(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ထုိင္းႏုိင္ငံေတာင္ပုိင္း ေတာအုပ္ထူထပ္ရာ ေက်းရြာတစ္ခုမွာ (၅)မီတာ သုိ႔မဟုတ္ (၁၆)ေပေက်ာ္ အရွည္ရွိတဲ့ ေတာႀကီးေျမြေဟာက္တစ္ေကာင္ကို လူငယ္တစ္ေယာက္က လုံးေထြးဖမ္းခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ Nakhon Si Thammarat မွာ တည္ရွိတဲ့ စားေသာက္ဆုိင္တစ္ခုမွာ ၿပီးခဲ့တဲ့ အေမမ်ားေန႔အားလပ္ရက္တုန္းက ျဖစ္ခဲ့တာပါ။

စားေသာက္ဆုိင္နာမည္ကေတာ့ Thung Song ျဖစ္ၿပီး ပုိင္ရွင္ကေတာ့ Kanchana Saeton ဆုိတဲ့ အမ်ိဳးသမီးပါ။ Saeton ဟာ ေျမြဖမ္းသမား ဖမ္းယူထားတဲ့ ပုံေတြနဲ႔ ဗြီဒီယုိဖုိင္ကို လူမႈကြန္ယက္ေပၚမွာ တင္ခဲ့ရာ ၾကည့္႐ႈသူ (၄)ေသာင္းနီးပါးအထိ ရွိခဲ့ပါတယ္။ ေျမြႀကီးဟာ အရြယ္ေရာက္ၿပီး စပါးအုံးေျမြတစ္ေကာင္ေလာက္ ျဖစ္ေနပါတယ္။

ေတာႀကီးေျမြေဟာက္ေတြဟာ ေျမြေဟာက္မ်ိဳးႏြယ္ျဖစ္ၿပီး သာမန္ေျမြေဟာက္ထက္ အရြယ္အစားပုိႀကီးေပမယ့္ ဒီေလာက္ႀကီးမားတဲ့ ေတာႀကီးေျမြေဟာက္မ်ိဳးက အေတာ္ေလးကို ရွားပါးပါတယ္။ ပါးျပင္းဟာ ယပ္ေတာင္တစ္ခ်ပ္ေလာက္အထိ ရွိတတ္ၿပီး အဆိပ္ကလည္း အလြန္ျပင္းထန္ပါတယ္။

ရန္သူကုိ ျမန္ႏႈန္းျမင့္နဲ႔ တုိက္ခုိက္ႏုိင္သလုိ၊ အထူးသျဖင့္ သူ႕ရဲ႕ အသုိက္နဲ႔နီးတဲ့ေနရာဆုိရင္ ပုိၿပီးရန္လုိပါတယ္။ အကုိက္ခံရပါက မိနစ္(၂၀-၃၀)အတြင္း ေဆးမီဖုိ႔လုိအပ္ၿပီး မဟုတ္ပါက အသက္ဆုံး႐ႈံးရႏုိင္ပါတယ္။ Kanchana ရဲ႕ အေျပာအရ သူမနဲ႔ ကေလးေတြ အျပင္ကေန ျပန္ေရာက္လာခ်ိန္မွာ ေျမြႀကီးက ဆုိင္အျပင္ဘက္က အိမ္သာထဲကို ေရာက္ေနတယ္လုိ႔ ဆုိပါတယ္။

ဒီလုိနဲ႔ ေဒသခံ ေျမြဖမ္းသမားေတြကို ေခၚယူခဲ့ရၿပီး သူတုိ႔ထဲမွာ ေျမြဖမ္းအထူးကၽြမ္းက်င္တဲ့ အမ်ိဳးသားတစ္ဦးက အခုလုိ ေျမြေဟာက္ႀကီးကုိ လက္ရဖမ္းဆီးႏုိင္ခဲ့တာပါ။ ေျမြဖမ္းသမားရဲ႕အမည္နဲ႔ အဖြဲ႕အစည္းကုိေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။ ေႏြရာသီ အုိက္စပ္စပ္အခ်ိန္ဆုိရင္ ေျမြေတြကလည္း အျပင္ထြက္တတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံတောင်ပိုင်း တောအုပ်ထူထပ်ရာ ကျေးရွာတစ်ခုမှာ (၅)မီတာ သို့မဟုတ် (၁၆)ပေကျော် အရှည်ရှိတဲ့ တောကြီးမြွေဟောက်တစ်ကောင်ကို လူငယ်တစ်ယောက်က လုံးထွေးဖမ်းခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ Nakhon Si Thammarat မှာ တည်ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ပြီးခဲ့တဲ့ အမေများနေ့အားလပ်ရက်တုန်းက ဖြစ်ခဲ့တာပါ။

စားသောက်ဆိုင်နာမည်ကတော့ Thung Song ဖြစ်ပြီး ပိုင်ရှင်ကတော့ Kanchana Saeton ဆိုတဲ့ အမျိုးသမီးပါ။ Saeton ဟာ မြွေဖမ်းသမား ဖမ်းယူထားတဲ့ ပုံတွေနဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ရာ ကြည့်ရှုသူ (၄)သောင်းနီးပါးအထိ ရှိခဲ့ပါတယ်။ မြွေကြီးဟာ အရွယ်ရောက်ပြီး စပါးအုံးမြွေတစ်ကောင်လောက် ဖြစ်နေပါတယ်။

တောကြီးမြွေဟောက်တွေဟာ မြွေဟောက်မျိုးနွယ်ဖြစ်ပြီး သာမန်မြွေဟောက်ထက် အရွယ်အစားပိုကြီးပေမယ့် ဒီလောက်ကြီးမားတဲ့ တောကြီးမြွေဟောက်မျိုးက အတော်လေးကို ရှားပါးပါတယ်။ ပါးပြင်းဟာ ယပ်တောင်တစ်ချပ်လောက်အထိ ရှိတတ်ပြီး အဆိပ်ကလည်း အလွန်ပြင်းထန်ပါတယ်။

ရန်သူကို မြန်နှုန်းမြင့်နဲ့ တိုက်ခိုက်နိုင်သလို၊ အထူးသဖြင့် သူ့ရဲ့ အသိုက်နဲ့နီးတဲ့နေရာဆိုရင် ပိုပြီးရန်လိုပါတယ်။ အကိုက်ခံရပါက မိနစ်(၂၀-၃၀)အတွင်း ဆေးမီဖို့လိုအပ်ပြီး မဟုတ်ပါက အသက်ဆုံးရှုံးရနိုင်ပါတယ်။ Kanchana ရဲ့ အပြောအရ သူမနဲ့ ကလေးတွေ အပြင်ကနေ ပြန်ရောက်လာချိန်မှာ မြွေကြီးက ဆိုင်အပြင်ဘက်က အိမ်သာထဲကို ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ဒေသခံ မြွေဖမ်းသမားတွေကို ခေါ်ယူခဲ့ရပြီး သူတို့ထဲမှာ မြွေဖမ်းအထူးကျွမ်းကျင်တဲ့ အမျိုးသားတစ်ဦးက အခုလို မြွေဟောက်ကြီးကို လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ မြွေဖမ်းသမားရဲ့အမည်နဲ့ အဖွဲ့အစည်းကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ နွေရာသီ အိုက်စပ်စပ်အချိန်ဆိုရင် မြွေတွေကလည်း အပြင်ထွက်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top