ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေမာင္တို႔... Field Trip ဆင္းစဥ္ကာလ၊ လမ္းမွာ ဘုရားေတြေပၚတက္ေဆာ့ယံုမက လက္ေဆာ့သြားတဲ့မွတ္တမ္း ဦး ျမင္ရတယ္၊ျမင္စိုင္းလို႔မွတ္သားရပါတယ္၊ စိတ္ထဲမေကာင္းဘူး၊ ဪ၊ ေခတ္ကာလ ကေလးေတြ ဒီတိုင္းပစ္ထားရင္ အေမြအႏွစ္ေတြ ကုန္ေတာ့မွာပဲ လို႔ သက္ျပင္းခ်မိတယ္။ တာဝတႎသာ နတ္ရြာေလာ နတ္ရြာေလာ လို႔ ေရးခဲ့တဲ့ သာယာလွတဲ့ ျမင္စိုင္းလည္း graffiti ေတြနဲ႕ ဘရြတ္ကလင္းက လမ္းၾကားလိုျဖစ္ၿပီလို႔ စိတ္မေကာင္းျဖစ္မိတယ္။

ႏွစ္ရာ ေပါင္းမ်ားစြာက နံရံေဆးေရးပန္းခ်ီေတြေပၚ ေက်ာင္း field trip ကို မွတ္တမ္းျပဳသြားတဲ့ ကာယကံရွင္ ေမာင္တို႕ အမ်ိဳးေကာင္းသားေတြ အခုဆို အသက္ ၂၈ ႏွစ္ေလာက္ရွိၾကေရာေပါ့။ လုပ္ငန္းေတြထဲ ဝင္ေနၾကေလာက္ၿပီ။အမည္ပါ တခ်ိဳ႕လည္း ႏိုင္ငံရပ္ျခားေတြလည္းေရာက္ဖူးတဲ့သူေတြ ျဖစ္ေနကုန္ၿပီ ။ ေဖ့ဘုတ္ေပၚမွာလည္း အမ်ိဳးကိုထိရင္ဘယ္လို၊ ပုဂံကို ထိရင္ ဘယ္ညာ၊ အမ်ိဳးသားအေမြအႏွစ္ ဘာညာ စၿပီး လက္သီးလက္ေမာင္းတန္းေနေလာက္ၾကၿပီ။အသိဉာဏ္ေတြတိုးတက္လာၿပီဆိုေတာ့ ဒီလုပ္ရပ္ကိုေတြးၿပီး ေနာင္တ ရၾကၿပီလား? ေမ့သြားၿပီ... မမွတ္မိေတာ့ဘူးလား? ပုဂံက ဘုရားေတြမွာလည္း ဒီလို မွင္နဲ႕ ဖ်က္ဆီးသြားတာေတြ အမ်ားႀကီးရွိတယ္။

ေမာင္တို႔လုပ္ရပ္ေၾကာင့္ သဘာဝ သစ္ဥ သစ္ဖု၊ေျမနီေျမဝါ၊ ထေနာင္းေဆး၊တမာေဆး နဲ႕ ပင္ပန္းႀကီးစြာ ေရးဆြဲထားခဲ့တဲ့ အႏုပညာတရပ္ကေတာ့ ဓါတုမွင္ေတြစြန္းေပသြားခဲ့ၿပီ၊ ျပန္ခြ်တ္ရခက္ၿပီ၊ ပ်က္စီးသြားၿပီ၊ မလြယ္ေတာ့ဘူး၊ အမ်ိဳးသားအေမြအႏွစ္တခု မွင္စက္စြန္းသြားၿပီ။

ေမာင္တို႔ တသက္တာ ေနာင္တရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ေမာင္တို႔လုပ္ရပ္ရဲ႕ ဆိုးဂုဏ္ ကို ဦးနဲ႕အကြ်မ္းတဝင္ရွိတဲ့ ပုဂံဘုရားေတြနဲ႕ယွဥ္ၿပီး ဦး နည္းနည္းေျပာျပမယ္။

ေမာင္တို႔....... ပန္းခ်ီတခ်ပ္ရဖို႔ လူအာ႐ုံ စိတ္အာ႐ုံ ဘယ္ေလာက္ခက္ခဲလဲ ဆိုတာ ပန္းခ်ီ ဆြဲဖူးသူမွသိတာ။ ဒါေတာင္ ဒီေခတ္ဟာ ေဆး၊စကၠဴ၊စုတ္တံ၊ေရ အဆင္သင့္ရွိၿပီး ေရးတတ္ဖို႕ပညာ နဲ႕ အာ႐ုံ စိတ္ကူးေလာက္သာေမြးရတာ။

ပုဂံေခတ္က ေကာက္ေၾကာင္းပန္းခ်ီမ်ိဳးရဖို႔ဆိုတာ ႏွစ္ေပါင္းမ်ားစြာက်င့္ၾကၿပီး လက္အံေသမွ ရၾကတာ။ဒီေကာက္ေၾကာင္း ပန္းခ်ီကို ပုထိုးေတာ္ႀကီးေတြထဲက ဂံုးေတြ ေဒါင့္စြန္းေတြမွာ အခ်ိဳးက်က် ဆြဲႏိုင္ဖို႔ဆိုတာအျပင္မွာ ေလ့က်င့္ခန္း အထပ္ထပ္ ဆည္းပူးၿပီးမွ ေရးၾကရတာ။ ဒီေခတ္ ပန္းခ်ီသင္ရတာထက္ ပိုၾကာတယ္။

ေမာင္တို႔တက္ခဲ့တဲ့ ဒဂံုတကၠသိုလ္ ဘူမိေဗဒဘြဲ႕ရဖို႔ ကုန္ခဲ့တဲ့ သံုးႏွစ္ ေလးႏွစ္ကာလ ဆိုတာ ဟိုးပုဂံေခတ္ ပန္းခ်ီဆရာ စုတ္ေသြးသင္သေလာက္ ရွိမွာ။

ကဲ ေမာင္တို႔...ပုဂံေခတ္ ပန္းခ်ီအႏုပညာရွင္ တေယာက္ ပန္းခ်ီ တခ်ပ္ရဖို႔ ဘာလုပ္ရမလဲဆိုတာ ကို ျပန္စဥ္းစားၾကည့္ၾကစမ္း.... ဧရာဝတီျမစ္ထဲက ေရကိုပံုးနဲ႕ယူခဲ့ရမယ္...ေမာင္တို႔ ျခစ္ပစ္ခဲ့တဲ့ဘုရားကေန ေရရွိတဲ့ေနရာေရာက္ေအာင္ ေနပူပူထဲ တေခါေလာက္ေလ်ာက္ၾကည့္စမ္းပါဦး။ေဆးေရာင္ ေျမနီ၊ေျမဝါရဖို႔ ကမ္းစပ္က ေက်ာက္တုံး ထုေထာင္းၿပီး အေရာင္စုရမယ္၊အမည္းေရာင္ရေအာင္ ၾကပ္ခိုး ေဖ်ာ္ရမယ္၊ အေရာင္ခိုင္ေအာင္ သည္းေျခ နဲ႕စပ္ရမယ္၊အျဖဴရေအာင္ ထံုးႏုႏုဖြတ္ရမယ္၊ ထေနာင္း တမာေစး တက္ခူးရမယ္၊ နံရံ ကို ေခ်ာေအာင္ ပင္ပန္းတႀကီး ျပင္ရမယ္။ ၊ ျမင္းေမႊး ႏြားေမႊး စုတ္တံလုပ္ရမယ္။ ပန္းခ်ီပညာအတြက္ အႏုပညာေဖၚေဆာင္တဲ့ ဉာဏ အျပင္ ဗလ လည္းရွိမွ ဒီပန္းခ်ီတခ်ပ္ျဖစ္လာတာ။ ဒီေခတ္ဆရာေတြလို မလြယ္ဘူး။ ပညာအေပၚ ကႀကီးကေန အ အထိ အလံုးစံု လိုက္စားသူမွ ျဖစ္ႏိုင္တာ။ ပန္းခ်ီပညာတတ္တာနဲ႕ ျမတ္စြာဘုရား ဘဝျဖစ္စဥ္၊အေၾကာင္းအရာေလးနက္မႈ၊ တရားေတာ္၊ ေဟာတဲ့တရားေတာ္ဲ႕ေနာက္ခံေဒသ၊ ေနရာ၊အခ်ိန္၊ ပါတ္ဝန္းက်င္မွာရွိတဲ့ လူ၊နတ္ ျဗဗၼာပရိႆတ္၊သတၱဝါ၊ေယာက်ာၤးမိန္းမ၊ အစရွိတာေတြ အပ္က်မတ္က် သိေအာင္ ေရးတတ္ေအာင္ သင္ထားရေသးတယ္။ ပန္းခ်ီဆရာဟာ ဗုဒၶရာဇဝင္ ကို ရဟန္းတပါးေလာက္ ထိေအာင္ ကြ်မ္းက်င္ရတယ္။ ျဖစ္ေတာ္စဥ္ ဇာတ္ေတာ္တခုလံုးကို ေျခာက္လက္မ တကြက္နဲ႕ ေပၚလာေအာင္ခ်ံဳ႕ေရးတတ္တဲ့ပညာဟာ အံ့ၾသဖို႕ေကာင္းတယ္။

ဒီပန္းခ်ီေတြရဖို႕ ပန္းခ်ီေက်ာ္ေတြဟာ အေပၚတက္၊ မုဒ္ေပါက္၊ ဂုံးေပါက္၊ နံရံ မ်က္ႏွာၾကက္ေတြေပၚ ပက္လက္တဖံု ေမွာက္လ်က္တမ်ိဳး တက္ေရးခဲ့ၾကရတယ္။

ပန္းတပြင့္၊အပင္တပင္ရဲ႕ႏြယ္တက္ပံု၊သဘာဝ၊အရြက္အေနအထား၊ ပင္စည္၊အပင္ေပၚေနတဲ့သတၱဝါ ေဘးပါတ္ဝန္းက်င္ ၾသကာသေလာက ကအစ မွတ္သားရတယ္။

ကဲ ပုဂံေခတ္ ပန္းခ်ီဆရာအေၾကာင္း နည္းနည္း တီးမိေခါက္မိေရာေပါ့၊ ပန္းခ်ီဆြဲတဲ့ သူ႕ရဲ႕ စိတ္ေစတနာဟာ သာသနာျပန္႔ပြားပါေစ၊ အရွည္တည္တံ့ပါေစ၊ မသိသူသိပါေစ၊ ကုသိုလ္အထူးရၾကပါေစ ဆိုတဲ့ သာသနံစိရံတိ႒တု ေစတနာနဲ႕လည္း ေရးၾကတယ္။

ေခတ္ႏွစ္ ရာေပါင္းမ်ားစြာျဖတ္သန္းၿပီးတဲ့အခါ သမိုင္းပညာရွင္ေတြက ဒီပန္းခ်ီေတြၾကည့္ၿပီး အဲ့ဒီေခတ္က အဝတ္အထည္၊အသံုးအေဆာင္၊ အိမ္ပံု၊ေက်ာင္းပံု၊ ဇရပ္ပံု၊ လူဝတ္စားဆင္ယင္ပံု၊ ကပံု၊ သစ္ပင္၊ သတၱဝါ၊ငွက္၊ေကာက္ပဲသီးႏွံ၊ တူရိယာ၊စာေပ၊ယဥ္ေက်းမႈေတြၾကည့္ၿပီး ၎ ပုဂံေခတ္၌ ႏြားကိုအသံုးျပဳ၍ လယ္ထြန္ၾကသည္၊ ကံေကာ္ပင္၊ထန္းပင္၊ထေနာင္းပင္၊ဇီးပင္မ်ားေပါက္ေရာက္ေနၿပီး၊မင္းဝတ္တန္ဆာက ဤသို႔၊ လူဆင္းရဲက ဤသို႔၊လူခ်မ္းသာကဤသို႔၊ အမ်ိဳးသမီး ႀကီးလတ္ တို႕ရဲ႕ ဆံထံုးက ဤသို႔ဤပံု လို႔ခြဲျခား.... စာေပယဥ္ေက်းမႈ နဲ႕ ေပါင္းစပ္ၿပီး ျမန္မာျပည္သမိုင္းကို မွန္းဆပံုေဖၚၾကရတယ္။

ဒါဆို ေမာင္တို႔ ခဲတျခစ္ေဆာ့လိုက္တဲ့ နံရံေဆးေရး ပန္းခ်ီ တခု ျဖစ္ေပၚလာပံု၊ ဒီ နံရံေဆးေရးေရးခဲ့တဲ့ အႏုပညာဖန္တီးသူပန္းခ်ီပညာရွင္ ရဲ႕ ဒီပန္းခ်ီျဖစ္လာေအာင္ သင္ယူရတဲ့ အားထုတ္မႈ၊ လံုလဝီရိယ၊သူေပးခဲ့တဲ့ပန္းခ်ီရဲ႕အႏုပညာတန္ဖိုး၊ သူသယ္လာေပးတဲ့ သာသနာ၊ သူေျခရာခ်ေပးခဲ့တဲ့ သမိုင္းကြင္းဆက္ နည္းနည္းတီးမိေခါက္မိေရာ့ေပါ့။ ေခတ္သာကြာမယ္၊ဒီ ၫႊတ္စိတ္နဲ႕ ျမန္မာ့သမိုင္းကို သယ္ခဲ့ၾကတာ။ ေဆာ့ပင္နဲ႕ ေဆာ့ခဲ့ၾကတာမဟုတ္ဘူး။

ေမာင္တို႔ေဆာ့ပင္နဲ႕ျခစ္ခ်လိုက္တဲ့ စာတန္းေအာက္က ပ်က္စီးသြားတဲ့ ပန္းခ်ီတခ်ပ္ ျဖစ္ေပၚလာပံုေရးရင္ ကုန္မွာမဟုတ္ဘူး။ ဘယ္ေလာက္ႏွေမွ်ာဖို႔ေကာင္းလဲ?
ေမာင္တို႔ တသက္တာ ေနာင္တ ရေနေစခ်င္တယ္၊သူတပါးကို ကိုယ္လိုမျဖစ္ေအာင္ ပညာေပးႏိုင္ေစခ်င္တယ္။ ေဆာ့ပင္ နဲ႕ ေမာင္တို႔လို လက္ေဆာ့တဲ့လူေတြသာ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ရာေလာက္က ေပၚခဲ့ရင္ ဆရာႀကီးေဒါက္တာ သန္းထြန္းတို႔ ပုဂံေခတ္ကို ပံုေဖၚႏိုင္ခဲ့မယ္မထင္ဘူး။ဒါဆို ျမန္မာျပည္သမိုင္းလည္း ခုေလာက္မျပည့္စံုေတာ့ဘူး။

ဒါေၾကာင့္ ကမာၻမွာ အေမြအႏွစ္ တခုရဲ႕ တန္ဖိုးကိုသိလ်က္နဲ႕ ဖ်က္ဆီးရင္ အျပစ္ႀကီးတယ္။စစ္လက္နက္ကိုင္ေတြက အေမြအႏွစ္ကို ရည္ရြယ္ခ်က္ရွိရွိ ဖ်က္ဆီးရင္ ႏိုင္ငံတကာခံု႐ုံးအတင္ခံရတတ္တယ္။

အခု ဦးပါဝင္တဲ့ ေရွးေဟာင္းဥပေဒ ေရးဆြဲေရး ေကာ္မရွင္မွာ ေထာင္ဒါဏ္ သံုးႏွစ္ အထက္ ခ်လို႔ရတဲ့ျပစ္ဒါဏ္ေပးေပးပါ လို႔ ဦးေတာင္းဆိုထားတယ္။ အဲ့ဒီဥပေဒနဲ႕သာ မိခဲ့ရင္ ေမာင္တို႔ ပညာမတိုင္ခင္ေထာင္ထဲဝင္ၾကရမယ္၊မိဘေတြပူေဆြးၾကမယ္၊ ဘဝ ရည္ရြယ္သလို မျဖစ္ပဲ ကေသာင္းကနင္းျဖစ္ၾကမယ္။ ဘယ္ေလာက္အႏၲရာယ္မ်ားလဲ?

ေမာင္တို႔မိဘေတြက ေမာင္တို႔ကို မေမြးခဲ့ရင္ ဒီ ေဆးေရးပန္းခ်ီ ပ်က္စီးခဲ့မွာမဟုတ္ဘူး။ ေမာင္တို႔ကိုေမြးခဲ့တာ တိုင္းျပည္နစ္နာတယ္ လို႕ လူေတြမွတ္ယူကုန္မယ္။

ေမာင္တို႕တကၠသိုလ္ က ဆရာေတြက တန္ဖိုးႀကီး နံရံေဆးေရးပန္းခ်ီေတြ ကို ဘယ္မွာေတြ႕ေတြ႕ မကိုင္မထိဖို႔၊ ခ်စ္ျမတ္ႏိုးဖို႔ ခရီးမထြက္ခင္ သင္ေပးခဲ့ရင္ ဒီေဆးေရးပန္းခ်ီေတြ ပ်က္စီးမွာမဟုတ္ဘူး။ ေမာင္တို႕ဆရာေတြ ဆရာျဖစ္ေနတာလည္း တိုင္းျပည္နစ္နာတယ္။ ကဲ ခ်ဲ႕ေရးျပရင္ တို႔တႏိုင္ငံလံုးကလူေတြရွိေနလို႔ ဒီတိုင္းျပည္နစ္နာတယ္ ျဖစ္လာေတာ့မယ္။ ေတာ္ၿပီ။

ျပင္မရေတာ့ေပမဲ့ ေမာင္တို႔ေနာင္တဟာ တို႔တိုင္းျပည္တိုးတက္ဖို႔ အစ ျဖစ္ပါေစ လို႔ ဆုေတာင္းေပးပါတယ္။အထူးအေနနဲ႕ ေမာင္တို႕က ကိုယ့္ သားစဥ္ေျမးဆက္ေတြကို နံရံေဆးေရးပန္းခ်ီေတြေတြ႕ရင္ ၾကည့္ယံုသာၾကည့္.... ေယာင္လို႕ေတာင္ မတို႔မထိဖို႔ မွာခဲ့ၾကေပေတာ့...

Photo crd ; Thu Ya Aung

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္စြာမင္း (ပုဂံ)
# Unicode Version ျဖင့္ ဖတ္ပါ #
 မောင်တို့... Field Trip ဆင်းစဉ်ကာလ၊ လမ်းမှာ ဘုရားတွေပေါ်တက်ဆော့ယုံမက လက်ဆော့သွားတဲ့မှတ်တမ်း ဦး မြင်ရတယ်၊မြင်စိုင်းလို့မှတ်သားရပါတယ်၊ စိတ်ထဲမကောင်းဘူး၊ ဪ၊ ခေတ်ကာလ ကလေးတွေ ဒီတိုင်းပစ်ထားရင် အမွေအနှစ်တွေ ကုန်တော့မှာပဲ လို့ သက်ပြင်းချမိတယ်။ တာဝတိံသာ နတ်ရွာလော နတ်ရွာလော လို့ ရေးခဲ့တဲ့ သာယာလှတဲ့ မြင်စိုင်းလည်း graffiti တွေနဲ့ ဘရွတ်ကလင်းက လမ်းကြားလိုဖြစ်ပြီလို့ စိတ်မကောင်းဖြစ်မိတယ်။

နှစ်ရာ ပေါင်းများစွာက နံရံဆေးရေးပန်းချီတွေပေါ် ကျောင်း field trip ကို မှတ်တမ်းပြုသွားတဲ့ ကာယကံရှင် မောင်တို့ အမျိုးကောင်းသားတွေ အခုဆို အသက် ၂၈ နှစ်လောက်ရှိကြရောပေါ့။ လုပ်ငန်းတွေထဲ ဝင်နေကြလောက်ပြီ။အမည်ပါ တချို့လည်း နိုင်ငံရပ်ခြားတွေလည်းရောက်ဖူးတဲ့သူတွေ ဖြစ်နေကုန်ပြီ ။ ဖေ့ဘုတ်ပေါ်မှာလည်း အမျိုးကိုထိရင်ဘယ်လို၊ ပုဂံကို ထိရင် ဘယ်ညာ၊ အမျိုးသားအမွေအနှစ် ဘာညာ စပြီး လက်သီးလက်မောင်းတန်းနေလောက်ကြပြီ။အသိဉာဏ်တွေတိုးတက်လာပြီဆိုတော့ ဒီလုပ်ရပ်ကိုတွေးပြီး နောင်တ ရကြပြီလား? မေ့သွားပြီ... မမှတ်မိတော့ဘူးလား? ပုဂံက ဘုရားတွေမှာလည်း ဒီလို မှင်နဲ့ ဖျက်ဆီးသွားတာတွေ အများကြီးရှိတယ်။

မောင်တို့လုပ်ရပ်ကြောင့် သဘာဝ သစ်ဥ သစ်ဖု၊မြေနီမြေဝါ၊ ထနောင်းဆေး၊တမာဆေး နဲ့ ပင်ပန်းကြီးစွာ ရေးဆွဲထားခဲ့တဲ့ အနုပညာတရပ်ကတော့ ဓါတုမှင်တွေစွန်းပေသွားခဲ့ပြီ၊ ပြန်ချွတ်ရခက်ပြီ၊ ပျက်စီးသွားပြီ၊ မလွယ်တော့ဘူး၊ အမျိုးသားအမွေအနှစ်တခု မှင်စက်စွန်းသွားပြီ။

မောင်တို့ တသက်တာ နောင်တရသည်ဖြစ်စေ မရသည်ဖြစ်စေ မောင်တို့လုပ်ရပ်ရဲ့ ဆိုးဂုဏ် ကို ဦးနဲ့အကျွမ်းတဝင်ရှိတဲ့ ပုဂံဘုရားတွေနဲ့ယှဉ်ပြီး ဦး နည်းနည်းပြောပြမယ်။

မောင်တို့....... ပန်းချီတချပ်ရဖို့ လူအာရုံ စိတ်အာရုံ ဘယ်လောက်ခက်ခဲလဲ ဆိုတာ ပန်းချီ ဆွဲဖူးသူမှသိတာ။ ဒါတောင် ဒီခေတ်ဟာ ဆေး၊စက္ကူ၊စုတ်တံ၊ရေ အဆင်သင့်ရှိပြီး ရေးတတ်ဖို့ပညာ နဲ့ အာရုံ စိတ်ကူးလောက်သာမွေးရတာ။

ပုဂံခေတ်က ကောက်ကြောင်းပန်းချီမျိုးရဖို့ဆိုတာ နှစ်ပေါင်းများစွာကျင့်ကြပြီး လက်အံသေမှ ရကြတာ။ဒီကောက်ကြောင်း ပန်းချီကို ပုထိုးတော်ကြီးတွေထဲက ဂုံးတွေ ဒေါင့်စွန်းတွေမှာ အချိုးကျကျ ဆွဲနိုင်ဖို့ဆိုတာအပြင်မှာ လေ့ကျင့်ခန်း အထပ်ထပ် ဆည်းပူးပြီးမှ ရေးကြရတာ။ ဒီခေတ် ပန်းချီသင်ရတာထက် ပိုကြာတယ်။

မောင်တို့တက်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ဘူမိဗေဒဘွဲ့ရဖို့ ကုန်ခဲ့တဲ့ သုံးနှစ် လေးနှစ်ကာလ ဆိုတာ ဟိုးပုဂံခေတ် ပန်းချီဆရာ စုတ်သွေးသင်သလောက် ရှိမှာ။

ကဲ မောင်တို့...ပုဂံခေတ် ပန်းချီအနုပညာရှင် တယောက် ပန်းချီ တချပ်ရဖို့ ဘာလုပ်ရမလဲဆိုတာ ကို ပြန်စဉ်းစားကြည့်ကြစမ်း.... ဧရာဝတီမြစ်ထဲက ရေကိုပုံးနဲ့ယူခဲ့ရမယ်...မောင်တို့ ခြစ်ပစ်ခဲ့တဲ့ဘုရားကနေ ရေရှိတဲ့နေရာရောက်အောင် နေပူပူထဲ တခေါလောက်လျောက်ကြည့်စမ်းပါဦး။ဆေးရောင် မြေနီ၊မြေဝါရဖို့ ကမ်းစပ်က ကျောက်တုံး ထုထောင်းပြီး အရောင်စုရမယ်၊အမည်းရောင်ရအောင် ကြပ်ခိုး ဖျော်ရမယ်၊ အရောင်ခိုင်အောင် သည်းခြေ နဲ့စပ်ရမယ်၊အဖြူရအောင် ထုံးနုနုဖွတ်ရမယ်၊ ထနောင်း တမာစေး တက်ခူးရမယ်၊ နံရံ ကို ချောအောင် ပင်ပန်းတကြီး ပြင်ရမယ်။ ၊ မြင်းမွှေး နွားမွှေး စုတ်တံလုပ်ရမယ်။ ပန်းချီပညာအတွက် အနုပညာဖေါ်ဆောင်တဲ့ ဉာဏ အပြင် ဗလ လည်းရှိမှ ဒီပန်းချီတချပ်ဖြစ်လာတာ။ ဒီခေတ်ဆရာတွေလို မလွယ်ဘူး။ ပညာအပေါ် ကကြီးကနေ အ အထိ အလုံးစုံ လိုက်စားသူမှ ဖြစ်နိုင်တာ။ ပန်းချီပညာတတ်တာနဲ့ မြတ်စွာဘုရား ဘဝဖြစ်စဉ်၊အကြောင်းအရာလေးနက်မှု၊ တရားတော်၊ ဟောတဲ့တရားတော်ဲ့နောက်ခံဒေသ၊ နေရာ၊အချိန်၊ ပါတ်ဝန်းကျင်မှာရှိတဲ့ လူ၊နတ် ဗြဗ္မာပရိဿတ်၊သတ္တဝါ၊ယောကျာၤးမိန်းမ၊ အစရှိတာတွေ အပ်ကျမတ်ကျ သိအောင် ရေးတတ်အောင် သင်ထားရသေးတယ်။ ပန်းချီဆရာဟာ ဗုဒ္ဓရာဇဝင် ကို ရဟန်းတပါးလောက် ထိအောင် ကျွမ်းကျင်ရတယ်။ ဖြစ်တော်စဉ် ဇာတ်တော်တခုလုံးကို ခြောက်လက်မ တကွက်နဲ့ ပေါ်လာအောင်ချုံ့ရေးတတ်တဲ့ပညာဟာ အံ့သြဖို့ကောင်းတယ်။

ဒီပန်းချီတွေရဖို့ ပန်းချီကျော်တွေဟာ အပေါ်တက်၊ မုဒ်ပေါက်၊ ဂုံးပေါက်၊ နံရံ မျက်နှာကြက်တွေပေါ် ပက်လက်တဖုံ မှောက်လျက်တမျိုး တက်ရေးခဲ့ကြရတယ်။

ပန်းတပွင့်၊အပင်တပင်ရဲ့နွယ်တက်ပုံ၊သဘာဝ၊အရွက်အနေအထား၊ ပင်စည်၊အပင်ပေါ်နေတဲ့သတ္တဝါ ဘေးပါတ်ဝန်းကျင် သြကာသလောက ကအစ မှတ်သားရတယ်။

ကဲ ပုဂံခေတ် ပန်းချီဆရာအကြောင်း နည်းနည်း တီးမိခေါက်မိရောပေါ့၊ ပန်းချီဆွဲတဲ့ သူ့ရဲ့ စိတ်စေတနာဟာ သာသနာပြန့်ပွားပါစေ၊ အရှည်တည်တံ့ပါစေ၊ မသိသူသိပါစေ၊ ကုသိုလ်အထူးရကြပါစေ ဆိုတဲ့ သာသနံစိရံတိဋ္ဌတု စေတနာနဲ့လည်း ရေးကြတယ်။

ခေတ်နှစ် ရာပေါင်းများစွာဖြတ်သန်းပြီးတဲ့အခါ သမိုင်းပညာရှင်တွေက ဒီပန်းချီတွေကြည့်ပြီး အဲ့ဒီခေတ်က အဝတ်အထည်၊အသုံးအဆောင်၊ အိမ်ပုံ၊ကျောင်းပုံ၊ ဇရပ်ပုံ၊ လူဝတ်စားဆင်ယင်ပုံ၊ ကပုံ၊ သစ်ပင်၊ သတ္တဝါ၊ငှက်၊ကောက်ပဲသီးနှံ၊ တူရိယာ၊စာပေ၊ယဉ်ကျေးမှုတွေကြည့်ပြီး ၎င်း ပုဂံခေတ်၌ နွားကိုအသုံးပြု၍ လယ်ထွန်ကြသည်၊ ကံကော်ပင်၊ထန်းပင်၊ထနောင်းပင်၊ဇီးပင်များပေါက်ရောက်နေပြီး၊မင်းဝတ်တန်ဆာက ဤသို့၊ လူဆင်းရဲက ဤသို့၊လူချမ်းသာကဤသို့၊ အမျိုးသမီး ကြီးလတ် တို့ရဲ့ ဆံထုံးက ဤသို့ဤပုံ လို့ခွဲခြား.... စာပေယဉ်ကျေးမှု နဲ့ ပေါင်းစပ်ပြီး မြန်မာပြည်သမိုင်းကို မှန်းဆပုံဖေါ်ကြရတယ်။

ဒါဆို မောင်တို့ ခဲတခြစ်ဆော့လိုက်တဲ့ နံရံဆေးရေး ပန်းချီ တခု ဖြစ်ပေါ်လာပုံ၊ ဒီ နံရံဆေးရေးရေးခဲ့တဲ့ အနုပညာဖန်တီးသူပန်းချီပညာရှင် ရဲ့ ဒီပန်းချီဖြစ်လာအောင် သင်ယူရတဲ့ အားထုတ်မှု၊ လုံလဝီရိယ၊သူပေးခဲ့တဲ့ပန်းချီရဲ့အနုပညာတန်ဖိုး၊ သူသယ်လာပေးတဲ့ သာသနာ၊ သူခြေရာချပေးခဲ့တဲ့ သမိုင်းကွင်းဆက် နည်းနည်းတီးမိခေါက်မိရော့ပေါ့။ ခေတ်သာကွာမယ်၊ဒီ ညွှတ်စိတ်နဲ့ မြန်မာ့သမိုင်းကို သယ်ခဲ့ကြတာ။ ဆော့ပင်နဲ့ ဆော့ခဲ့ကြတာမဟုတ်ဘူး။

မောင်တို့ဆော့ပင်နဲ့ခြစ်ချလိုက်တဲ့ စာတန်းအောက်က ပျက်စီးသွားတဲ့ ပန်းချီတချပ် ဖြစ်ပေါ်လာပုံရေးရင် ကုန်မှာမဟုတ်ဘူး။ ဘယ်လောက်နှမျှောဖို့ကောင်းလဲ?
မောင်တို့ တသက်တာ နောင်တ ရနေစေချင်တယ်၊သူတပါးကို ကိုယ်လိုမဖြစ်အောင် ပညာပေးနိုင်စေချင်တယ်။ ဆော့ပင် နဲ့ မောင်တို့လို လက်ဆော့တဲ့လူတွေသာ လွန်ခဲ့တဲ့ နှစ် နှစ်ရာလောက်က ပေါ်ခဲ့ရင် ဆရာကြီးဒေါက်တာ သန်းထွန်းတို့ ပုဂံခေတ်ကို ပုံဖေါ်နိုင်ခဲ့မယ်မထင်ဘူး။ဒါဆို မြန်မာပြည်သမိုင်းလည်း ခုလောက်မပြည့်စုံတော့ဘူး။

ဒါကြောင့် ကမ္ဘာမှာ အမွေအနှစ် တခုရဲ့ တန်ဖိုးကိုသိလျက်နဲ့ ဖျက်ဆီးရင် အပြစ်ကြီးတယ်။စစ်လက်နက်ကိုင်တွေက အမွေအနှစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရင် နိုင်ငံတကာခုံရုံးအတင်ခံရတတ်တယ်။

အခု ဦးပါဝင်တဲ့ ရှေးဟောင်းဥပဒေ ရေးဆွဲရေး ကော်မရှင်မှာ ထောင်ဒါဏ် သုံးနှစ် အထက် ချလို့ရတဲ့ပြစ်ဒါဏ်ပေးပေးပါ လို့ ဦးတောင်းဆိုထားတယ်။ အဲ့ဒီဥပဒေနဲ့သာ မိခဲ့ရင် မောင်တို့ ပညာမတိုင်ခင်ထောင်ထဲဝင်ကြရမယ်၊မိဘတွေပူဆွေးကြမယ်၊ ဘဝ ရည်ရွယ်သလို မဖြစ်ပဲ ကသောင်းကနင်းဖြစ်ကြမယ်။ ဘယ်လောက်အန္တရာယ်များလဲ?

မောင်တို့မိဘတွေက မောင်တို့ကို မမွေးခဲ့ရင် ဒီ ဆေးရေးပန်းချီ ပျက်စီးခဲ့မှာမဟုတ်ဘူး။ မောင်တို့ကိုမွေးခဲ့တာ တိုင်းပြည်နစ်နာတယ် လို့ လူတွေမှတ်ယူကုန်မယ်။

မောင်တို့တက္ကသိုလ် က ဆရာတွေက တန်ဖိုးကြီး နံရံဆေးရေးပန်းချီတွေ ကို ဘယ်မှာတွေ့တွေ့ မကိုင်မထိဖို့၊ ချစ်မြတ်နိုးဖို့ ခရီးမထွက်ခင် သင်ပေးခဲ့ရင် ဒီဆေးရေးပန်းချီတွေ ပျက်စီးမှာမဟုတ်ဘူး။ မောင်တို့ဆရာတွေ ဆရာဖြစ်နေတာလည်း တိုင်းပြည်နစ်နာတယ်။ ကဲ ချဲ့ရေးပြရင် တို့တနိုင်ငံလုံးကလူတွေရှိနေလို့ ဒီတိုင်းပြည်နစ်နာတယ် ဖြစ်လာတော့မယ်။ တော်ပြီ။

ပြင်မရတော့ပေမဲ့ မောင်တို့နောင်တဟာ တို့တိုင်းပြည်တိုးတက်ဖို့ အစ ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။အထူးအနေနဲ့ မောင်တို့က ကိုယ့် သားစဉ်မြေးဆက်တွေကို နံရံဆေးရေးပန်းချီတွေတွေ့ရင် ကြည့်ယုံသာကြည့်.... ယောင်လို့တောင် မတို့မထိဖို့ မှာခဲ့ကြပေတော့...

Photo crd ; Thu Ya Aung

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်စွာမင်း (ပုဂံ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top