ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


သာမန္လူေတြက နာမည္ႀကီး မင္းသား မင္းသမီးေတြကို ႀကိဳက္ၾကတာ သဘာဝပါပဲ။ ဒါေပမဲ့ သင္ႀကိဳက္တဲ့ မင္းသား၊ မင္းသမီးေတြမွာလည္း သူတို႔ ႏွစ္သက္တဲ့ Celebrity Crush ေတြ ရွိတယ္လို႔ ဖြင့္ဟထားတာမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ ကမာၻေက်ာ္ေတြ ေျပာျပတဲ့ သူတို႔ရဲ႕ Crush ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Emma Watson


ဟယ္ရီေပၚတာ ဇာတ္လမ္းေတြနဲ႔ တကမာၻလုံးရဲ႕ ႏွလုံးသားကို သိမ္းပိုက္ခဲ့တဲ့ မင္းသမီး Emma Watson ဟာ ဟယ္ရီေပၚတာ ဇာတ္ကားထဲက Draco ေနရာမွာ သ႐ုပ္ေဆာင္တဲ့ မင္းသား Tom Felton ကို Crush ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဟယ္ရီေပၚတာ ဇာတ္ကား စတင္႐ိုက္ကူးတဲ့ အခ်ိန္က စလို႔ ၃ ႏွစ္ေလာက္ထိ Tom ကို Emma က Crush ခဲ့ၿပီး Tom ဟာ သူမရဲ႕ ပထမဆုံး Crush ျဖစ္ခဲ့တယ္လို႔ အင္တာဗ်ဴးတခုမွာ ေျဖဆိုခဲ့ပါတယ္။

(၂) Adam Rippon


အိုလံပစ္ အားကစားသမားတဦး ျဖစ္သူ Adam Rippon ကေတာ့ ၂၀၁၈ ခုႏွစ္ မတ္လမွာ ျပဳလုပ္ခဲ့တဲ့ Talk Show တခုမွာ Shawn Mandes ကို Crush ေနတယ္လို႔ ေျပာခဲ့ပါတယ္။ အရင္ကေတာ့ One Direction အဖြဲ႕ဝင္ တေယာက္ျဖစ္တဲ့ Harry Styles ကို ႀကိဳက္ခဲ့ေပမယ့္ အခုေတာ့ အဆိုေတာ္ Shawn Mades ကို အရမ္း Crush ေနတယ္လို႔ ေျဖဆိုခဲ့ပါတယ္။

(၃) Cole Sprouse


ငယ္ငယ္ကတည္းက သ႐ုပ္ေဆာင္လုပ္ခဲ့တဲ့ မင္းသား Cole Sprouse ကေတာ့ သူ ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Friends ဇာတ္ကားထဲက မင္းသမီး Janifer Aniston ကို Crush ခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၇ ခုႏွစ္က အင္တာဗ်ဴး တခုကို ေျဖတဲ့ အခ်ိန္မွာ “သူမက အရမ္းလွတယ္။ က်ေနာ္ေျပာရမယ့္ ဒိုင္ယာေလာ့ဂ္ေတြကိုေတာင္ ေမ့သြားတဲ့ အထိပါပဲ။ က်ေနာ့္ေခါင္းထဲမွာ ဗလာက်င္းသြားတယ္”လို႔ ေျဖခဲ့ပါတယ္။ အမွန္တကယ္ေတာ့ Friends ဇာတ္လမ္းတြဲကို ႐ိုက္ကူးတဲ့ အခ်ိန္မွာ မင္းသား Cole ဟာ အသက္ ၆ ႏွစ္သာ ရွိပါေသးတယ္။ မင္းသမီး Janifer Aniston ကေတာ့ အသက္ ၃၀ နား ကပ္ေနပါၿပီ။

(၄) Dylan O’Brien


ဆယ္ေက်ာ္သက္ေတြရဲ႕ အသည္းစြဲမင္းသား Dylan O’Brien ကေတာ့ မင္းသမီး Chloë Moretz ကို အရမ္း Crush ခဲ့တယ္လို႔ ဆိုပါတယ္။ Kick Ass ဇာတ္ကားမွာ သူမရဲ႕ သ႐ုပ္ေဆာင္ပုံေတြကို အရမ္းႀကိဳက္ခဲ့ပါတယ္လို႔ Hollywire ကို ေျဖခဲ့ၿပီး အဲဒီအခ်ိန္မွာ Dylan က ၁၉ ႏွစ္၊ Chloe က ၁၄ ႏွစ္ပါ။ ၂၀၁၈ ခုႏွစ္မွာေတာ့ သူတို႔ ႏွစ္ေယာက္ စုံတြဲခုတ္ေနတာကို ပရိသတ္အခ်ိဳ႕က ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

သာမန်လူတွေက နာမည်ကြီး မင်းသား မင်းသမီးတွေကို ကြိုက်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သင်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေမှာလည်း သူတို့ နှစ်သက်တဲ့ Celebrity Crush တွေ ရှိတယ်လို့ ဖွင့်ဟထားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာကျော်တွေ ပြောပြတဲ့ သူတို့ရဲ့ Crush တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Emma Watson

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေနဲ့ တကမ္ဘာလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီး Emma Watson ဟာ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက Draco နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Tom Felton ကို Crush ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကား စတင်ရိုက်ကူးတဲ့ အချိန်က စလို့ ၃ နှစ်လောက်ထိ Tom ကို Emma က Crush ခဲ့ပြီး Tom ဟာ သူမရဲ့ ပထမဆုံး Crush ဖြစ်ခဲ့တယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။

(၂) Adam Rippon

အိုလံပစ် အားကစားသမားတဦး ဖြစ်သူ Adam Rippon ကတော့ ၂၀၁၈ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့တဲ့ Talk Show တခုမှာ Shawn Mandes ကို Crush နေတယ်လို့ ပြောခဲ့ပါတယ်။ အရင်ကတော့ One Direction အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Harry Styles ကို ကြိုက်ခဲ့ပေမယ့် အခုတော့ အဆိုတော် Shawn Mades ကို အရမ်း Crush နေတယ်လို့ ဖြေဆိုခဲ့ပါတယ်။

(၃) Cole Sprouse

ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသား Cole Sprouse ကတော့ သူ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Friends ဇာတ်ကားထဲက မင်းသမီး Janifer Aniston ကို Crush ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်က အင်တာဗျူး တခုကို ဖြေတဲ့ အချိန်မှာ “သူမက အရမ်းလှတယ်။ ကျနော်ပြောရမယ့် ဒိုင်ယာလော့ဂ်တွေကိုတောင် မေ့သွားတဲ့ အထိပါပဲ။ ကျနော့်ခေါင်းထဲမှာ ဗလာကျင်းသွားတယ်”လို့ ဖြေခဲ့ပါတယ်။ အမှန်တကယ်တော့ Friends ဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ အချိန်မှာ မင်းသား Cole ဟာ အသက် ၆ နှစ်သာ ရှိပါသေးတယ်။ မင်းသမီး Janifer Aniston ကတော့ အသက် ၃၀ နား ကပ်နေပါပြီ။

(၄) Dylan O’Brien

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲမင်းသား Dylan O’Brien ကတော့ မင်းသမီး Chloë Moretz ကို အရမ်း Crush ခဲ့တယ်လို့ ဆိုပါတယ်။ Kick Ass ဇာတ်ကားမှာ သူမရဲ့ သရုပ်ဆောင်ပုံတွေကို အရမ်းကြိုက်ခဲ့ပါတယ်လို့ Hollywire ကို ဖြေခဲ့ပြီး အဲဒီအချိန်မှာ Dylan က ၁၉ နှစ်၊ Chloe က ၁၄ နှစ်ပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့ နှစ်ယောက် စုံတွဲခုတ်နေတာကို ပရိသတ်အချို့က မြင်ခဲ့တယ်လို့ ဆိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top