွှာတင်ရန်လိုအပ်သော စာရွက်စာတမ်းများ

– ဝင်ခွင့်လျှောက်လွှာ

– နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ

– ပတ်စ်ပို့ ဓာတ်ပုံ (၁) ပုံ

– ပညာအရည်အချင်းထောက်ခံချက်

– ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်

(7) ဝင်ခွင့်လျှောက်လွှာများကို

HCTA သင်တန်းကျောင်း

i. HCTA သင်တန်းကျောင်း အမှတ် (၆၁) ကန်ကျေးရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

ii. အခန်းအမှတ် (၄/ix၆)၊ အင်းယားလိပ်ဟိုတယ် ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ တို့တွင် (01.11.2018) ရက်နေ့မှ (30.11.2018) ရက်နေ့တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

iii. Kawhmuhcta face-book account တို့တွင်လည်း Download ရယူနိုင်ပါသည်။ HCTA သင်တန်းကျောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်တို့တွင် (01.11 2018) ရက်မှ (30.11.2018) ရက်နေ့တွင် နံနက် (၉) နာရီမှ ညနေ (၄)

နာရီအတွင်း လျှောက်လွှာပြန်တင်နိုင်ပြီး hctalawhmu@gmail.com သို့လည်း ပေးပို့နိုင်ပါသည်။

***သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီလျှောက်ထားသူများသည် လူတွေ့ဖြေဆိုရပါမည်။

ဖြေဆိုအောင်မြင်သူများအား ကျန်းမာရေး ဆေးစစ်ချက်ဆက်လက်ခံယူပြီး ရောဂါကင်းရှင်းသူများကိုသာ သင်တန်းဝင်ခွင့် ရမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း 09-251034566 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖိုးသူတေ်ာ(www.phothutaw.com)

Credit:HCTA သင်တန်းကျောင်း

source: HCTA fb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top