ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စင္ကာပူႏိုင္ငံတြင္တိုက္ေပၚမွခုန္ခ်ေသဆံုးခဲ့သူျမန္မာအိမ္အကူကိုတရားမ၀င္ေစလႊတ္ခဲ့ေသာဇနီးေမာင္ႏွံအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ပူးေပါင္း အဖြဲ႔ျဖင့္ေစာင့္ဖမ္းခဲ့ရာ ဥပေဒအားနည္းခ်က္အခ်ဳိ႕ေၾကာင့္ မဖမ္းဆီးႏိုင္ခဲ့ေၾကာင္းျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္(MOEAF) က သိရသည္။

ၿပီးခဲ့သည့္ႏိုဝင္ဘာ ၂၉ ရက္က စင္ကာပူႏိုင္ငံသုိ႔ အိမ္အကူသြားေရာက္လုပ္ကုိင္ေနသူ ပဲခူး၊ေပါက္ေခါင္း ၿမိဳ႕နယ္ေန အသက္ ၂ဝ ခန္႔အရြယ္ မစိုးစႏၵာထြန္းမွာအထပ္ျမင့္ တိုက္ေပၚမွ ျပဳတ္က်ေသဆုံးခဲ့ေသာေၾကာင့္ ယင္း၏မိသားစုကအရိုးျပာကို ဒီဇင္ဘာလ ၅ ရက္ ည ၆နာရီ ၅၅မိနစ္ အခ်ိန္ စကၤာပူႏိုင္ငံမွေလယာဥ္ အမွတ္ 3K 583 ျဖင့္ ယူေဆာင္လာမည္ျဖစ္ၿပီး တရားမဝင္ အိမ္အကူပို႔သူမ်ားလည္းတစ္ပါတည္းလိုက္ပါလာမည္ဟု ႀကိဳတင္သတင္းရရွိထားေသာေၾကာင့္ သက္ဆိုင္ရာအဖြဲ႔မ်ားက ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ေစာင့္ဆိုင္းခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ သက္ဆိုင္ရာအဖြဲ႔မ်ားမွာ လူကုန္ကူးမွဳ တားဆီးႏွိမ္ႏွင္းေရး၊အလုပ္သမားဝန္ႀကီးဌာန တာဝန္ရိွသူမ်ား၊ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္(MOEAF) တာဝန္ ရိွသူမ်ာ ျဖစ္သည္။

ေသဆံုးသူမစိုးစႏၵာထြန္းကို ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္အတြင္းေနထိုင္ေသာ လင္မယားႏွစ္ဦးက ၿပီးခဲ့သည့္ႏုိ၀င္ဘာလ ၉ရက္တြင္ စင္ကာပူႏိုင္ငံသို႔ တရားမဝင္ပုိ႔ေဆာင္ေပးခဲ့ျခင္း ျဖစ္ၿပီး ယင္းႏိုင္ငံတြင္ ေနထိုင္သည့္ ရက္ ၂၀ အၾကာေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၉ရက္ေန႔က အဲလုိေသဆုံးသြားေတာ့ စကၤာဘက္မွာေတာ့ တရား၀င္ အလုပ္လုပ္တဲ့ ေအးဂ်င့္ ေတြရိွတယ္။ တရား၀င္အလုပ္ေပါ့။ဒီဘက္ကသာ ကၽြန္ေတာ္တုိ႔ျမန္မာျပည္က တရား၀င္ အိမ္အကူ ပု႔ိတာကုိ တရား၀င္သြားအလုပ္လုပ္လုိ႔မရဘူး။ခုိးပုိ႔ထားတာျဖစ္မွာေပါ့။လူကုန္ တားက၀ုိင္းေမးေတာ့ အဲလုိေပၚေပါက္တယ္။အမွန္ေတာ့ ဒါကုိ ျပည္ပအလုပ္အကုိင္မ်ားဆုိင္ရာ ဥပေဒနဲ႔ အေရးယူရမွာ။ ဒါေပမယ့္အမွဳဖြင့္အေရးမယူေသးတဲ့အတြက္ က်ဳးလြန္တဲ့သူကလြတ္ေျမာက္သြားတာေပါ့” ဟုျမန္မာႏိုင္ငံလူကုန္ကူးမွဳတား ဆီးႏွိမ္ႏွင္းေရးတာဝန္ရွိသူက ေျပာသည္။

လတ္တေလာတြင္ တရားမဝင္ အိမ္အကူ ပို႔ေဆာင္ေပးခဲ့သူမ်ားက ေသဆံုးသူ မစိုးစႏၵာထြန္း၏ မိခင္ကို ေလ်ာ္ေၾကး သိန္း ၄ဝ ေပးထားေၾကာင္း၊ယင္းေၾကာင့္ ကာယကံရွင္မိခင္ျဖစ္သူအား ပူးေပါင္းပါဝင္ရန္စည္းရုံး၍ မရ ျဖစ္ေနေၾကာင္းလည္း သိရသည္။

“လတ္တေလာေတာ့ တရားစြဲဖုိ႔အေနအထားကုိ ျပန္တုိင္ပင္ေနတာေပါ့။အဓိက ကေတာ့ အစုိးရအဖြဲ႔အစည္း ေတြအေနနဲ႔ တခုခု၀င္လုပ္ေပးသင့္တယ္။ကၽြန္ေတာ္တုိ႔အဖြဲ႔က NGO လုိအဖြဲ႔အစည္း။တရားစြဲဖုိ႔ စဥ္းစားလုိက္တဲ့ အခါေသ ဆုံးသူရဲ႕ အေမကအဓိက လူပဲျဖစ္သြားတာေပါ့။သူက သက္ေသ လုိက္ေပးရမယ္။အဲအခ်ိန္မွာ သူ႔အစ္ေမက ေသတဲ့လူလည္း ေသ သြားၿပီဆုိတဲ့ သေဘာမ်ဳိးနဲ႔ သြားတယ္။ သူတုိ႔အခ်င္းခ်င္းကလည္း အေပးအယူလည္းရိွထားတယ္။လုိင္စင္မရိွတာက တစ္ခ်က္ရွိတယ္။တရားမ၀င္တဲ့ အလုပ္အကုိင္အမ်ဳိးအစားနဲ႔ အသက္မျပည့္တဲ့သူကုိ ပုိ႔ထားတဲ့အခ်က္ေတြေၾကာင့္ လုပ္သင့္တာေပါ့။ကာယကံရွင္မိခင္ကေတာ့ ခုထိ စည္းရံုးလို႔ မရႏိုင္ေသးဘူး”ဟု MOEAF တြဲဖက္အတြင္းေရးမွဴး(၂) ကုိေဇာ္မင္းကေျပာသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Pyi Myanmar

#Unicode Version#

စင်ကာပူနိုင်ငံတွင်တိုက်ပေါ်မှခုန်ချသေဆုံးခဲ့သူမြန်မာအိမ်အကူကိုတရားမဝင်စေလွှတ်ခဲ့သောဇနီးမောင်နှံအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပူးပေါင်း အဖွဲ့ဖြင့်စောင့်ဖမ်းခဲ့ရာ ဥပဒေအားနည်းချက်အချို့ကြောင့် မဖမ်းဆီးနိုင်ခဲ့ကြောင်းမြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) က သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က စင်ကာပူနိုင်ငံသို့ အိမ်အကူသွားရောက်လုပ်ကိုင်နေသူ ပဲခူး၊ပေါက်ခေါင်း မြို့နယ်နေ အသက် ၂ဝ ခန့်အရွယ် မစိုးစန္ဒာထွန်းမှာအထပ်မြင့် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သောကြောင့် ယင်း၏မိသားစုကအရိုးပြာကို ဒီဇင်ဘာလ ၅ ရက် ည ၆နာရီ ၅၅မိနစ် အချိန် စင်္ကာပူနိုင်ငံမှလေယာဉ် အမှတ် 3K 583 ဖြင့် ယူဆောင်လာမည်ဖြစ်ပြီး တရားမဝင် အိမ်အကူပို့သူများလည်းတစ်ပါတည်းလိုက်ပါလာမည်ဟု ကြိုတင်သတင်းရရှိထားသောကြောင့် သက်ဆိုင်ရာအဖွဲ့များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သက်ဆိုင်ရာအဖွဲ့များမှာ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး၊အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ၊မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) တာဝန် ရှိသူမျာ ဖြစ်သည်။

သေဆုံးသူမစိုးစန္ဒာထွန်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းနေထိုင်သော လင်မယားနှစ်ဦးက ပြီးခဲ့သည့်နိုဝင်ဘာလ ၉ရက်တွင် စင်ကာပူနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းနိုင်ငံတွင် နေထိုင်သည့် ရက် ၂၀ အကြာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၉ရက်နေ့က အဲလိုသေဆုံးသွားတော့ စင်္ကာဘက်မှာတော့ တရားဝင် အလုပ်လုပ်တဲ့ အေးဂျင့် တွေရှိတယ်။ တရားဝင်အလုပ်ပေါ့။ဒီဘက်ကသာ ကျွန်တော်တို့မြန်မာပြည်က တရားဝင် အိမ်အကူ ပု့ိတာကို တရားဝင်သွားအလုပ်လုပ်လို့မရဘူး။ခိုးပို့ထားတာဖြစ်မှာပေါ့။လူကုန် တားကဝိုင်းမေးတော့ အဲလိုပေါ်ပေါက်တယ်။အမှန်တော့ ဒါကို ပြည်ပအလုပ်အကိုင်များဆိုင်ရာ ဥပဒေနဲ့ အရေးယူရမှာ။ ဒါပေမယ့်အမှုဖွင့်အရေးမယူသေးတဲ့အတွက် ကျုးလွန်တဲ့သူကလွတ်မြောက်သွားတာပေါ့” ဟုမြန်မာနိုင်ငံလူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးတာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် တရားမဝင် အိမ်အကူ ပို့ဆောင်ပေးခဲ့သူများက သေဆုံးသူ မစိုးစန္ဒာထွန်း၏ မိခင်ကို လျော်ကြေး သိန်း ၄ဝ ပေးထားကြောင်း၊ယင်းကြောင့် ကာယကံရှင်မိခင်ဖြစ်သူအား ပူးပေါင်းပါဝင်ရန်စည်းရုံး၍ မရ ဖြစ်နေကြောင်းလည်း သိရသည်။

“လတ်တလောတော့ တရားစွဲဖို့အနေအထားကို ပြန်တိုင်ပင်နေတာပေါ့။အဓိက ကတော့ အစိုးရအဖွဲ့အစည်း တွေအနေနဲ့ တခုခုဝင်လုပ်ပေးသင့်တယ်။ကျွန်တော်တို့အဖွဲ့က NGO လိုအဖွဲ့အစည်း။တရားစွဲဖို့ စဉ်းစားလိုက်တဲ့ အခါသေ ဆုံးသူရဲ့ အမေကအဓိက လူပဲဖြစ်သွားတာပေါ့။သူက သက်သေ လိုက်ပေးရမယ်။အဲအချိန်မှာ သူ့အစ်မေက သေတဲ့လူလည်း သေ သွားပြီဆိုတဲ့ သဘောမျိုးနဲ့ သွားတယ်။ သူတို့အချင်းချင်းကလည်း အပေးအယူလည်းရှိထားတယ်။လိုင်စင်မရှိတာက တစ်ချက်ရှိတယ်။တရားမဝင်တဲ့ အလုပ်အကိုင်အမျိုးအစားနဲ့ အသက်မပြည့်တဲ့သူကို ပို့ထားတဲ့အချက်တွေကြောင့် လုပ်သင့်တာပေါ့။ကာယကံရှင်မိခင်ကတော့ ခုထိ စည်းရုံးလို့ မရနိုင်သေးဘူး”ဟု MOEAF တွဲဖက်အတွင်းရေးမှူး(၂) ကိုဇော်မင်းကပြောသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top