ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





# Unicode Version ဖြင့် ဖတ်ပါ #
ဝဝကစ်ကစ်လေးတွေနဲ့ တွဲနေတဲ့ စုံတွဲတွေအတွက်တော့ တကယ့်ကို ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ မကြာသေးမီတုန်းကမှ စစ်တမ်းကောက်သု တေသနပြုသူတွေရဲ့ ထုတ်ပြန်ချက်အရ အံ့အားသင့်စရာ သုတေသနပြုချက်ပဲဖြစ်ပါတယ်။

တကယ်တော့ ဝဝကစ်ကစ်လေးတွေ၊ ချစ်သူ ဝက်ကလေးတွေကို ပိုင်ဆိုင်ထားတဲ့ ရည်းစားအမျိုးသား တွေဟာ တခြားအမျိုးသားတွေ ထက်စာရင် ၁၀ ဆ ပျော်ရွှင်မှုပိုမိုခံစားကြရတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ချစ်စရာ ပါးဖောင်းဖောင်း မိန်းကလေးတွေကို ချစ်ရတဲ့အတွက် သူတို့တွေဆီမှာ ပျော်ရွှင် မှုတွေ ပိုမိုပိုင်ဆိုင်နိုင်ကြတယ်လို့ ပြောကြားထားပါတယ်။

ဝဝပြည့်ပြည့်လေးတွေကို ချစ်ပါ။ ပြည့်ပြည့်ဝဝ အချစ်ခံရပါလိမ့်မယ်တဲ့။ သာမန်အတိုင်း ထင်ထားကြ သလို အမျိုးသမီးတွေ ပိန်ပိန်ပါးပါးနဲ့ အမိုက်စားဘော်ဒီတွေကိုသာ အမျိုးသားတွေက ပိုနှစ်သက်ကြ တယ်ဆိုပေမယ့်လည်း စစ်တမ်းကောက်လေ့လာမှုမှတ် တမ်းမှာဆို ရင်တော့ အမျိုးသားတွေတော်တော် များများမှာတော့ လက်တွဲဖော်၊ ချစ်သူရည်းစားရွေးချယ်ကြတဲ့ နေရမှာတော့ ခန္ဓာကိုယ်အချိုးအစား သတ်မှတ်ပြီး ရွေးချယ်ကြတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အာဂျင်တီးနား သတင်းဌာနရဲ့ ၂၀၁၇ ခုနှစ်အတွက် စစ်တမ်းကောက် မှတ်တမ်းမှာဆိုရင် လည်း လက်တွဲဖော်အိမ်ထောင်ဖက် အမျိုးသားတွေကို ပိုမိုပျော်ရွှင်မှုပေးနိုင်တဲ့ အမျိုးသမီးတွေမှာ ခပ်ပိန်ပိန်ပါးပါး မိန်းကလေးတွေထက်စာရင် ခန္ဓာကိုယ်ပြည်ပြည့်ဝဝ မိန်းကလေးတွေကသာ ပျော်ရွှင် မှုတွေ ပိုမိုဖန်တီးပေးနိုင်ကြလေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့ကြောင့်မို့လို့ အမျိုးသားတွေအ နေနဲ့ ဖက်တီးလေးတွေကို ရွေးချယ်လက်တွဲရင်းနဲ့ ပျော်ရွှင်ကြည်နူးမှု၊ သာယာပြုံးပျော်မှုတွေ ပိုမိုခံစား ပိုင်ဆိုင်နိုင်ကြနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်အောင်ဗိုလ်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top