(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ ကုလားႀကီးစုေက်း႐ြာ ေက်ာင္းလမ္းေန မ ------ သည္ ႏိုဝင္ဘာ ၄ ရက္ ညပိုင္းက ေနအိမ္တြင္ရွိေနစဥ္ တစ္ရပ္တည္းေန စေနထြန္း ေရာက္ရွိလာၿပီး ခင္ပြန္းျဖစ္သူ ကိုမ်ိဳးမင္းထြန္း ဓားထိုးခံရေၾကာင္း ေျပာျပသျဖင့္ သြားေရာက္ၾကည့္ရႈရာ နတ္ေမာက္လမ္း ဆိုက္ကားဂိတ္တြင္ ကိုမ်ိဳးမင္းထြန္းမွာ ယာဆီးခုံ၊ ယာေပါင္တြင္ ထိုးသြင္းဒဏ္ရာ ႏွစ္ခ်က္ႏွင့္ ဦးတင္လတ္မွာ ဝဲရင္ဘတ္၊ ယာနံေစာင္း ထိုးသြင္းဒဏ္ရာ ႏွစ္ခ်က္၊ ေမးေစ့ျပတ္ရွတ္ဒဏ္ရာတို႔ ရရွိၿပီး အသီးသီးလဲက် ေသဆုံးေနသည့္ကို ေတြ႕ရသျဖင့္ ပတ္ဝန္းက်င္အား ေမးျမန္းရာ လူေလးဦးမွ ဓားျဖင့္ထိုးသြားေၾကာင္း သိရွိရသျဖင့္ အေရးယူေပးပါရန္ ေသာင္းႀကီး နယ္ေျမရဲစခန္းသို႔ တိုင္တန္းခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးမွ အမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားအား စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူ လူငယ္(၄)ဦးသည္ အခင္းျဖစ္ေန႔က ဆိုင္ကယ္ႏွစ္စီးျဖင့္ နတ္ေမာက္လမ္းအတိုင္း ေမာင္းႏွင္သြားေၾကာင္း စုံစမ္းသိရွိရသည္။

စုံစမ္းသိရွိခ်က္အရ မ်ိဳးမင္းထြန္းႏွင့္ ယခင္က ရန္စရွိခဲ့ေသာ ေဝယံေနာင္ (ခ) ကတုံး၊ ေမာင္ေမာင္ေက်ာ္ (ခ) ေက်ာ္ႀကီး၊ ထြန္းထြန္းေအာင္ (ခ) ထြန္းေအာင္ႏွင့္ အမည္မသိ လူငယ္တစ္ဦးတို႔မွ က်ဴးလြန္ခဲ့ၾကၿပီး ၎တို႔(၄)ဦးအနက္ ထြန္းထြန္းေအာင္ (ခ) ထြန္းေအာင္ႏွင့္ ေနလြင္ထြဋ္ (ခ) အညားတို႔ႏွစ္ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ တိမ္းေရွာင္ေနသူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရမိေသာ ျပစ္က်ဴးလြန္သူႏွစ္ဦးအား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ သတင္းရရွိသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:MDN
https://www.facebook.com/MyanmarDigitalNews

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာ ကျောင်းလမ်းနေ မ ------ သည် နိုဝင်ဘာ ၄ ရက် ညပိုင်းက နေအိမ်တွင်ရှိနေစဉ် တစ်ရပ်တည်းနေ စနေထွန်း ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုမျိုးမင်းထွန်း ဓားထိုးခံရကြောင်း ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ နတ်မောက်လမ်း ဆိုက်ကားဂိတ်တွင် ကိုမျိုးမင်းထွန်းမှာ ယာဆီးခုံ၊ ယာပေါင်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်နှင့် ဦးတင်လတ်မှာ ဝဲရင်ဘတ်၊ ယာနံစောင်း ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မေးစေ့ပြတ်ရှတ်ဒဏ်ရာတို့ ရရှိပြီး အသီးသီးလဲကျ သေဆုံးနေသည့်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်အား မေးမြန်းရာ လူလေးဦးမှ ဓားဖြင့်ထိုးသွားကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန် သောင်းကြီး နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အမှုမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လူငယ်(၄)ဦးသည် အခင်းဖြစ်နေ့က ဆိုင်ကယ်နှစ်စီးဖြင့် နတ်မောက်လမ်းအတိုင်း မောင်းနှင်သွားကြောင်း စုံစမ်းသိရှိရသည်။

စုံစမ်းသိရှိချက်အရ မျိုးမင်းထွန်းနှင့် ယခင်က ရန်စရှိခဲ့သော ဝေယံနောင် (ခ) ကတုံး၊ မောင်မောင်ကျော် (ခ) ကျော်ကြီး၊ ထွန်းထွန်းအောင် (ခ) ထွန်းအောင်နှင့် အမည်မသိ လူငယ်တစ်ဦးတို့မှ ကျူးလွန်ခဲ့ကြပြီး ၎င်းတို့(၄)ဦးအနက် ထွန်းထွန်းအောင် (ခ) ထွန်းအောင်နှင့် နေလွင်ထွဋ် (ခ) အညားတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ တိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသော ပြစ်ကျူးလွန်သူနှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:MDN
https://www.facebook.com/MyanmarDigitalNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top