ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: နာမည်ကြီး
# Unicode Version ဖြင့် ဖတ်ပါ #
Beauty Blogger နေခြည်ဦးဆိုတဲ့ အခိုက်အတန့်ကနေ လက်ရှိမှာတော့ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနေပြီဖြစ်တဲ့ ချီချီကတော့ အနုပညာနယ်ပယ်မှာလည်း အောင်မြင်နေတာကို တွေ့ရပါတယ်။ နေခြည်ဦးကတော့ သူပထမဆုံးပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်ရုံတင်တော့မှာ ဖြစ်ပြီးနောက်ပိုင်းမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက် လုပ်ကိုင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူ့ကိုရိုက်ဖို့ ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာမှ သူ့ရဲ့ရည်စားဟောင်း မင်းသားချော အောင်ရဲလင်းနဲ့ တွဲပြီးတော့ ရိုက်ရမယ့် ဇာတ်လမ်းလည်းရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နေခြည်ဦးကတော့ အောင်ရဲလင်းနဲ့ တွဲရိုက်ရမယ့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောကြားသွားခဲ့ပါတယ်။
နေခြည်ဦးကတော့ Sunday နဲ့ အင်တာဗျူးတွင် “ကိုအောင်ရဲလင်းနဲ့ ရိုက်မယ့်ကားကလည်း နေခြည်တိ့ုက သေချာမသိသေးတာပါ။ နေခြည့်ကိုတော့ ရိုက်ဖို့ပြောထားတယ်။ နေခြည်ကလည်း ရိုက်မယ်လို့ ပြောထားတယ်။ နေခြည့်ကိုပြောထားတဲ့ဇာတ်လမ်းလေးကိုတော့ နေခြည်ကြိုက်တယ်။ ဇာတ်လမ်းအပြောင်းလဲလေးရှိရင်တော့ နေခြည်ဇာတ်ညွှန်းကို တချက်ပြန်ပြီးတော့ ဖတ်ရဦးမှာပေါ့။ သူနဲ့ ရိုက်ဖို့အတွက် နေခြည့်ဖက်ကတော့ အေးဆေးပဲ။ သူ့ဖက်ကလည်း အေးဆေးပဲလို့ နေခြည်ကြားတယ်။ ဒါပေမယ့်လည်း အဓိကကတော့ ဇာတ်ညွှန်းက အတည်မပြုရသေးတာပါ”
ရည်စားဟောင်းနဲ့ရိုက်ရမယ့် ခံစားချက်နဲ့ ပတ်သက်ပြီး နေခြည်ဦးကတော့ “အစကတော့ လန့်တယ်။ ဘာလို့လန့်လဲဆိုတော့ ကိုယ့် Ex နဲ့တွေ့ရမှာကို ပြီးတော့ ဒါကသူ့နယ်ပယ်လေ။ နေခြည်နဲ့ကြိုက်နေတုန်းက နေခြည်က မင်းသမီးမှ မဟုတ်တာ။ အခုဖြစ်လာပြီဆိုတော့ ဘာပဲဖြစ်ဖြစ်လန့်တာပေါ့နော်။ လန့်တယ်ဆိုတာကလည်း သူကိုယ့်ကို ဘာတွေများချေမလဲဆိုပြီးတော့ လန့်တာမဟုတ်ပါဘူး။ ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်ပေါ့နော်။ ကိုယ်တွေက ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ ထင်ထားတဲ့လူနဲ့ ပြန်တွေ့ရမှာဆိုတော့ နေခြည်ဖက်က လန့်တယ်။
ဒါပေမယ့်လည်း တွေ့ခဲ့ရင်လည်း နေခြည်တို့က အကြီးအကျယ်ဝုန်းမှာပဲ။ ဝုန်းမယ်ဆိုတာက ကြိုးစားမှာကို ပြောတာပါ။ ပရိသတ်အတွက်ကလည်း ဒီသတင်းထွက်တာနဲ့ကို တန်တယ်လေ။ ဘာတွေဖြစ်ဦးမှာလဲ။ Ex တွေတွေ့ကြပြီဆိုတော့ ပရိုဂျူဆာတွေအတွက်ကလည်း တွက်ချေကိုက်တယ်။ နေခြည်တို့အတွက်ကလည်း ကောင်းတယ်လေ။ ဇာတ်လမ်းသာ ကောင်းတယ်ဆိုရင်တော့ နေခြည်တိ့ုက ရိုက်မှာပဲ” ဟု ပြောကြားသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top