ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




source - Mic

# Unicode Version ဖြင့် ဖတ်ပါ #
ယနေ့လူငယ်တော်တော်များများကြားထဲမှာ ရေပန်းစားလာတာကတော့ E-Cigaratte လို့ခေါ်တဲ့ စီးကရက်နေရာမှာ ဒါကို အစားထိုးအသုံးပြုပြီး သောက်သုံးလာကြတာပဲဖြစ်ပါတယ်၊ လူကို ရောဂါရစေတဲ့စီးကရက်အစား E-Cigarette တွေကို တော်တော်များများက သောက်သုံးလာကြတာပဲ ဖြစ်ပါတယ်။ စီးကရက်ဖြတ်ချင်လို့ သောက်သုံးတဲ့လူတွေရှိသလို တချို့ကလည်း အပျော်သဘောနဲ့ စမ်းသပ်သောက်သုံးကြပါတယ် ၊ တချို့ကလည်း ရောင်စုံအငွေ့လေးတွေ ကို ပုံဖော်ပြီး စမ်းသပ်ချင်တဲ့အတွက် သောက်သုံးကြပါတယ်။

အခုလည်း ကနေဒါနိုင်ငံက လူငယ်လေးတစ်ဦးက  E-Cigarette ကို သောက်သုံးပြီး အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူကတော့ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ty Green ပဲဖြစ်ပါတယ် ။ Ty Green ဟာ E-Cigarette ကိုသောက်သုံးနေတဲ့အချိန်မှာ ထပေါက်ခဲ့တာကြောင့် သူ့မျက်နှာမှာ မီးလောင်ကျွမ်းတဲ့ ဒဏ်ရာကြီးရရှိခဲ့တာပဲဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပေမယ့် သူ့မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့သလို သွားတွေလည်း ကျိုးသွားခဲ့တာပဲဖြစ်ပါတယ်နော် (ကဲ  စမ်းသပ်ချင်နေတဲ့လူတွေလည်း သတိထားသင့်ပါတယ်နော်)

ဒီပေါက်ကွဲမှု့ကြောင့် အချိန်ကြာမြင့်စွာ ဆေးရုံတက်ခဲ့ရတဲ့ Ty Green ဟာ မှန်ကြည့်တိုင်း ဒီဖြစ်ရပ်ဆိုးကြီးကို မမေ့နိုင်ဖြစ်ခဲ့ရပါတယ်တဲ့ ။ ကဲ ဘယ်အရာမဆို သတိထားတော့ ကိုယ့်အတွက် ကောင်းတာပေါ့နော်

source - Mic

ဖိုးသူတော် (www.phothutaw.com)

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top