(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


G-Fatt ဟာ ဖခင္ျဖစ္သူအတြက္ ပထမဆုံးအႀကိမ္ ရဟန္းခံေပးျဖစ္တဲ့ ပီတိစကားေတြကုိ ရင္ဖြင့္ေျပာျပလာပါတယ္။ အဲ့ဒီေနာက္ မိဘေတြကုိ စိတ္ခ်မ္းသာေအာင္ ထားခ်င္တဲ့ သူ႔ရဲ႕ ဆႏၵကုိလည္း အခုလုိ ေျပာျပလာပါတယ္။

အဆုိေတာ္ G Fatt တစ္ေယာက္ ဖခင္ျဖစ္သူ အတြက္ ဝမ္းသာမဆုံးျဖစ္ေနတဲ့ ပီတိစကားကုိ အခုလုိ ရင္ဖြင့္ေျပာျပလာပါတယ္။ G-Fatt ဟာ အခုခ်ိန္မွာ ေအာင္ျမင္တဲ့ အဆုိေတာ္ တစ္ေယာက္လည္း ျဖစ္သလုိ မိသားစုအေပၚမွာလည္း သိတတ္လိမၼာတဲ့ သားတစ္ေယာက္ျဖစ္ပါတယ္။

''အေဖ့ဘဝမွာ ပထမဆံုး ရဟန္းခံ ျခင္းပဲ။ သားတစ္သက္လံုး ျမင္ခ်င္ခဲ့တဲ့ သဃၤန္းဝတ္နဲ႔ အေဖ့ကို ျမင္ခြင့္ရခဲ့ၿပီ ေက်းဇူးပါအေဖ'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၆ ရက္ေန႔ မနက္ ၉ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဖခင္ျဖစ္သူရဲ႕ သကၤန္းဝတ္ နဲ႔ အမွတ္တရ ပုံကုိလည္း တင္ခဲ့ပါေသးတယ္။

အဲ့ဒီေနာက္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ အတြင္းမွာ က်ေရာက္ခဲ့တဲ့ မိခင္ျဖစ္သူရဲ႔ ေမြးေန႔ မွာလည္း သူ႔ရင္ထဲက အတုိင္း ဆုေတာင္းစကား ေတြ ေျပာျပခဲ့ပါေသးတယ္။

'' '' မႏွစ္က ေမြးေန႔မွာ မံုရြာ ကဘုရားေတြ အတူတူဖူးၿပီး ဒီႏွစ္ေမြးေန႔ေတာ့ သားတစ္ေယာက္တည္း မံုရြာ ေရာက္ေနေပါ့။  ေမႀကီး ေဖႀကီးနဲ႕ အတူတူ အသက္ရွည္က်န္းမာၿပီး စိတ္ခ်မ္းသာပါေစ။ ေမႀကီး စိတ္ဆင္းရဲမဲ့အရာ ေတြ အပူအပင္ေတြ အနည္းဆံုးျဖစ္ေအာင္ သားအတက္ ႏိုင္ ဆံုးႀကိဳးစားပါ့မယ္ လို႕ကတိေပးရင္း  Happy Birthday ပါေမႀကီး'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၃ ရက္ေန႔ မနက္ ၁၀နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ ဘြတ္မွာ ေရးသားခဲ့ပါတယ္။

G Fattဟာ ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာ ရိႈးပြဲေတြ ဆက္တုိက္ဆိုျဖစ္ေနတဲ့ G Fatt က တစ္ကိုယ္ေတာ္ အေခြျဖစ္တဲ့ 120/B ဆုိတဲ့ အေခြကုိ ေနာက္ဆုံးထြက္ရွိထားပါတယ္။ လက္ရွိမွာလည္း သူ႔ရဲ႕ ခ်စ္သူေလး နန္းဆုရတီစုိးနဲ႔ အတူ ဂီတအလုပ္ေတြ လုပ္ေနတာကုိ ေတြ႔ရပါတယ္။

ပရိသတ္ေတြ အားက်ၿပီး ခ်စ္စရာေကာင္းတဲ့ သူတုိ႕စုံတြဲဟာ တစ္ေယာက္ရဲ႕အားနည္းခ်က္ကုိ တစ္ေယာက္က နားလည္ၿပီးေတာ့ အားသ ာခ်က္ အျဖစ္ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႕ Relationship တစ္ခုကို တည္ေဆာက္ထားတာပါ။ ဒါေပမယ့္လည္း နန္းဆုက G Fatt ရဲ႕ (၂၄)နာရီ အခ်ိန္အျပည့္ သဝန္တိုတာကိုေတာ့ ခံရတယ္လို႕ အင္တာဗ်ဴးေတြမွာ ေျဖဆုိဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun


#Unicode Version#

G-Fatt ဟာ ဖခင်ဖြစ်သူအတွက် ပထမဆုံးအကြိမ် ရဟန်းခံပေးဖြစ်တဲ့ ပီတိစကားတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အဲ့ဒီနောက် မိဘတွေကို စိတ်ချမ်းသာအောင် ထားချင်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း အခုလို ပြောပြလာပါတယ်။

အဆိုတော် G Fatt တစ်ယောက် ဖခင်ဖြစ်သူ အတွက် ဝမ်းသာမဆုံးဖြစ်နေတဲ့ ပီတိစကားကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ G-Fatt ဟာ အခုချိန်မှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်သလို မိသားစုအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်ပါတယ်။

''အဖေ့ဘဝမှာ ပထမဆုံး ရဟန်းခံ ခြင်းပဲ။ သားတစ်သက်လုံး မြင်ချင်ခဲ့တဲ့ သင်္ဃန်းဝတ်နဲ့ အဖေ့ကို မြင်ခွင့်ရခဲ့ပြီ ကျေးဇူးပါအဖေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူရဲ့ သင်္ကန်းဝတ် နဲ့ အမှတ်တရ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းမှာ ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ မှာလည်း သူ့ရင်ထဲက အတိုင်း ဆုတောင်းစကား တွေ ပြောပြခဲ့ပါသေးတယ်။

'' '' မနှစ်က မွေးနေ့မှာ မုံရွာ ကဘုရားတွေ အတူတူဖူးပြီး ဒီနှစ်မွေးနေ့တော့ သားတစ်ယောက်တည်း မုံရွာ ရောက်နေပေါ့။  မေကြီး ဖေကြီးနဲ့ အတူတူ အသက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာပါစေ။ မေကြီး စိတ်ဆင်းရဲမဲ့အရာ တွေ အပူအပင်တွေ အနည်းဆုံးဖြစ်အောင် သားအတက် နိုင် ဆုံးကြိုးစားပါ့မယ် လို့ကတိပေးရင်း  Happy Birthday ပါမေကြီး'' ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ် ဘွတ်မှာ ရေးသားခဲ့ပါတယ်။

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးနဲ့ အတူ ဂီတအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသ ာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီ အချိန်အပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top