


Credit: burmese

# Unicode Version ဖြင့် ဖတ်ပါ #

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကိုကို တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းကတော့မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေကိုများစွာ ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ငယ်စဉ်အချိန်ကတည်းက အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ စိုင်းစိုင်းကတော့ ယခုချိန်ထိသူများတဲ့ မတူတဲ့creationတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ကြွေယူနိုင်တဲ့ သူပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိအချစ်ရေးမှာ တည်ငြိမ်နေတဲ့ စိုင်းစိုင်းကတစ်ယောက်ထဲ အလုပ်တွေနဲ့ ပရိသတ်တွေကြားမှာ အချိန်တွေနှစ်မြုပ်ထားသူတစ်ဦးဖြစ်ပါတယ်။ တစ်ချိန်က အရမ်းကိုချစ်ခဲ့ကြတဲ့ ရွှေကစ်လေးနဲ့စိုင်းစိုင်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပေမဲ့ ယခုချိန်မှာတော့ အလုပ်တွေကိုယ်စီနဲ့ ကိုယ့်ဘဝလမ်းကို ကိုယ်လျှောက်လှမ်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

တစ်ယောက်ထဲ အမြဲအထီးကျန်နေတတ်တဲ့ စိုင်းစိုင်းက နှုတ်ခမ်းနီမလေးတွေကြွေလောက်အောင် အချစ်နဲ့ပတ်သတ်ပြီး Feelတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူပါနော်။ယခုလည်းအမြဲတမ်း အချစ်နဲ့ပတ်သတ်တဲ့ စာလေးတွေတင်ဖြစ်တယ်ဆိုပေမဲ့ ယခုတစ်ခေါက်တင်လိုက်တဲ့ စာလေးကြောင့် ပရိသတ်တွေကတော့ရွှေကစ်လေးရဲ့ ပုံကိုပြောထားတာဆိုပြီး ပရိသတ်တွေကထင်ကြေး ဝိုင်းပေးနေကြပါတယ်။ကစ်ရဲ့ခရစ်စမတ်ညလေးမှာရိုက်ထားတဲ့ပုံလေးတွေတက်လာပြီမကြာခင်မှာပဲစိုင်းစိုင်းရဲ့စာမျက်နှာမှာ ” ခေါင်းကိုမော့ကာ သူ့ဆံပင်လေးတင်သပ်လိုက်တာကိုက ဆွဲဆောင်မှုတစ်ခုလေလား ချစ်အသည်းကျော်မလေးရေ…” ဆိုတဲ့ စာလေးကို တင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေကစ်လေးနဲ့ ပြန်တွဲမယ်ဆို သဘောတူရဲ့လား…။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top