ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သင္ လစဥ္သုံးသေႏၶတားေဆး ေသာက္ဖို႔ေမ့သြားရင္ သတိရတဲ့ အခ်ိန္မွာ ခ်က္ျခင္း ျပန္ေသာက္ပါ။ ေနာက္ေန႔အထိ ေမ့သြားရင္ သတိရလ်င္ရျခင္းပဲ ေဆး ၂ လုံးေသာက္ပါ။ ၂ ရက္ေလာက္ ေဆးေသာက္ဖို႔ေမ့သြားရင္ သတိရတဲ့ ရက္မွာ ေဆး ၂ လုံးေသာက္ၿပီး ေနာက္ရက္မွာ ေဆး ၂ လုံးထပ္ေသာက္ပါ။ ဒါဆိုရင္ သေႏၶတားလုပ္ငန္း ပုံမွန္ျပန္ျဖစ္သြားပါလိမ့္မယ္။

၂ ရက္ေက်ာ္ၿပီးမွ သတိရတယ္ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ သြားေတြ႕ဖိုလိုလာပါၿပီ။ သင္အေနနဲ႔ တစ္ေန႔တစ္ခါ ေဆးကို တနဂၤေႏြတစ္ပတ္အထိ ပုံမွန္ေသာက္ဖို႔ လိုအပ္သလို ေဆးပတ္လည္ေအာင္ ျပန္လည္မွီဝဲဖို႔ လိုပါလိမ့္မယ္။  ဒါမွမဟုတ္ လက္ရွိေသာက္ေနတဲ့ ေဆးလုံးေတြကို ပစ္ၿပီး ေဆးကဒ္အသစ္ကို ပုံမွန္ေသာက္ဖို႔လိုပါလိမ့္မယ္။

သင္ သေႏၶတားေဆးေသာက္ဖို႔ေမ့သြားတာနဲ႔ တစ္ၿပိဳက္နဲ႔ ဒီေဆးကဒ္ မကုန္မွီ တျခား သေႏၶတားအကာအကြယ္ တစ္ခုခု ေဆာင္ထားဖို႔လိုပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ သေႏၶတားေဆးကဒ္ကို ေသာက္ဖို႔ေမ့တာနဲ႔ သင့္ရဲ႕မ်ိဳးဥအိမ္ဟာ မ်ိဳးဥဟာ ထြက္လာႏိုင္လို႔ပါပဲ။

ဒါေပမဲ့ သင္ဟာ ၂၇ လုံးပါဝင္တဲ့ ေဆးကဒ္ထဲက ေနာက္ဆုံး ၇ လုံးကို ေသာက္ဖို႔ေမ့သြားရင္ (placebo လို႔ေခၚတဲ့ ေဆးနဲ႔ တူေသာ္လည္း အာနိသင္မရွိတဲ့ ေဆးလုံး ၄ လုံးပါဝင္တဲ့ ေဆးကဒ္မွ က်န္ ၄ လုံးကို ေသာက္ဖို႔ေမ့ခဲ့ရင္ )( placebo ၂ လုံးပါတဲ့ ေဆးကဒ္မွ ေနာက္ဆုံး ၂ လုံးကို ေသာက္ဖို႔ေမ့ခဲ့ရင္) ေတာ့ စိုးရိမ္စရာ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Placebo ေဆးေတြဟာ တကယ့္ေဆးႏွင့္ အသြင္တူေသာ္လည္း အာနိသင္မရွိတာေၾကာင့္ ဒီေဆးေတြ ေသာက္ဖို႔ေမ့သြားလည္း ကိုယ္ဝန္ရႏိုင္ေျခ မရွိပါဘူး။

ဒါေပမဲ့ တစ္ခုသတိထားရမွာေတာ့ တစ္ခ်ိဳ႕ေတာ့ ေဆးကဒ္ေတြမွာ Placebo ေဆးလုံး တစ္လုံးမွ မပါပါဘူး။ ဒါေၾကာင့္ ေဆးလုံးေတြကို အခ်ိန္မွန္မွန္ေသာက္သုံးဖို႔က အေရးႀကီးပါတယ္။ တကယ္လို႔ သင္က ဓမၼတာလာခ်ိန္မွာလည္း မလာဘူး၊ ေဆးကိုလည္း တစ္လုံးထက္မက ေမ့ခဲ့တယ္ ဆိုရင္ေတာ့ ကိုယ္ဝန္ရေနၿပီလားဆိုတာ ေသခ်ာေအာင္သြားစစ္ေဆးသင့္ပါတယ္။ ဒါေပမဲ့ မိန္းကေလးအမ်ားစုဟာ low-dose လစဥ္သုံးသေႏၶတားေဆးမ်ားကို မွီဝဲေနရင္ ေဆးလုံးမွန္မွန္ေသာက္ေနရင္ေတာင္ ဓမၼတာ လာေလ့မရွိၾကပါဘူး။ ဒါ့ေၾကာင့္ ဒါဟာ ပုံမွန္ျဖစ္လို႔ သိပ္ေတာ့စိုးရိမ္စရာမလိုပါဘူး။

ဒီေနရာမွာ low-dose ဆိုတာ သေႏၶတားေဆးအမ်ိဳးအစားတစ္ခုပါ။ လစဥ္သုံးသေႏၶတားေဆးေတြထဲမွာ ပါဝင္တဲ့ ေဟာ္မုန္းေတြက ကိုယ္ဝန္မရေအာင္ ကာကြယ္ေပးတာျဖစ္ပါတယ္။ ဒီလို လစဥ္သုံးသေႏၶတားေဆး အမ်ားစုမွာ estrogen လို႔ေခၚတဲ့ အမ်ိဳးသမီး လိင္ေဟာ္မုန္းနဲ႔ progestin လို႔ေခၚတဲ့ သားအိမ္တြင္း ေျပာင္းလဲမႈမ်ားကို ျဖစ္ေစတဲ့ ေဟာ္မုန္း (၂) ခုပါဝင္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေဆးေတြမွာေတာ့ estrogen ပိုမ်ားၾကပါတယ္။ ဒီေဆးေတြမွာ ေဟာ္မုန္း အနည္းအမ်ားအေပၚမူတည္ၿပီး low-dose နဲ႔ Ultra-low-dose ဆိုၿပီးကြဲသြားၾကပါတယ္။ ေဟာ္မုန္းနည္းနည္းပဲပါတဲ့ ေဆးက ေကာင္းသလို ထင္ရေပမဲ့ အားသာခ်က္ အားနည္းခ်က္ေတြကို သိထားဖို႔လိုအပ္ပါတယ္။

low-dose ဆိုတာ

အီစထ႐ိုဂ်င္ မ်ားမ်ားပါဝင္တဲ့ သေႏၶတားေဆးေတြေသာက္မိရင္ ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ျခင္း၊ ရင္သားမ်ားေပ်ာ့ေျပာင္းလာျခင္းနဲ႔ ရွားပါးေပမဲ့ ျဖစ္ႏိုင္တဲ့ ေသြးခဲမ်ား ျဖစ္ေပၚျခင္းတို႔ ျဖစ္ႏိုင္ပါတယ္။

သေႏၶတားေဆးေတြ ၁၉၆၀ ခုႏွစ္ေလာက္က စေပၚတုန္းက ဒီေဆးေတြမွာ အီစထ႐ိုဂ်င္ပမာဏ ၁၅၀ မိုက္က႐ို ဂရမ္ အထိ ပါဝင္ခဲ့ပါတယ္။ (1 gram = 1,000,000 microgram) ေနာက္ပိုင္းမွာ ေဘးထြက္ဆိုးက်ိဳးေတြ အျဖစ္မ်ားလို႔ ေဈးကြက္ထဲမွာ မေရာင္းခ်ေတာ့ပါဘူး။ ဒီေန႔ေခတ္မွာ အီစထ႐ိုဂ်င္ပမာဏ အျမင့္ဆုံးပါဝင္တဲ့ ေဆးေတာင္ ၅၀ မိုက္က႐ိုဂရမ္ အီစထ႐ိုဂ်င္သာပါဝင္ၿပီး ဆရာဝန္ေတြကလည္း သိပ္ၫႊန္းေလ့မရွိၾကပါဘူး။ ဒီေန႔ေခတ္မွာ အီစထ႐ိုဂ်င္ ၃၅  မိုက္က႐ိုဂရမ္ နဲ႔ ေအာက္ပါဝင္တဲ့ သေႏၶတားေဆးေတြကို Low dose လို႔ေခၚၾကပါတယ္။

Ultra-Low Dose ေဆးဆိုတာ

ဒီဘက္ေခတ္ပိုင္းမွာ ေဟာ္မုန္းအမ်ားအျပားကို ေဆးဝါးေတြထဲ သိပ္ၿပီး ထည့္သြင္းအသုံးမျပဳလာၾကတဲ့အတြက္ Ultra-Low Dose သေႏၶတားေဆးေတြ ေပၚလာပါတယ္။ ဒီေဆးေတြမွာဆိုရင္ အီစထ႐ိုဂ်င္ပမာဏ ၂၀ မိုက္က႐ို ဂရမ္နဲ႔ ေအာက္ ပမာဏသာပါဝင္ပါတယ္။ Low Dose ပဲျဖစ္ျဖစ္ Ultra-Low Dose ပဲျဖစ္ျဖစ္ သေႏၶတားဆီးႏိုင္ပါတယ္။ ဒါေပမဲ့ Ultra-Low Dose ေဆးေတြကေတာ့ ေခါင္းကိုက္ျခင္း၊ ခႏၶာကိုယ္ အရည္ဓတ္မ်ားလားျခင္း (fluid retention) စတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ႏႈန္းနည္းပါးေစပါတယ္။ Ultra-Low Dose ေဆးေတြကိုေတာ့ ေသြးဆုံးခ်ိန္ နီးေနတဲ့ အမ်ိဳးသမီးေတြ အမ်ားစု အသုံးျပဳေလ့ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရလျင်ရခြင်းပဲ ဆေး ၂ လုံးသောက်ပါ။ ၂ ရက်လောက် ဆေးသောက်ဖို့မေ့သွားရင် သတိရတဲ့ ရက်မှာ ဆေး ၂ လုံးသောက်ပြီး နောက်ရက်မှာ ဆေး ၂ လုံးထပ်သောက်ပါ။ ဒါဆိုရင် သန္ဓေတားလုပ်ငန်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တနင်္ဂနွေတစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။  ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးလုံးတွေကို ပစ်ပြီး ဆေးကဒ်အသစ်ကို ပုံမှန်သောက်ဖို့လိုပါလိမ့်မယ်။

သင် သန္ဓေတားဆေးသောက်ဖို့မေ့သွားတာနဲ့ တစ်ပြိုက်နဲ့ ဒီဆေးကဒ် မကုန်မှီ တခြား သန္ဓေတားအကာအကွယ် တစ်ခုခု ဆောင်ထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့် သန္ဓေတားဆေးကဒ်ကို သောက်ဖို့မေ့တာနဲ့ သင့်ရဲ့မျိုးဥအိမ်ဟာ မျိုးဥဟာ ထွက်လာနိုင်လို့ပါပဲ။

ဒါပေမဲ့ သင်ဟာ ၂၇ လုံးပါဝင်တဲ့ ဆေးကဒ်ထဲက နောက်ဆုံး ၇ လုံးကို သောက်ဖို့မေ့သွားရင် (placebo လို့ခေါ်တဲ့ ဆေးနဲ့ တူသော်လည်း အာနိသင်မရှိတဲ့ ဆေးလုံး ၄ လုံးပါဝင်တဲ့ ဆေးကဒ်မှ ကျန် ၄ လုံးကို သောက်ဖို့မေ့ခဲ့ရင် )( placebo ၂ လုံးပါတဲ့ ဆေးကဒ်မှ နောက်ဆုံး ၂ လုံးကို သောက်ဖို့မေ့ခဲ့ရင်) တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Placebo ဆေးတွေဟာ တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိတာကြောင့် ဒီဆေးတွေ သောက်ဖို့မေ့သွားလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။

ဒါပေမဲ့ တစ်ခုသတိထားရမှာတော့ တစ်ချို့တော့ ဆေးကဒ်တွေမှာ Placebo ဆေးလုံး တစ်လုံးမှ မပါပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို အချိန်မှန်မှန်သောက်သုံးဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင်က ဓမ္မတာလာချိန်မှာလည်း မလာဘူး၊ ဆေးကိုလည်း တစ်လုံးထက်မက မေ့ခဲ့တယ် ဆိုရင်တော့ ကိုယ်ဝန်ရနေပြီလားဆိုတာ သေချာအောင်သွားစစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုဟာ low-dose လစဉ်သုံးသန္ဓေတားဆေးများကို မှီဝဲနေရင် ဆေးလုံးမှန်မှန်သောက်နေရင်တောင် ဓမ္မတာ လာလေ့မရှိကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ပုံမှန်ဖြစ်လို့ သိပ်တော့စိုးရိမ်စရာမလိုပါဘူး။

ဒီနေရာမှာ low-dose ဆိုတာ သန္ဓေတားဆေးအမျိုးအစားတစ်ခုပါ။ လစဉ်သုံးသန္ဓေတားဆေးတွေထဲမှာ ပါဝင်တဲ့ ဟော်မုန်းတွေက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒီလို လစဉ်သုံးသန္ဓေတားဆေး အများစုမှာ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုပါဝင်တတ်ကြပါတယ်။ တစ်ချို့ဆေးတွေမှာတော့ estrogen ပိုများကြပါတယ်။ ဒီဆေးတွေမှာ ဟော်မုန်း အနည်းအများအပေါ်မူတည်ပြီး low-dose နဲ့ Ultra-low-dose ဆိုပြီးကွဲသွားကြပါတယ်။ ဟော်မုန်းနည်းနည်းပဲပါတဲ့ ဆေးက ကောင်းသလို ထင်ရပေမဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

low-dose ဆိုတာ

အီစထရိုဂျင် များများပါဝင်တဲ့ သန္ဓေတားဆေးတွေသောက်မိရင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ရင်သားများပျော့ပြောင်းလာခြင်းနဲ့ ရှားပါးပေမဲ့ ဖြစ်နိုင်တဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

သန္ဓေတားဆေးတွေ ၁၉၆၀ ခုနှစ်လောက်က စပေါ်တုန်းက ဒီဆေးတွေမှာ အီစထရိုဂျင်ပမာဏ ၁၅၀ မိုက်ကရို ဂရမ် အထိ ပါဝင်ခဲ့ပါတယ်။ (1 gram = 1,000,000 microgram) နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များလို့ ဈေးကွက်ထဲမှာ မရောင်းချတော့ပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင်ပမာဏ အမြင့်ဆုံးပါဝင်တဲ့ ဆေးတောင် ၅၀ မိုက်ကရိုဂရမ် အီစထရိုဂျင်သာပါဝင်ပြီး ဆရာဝန်တွေကလည်း သိပ်ညွှန်းလေ့မရှိကြပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင် ၃၅  မိုက်ကရိုဂရမ် နဲ့ အောက်ပါဝင်တဲ့ သန္ဓေတားဆေးတွေကို Low dose လို့ခေါ်ကြပါတယ်။

Ultra-Low Dose ဆေးဆိုတာ

ဒီဘက်ခေတ်ပိုင်းမှာ ဟော်မုန်းအများအပြားကို ဆေးဝါးတွေထဲ သိပ်ပြီး ထည့်သွင်းအသုံးမပြုလာကြတဲ့အတွက် Ultra-Low Dose သန္ဓေတားဆေးတွေ ပေါ်လာပါတယ်။ ဒီဆေးတွေမှာဆိုရင် အီစထရိုဂျင်ပမာဏ ၂၀ မိုက်ကရို ဂရမ်နဲ့ အောက် ပမာဏသာပါဝင်ပါတယ်။ Low Dose ပဲဖြစ်ဖြစ် Ultra-Low Dose ပဲဖြစ်ဖြစ် သန္ဓေတားဆီးနိုင်ပါတယ်။ ဒါပေမဲ့ Ultra-Low Dose ဆေးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် အရည်ဓတ်များလားခြင်း (fluid retention) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နှုန်းနည်းပါးစေပါတယ်။ Ultra-Low Dose ဆေးတွေကိုတော့ သွေးဆုံးချိန် နီးနေတဲ့ အမျိုးသမီးတွေ အများစု အသုံးပြုလေ့ရှိကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top