ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
သေဆုံးသူမိန်းကလေး၏ ရည်းစားဖြစ်သူလူငယ်က၄င်းကို လက်မထပ်နိုင်ကြောင်းနှင့်ငွေကြေးချမ်းသာသူကိုသာရွေးချယ်လက်ထပ်မည်ဟုပြောခဲ့သောကြောင့်ကြိုတင်ယူဆောင်လာသော သံကတ်ကြေးဖြင့်ထိုးသတ်ခဲ့မှုကို ဖော်ထုတ်အရေးယူလိုက်နိုင်ကြောင်း သိရသည်။
ချမ်းသာသူနဲ့ပဲလက်ထပ်မယ်ပြောတဲ့ ချစ်သူမိန်းကလေးကို ရည်းစားဖြစ်သူမှ ကတ်ကြေးနဲ့ အချက်(၃၀)ထိုးသတ် 4
စုံစမ်းသိရှိရသည်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု ဝါရီကောစူ ကျေးရွာအနီးရှိစပါးများရိတ်သိမ်းပြီးစုပုံထားသော ကောက်ရိုးပုံအနီး တွင် အမျိုးသမီးငယ်တစ်ဦးဒဏ်ရာများစွာရရှိလျက်သေဆုံနေသည်ကိုငရုတ်ခင်း၌ ငရုတ်သီးခူးပြန်လာသူများကတွေ့ရှိခဲ့ကြသည်။
သတင်းရရှိသည်နှင့်လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဌေး နယ်ထိန်းအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့တို့က သက်သေများနှင့်အတူအလောင်းတွေ့ရှိရာသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
ဝဲဘက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်|ဝဲဘက်လက်ခလယ်တွင်ပြတ်ရှဒဏ်ရာတစ်ချက်|စုစုပေါင်း ထိုးသွင်းဒဏ်ရာအချက်(၃၀)ရရှိထားပြီး နှာခေါင်းမှငွေးများယိုစီးထွက်ကျနေသည်ကို တွေ့လိုက်ရသည်။
ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ အကူအညီဖြင့် သေဆုံးသူ၏ မိဘဆွေမျိုးများထံမှ သတင်းရယူခြင်း၊သေဆုံးသူသူငယ်ချင်းများထံမှ သတင်းရယူခြင်းပြုလုပ်ခဲ့သောအခါ သေဆုံးသူ၏ရည်းစားဖြစ်သူ ရဲမင်းထိုက်(ခ)အောင်ငဲဖြစ်ကြောင်းသိရပြီး မိုးဗြဲမြို့တွင်နေထိုင်ကြောင်းသိရသည်။
ရဲမင်းထိုက်(ခ)အောင်ငဲက ဝန်ခံထွက်ဆိုရာတွင် ၄င်းနှင့်သေဆုံးသူမပွင့်ဖြူတို့သည် ချစ်သူများဖြစ်ကြကြောင်း၊၄င်းသည် လွိုင်ကော်မြို့၊ Water Boom တွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေ၍ သင့်တော်သောလစာရရှိကြောင်း၊သို့ဖြစ်၍ ချစ်သူမိန်းကလေးအား ဝါကျွတ်ပြီဖြစ်၍ လက်ထပ်ရန်ပြောဆိုခဲ့သောအခါ လက်ထပ်ရန်မဖြစ်နိုင်သေးကြောင်း ပြောခဲ့သည်ဟုဆို၏။
Credit:D Khit Media
စိုင်းမင်းအောင်
#Unicode Version#
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု ဝါရီကောစူကျေးရွာအနီးလယ်ကွင်းထဲမှ ကောက်ရိုးပုံ အနီးတွင် အသက်၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးထိုးသွင်းဒဏ်ရာများစွာဖြင့်သေဆုံးနေမှုကို လွိုင်ကော်မြို့မရဲစခန်းမှူးဦးဆောင်သောရဲတပ်ဖွဲ့ဝင်များကစုံစမ်းဖော်ထုတ်ခဲ့ရာ
သေဆုံးသူမိန်းကလေး၏ ရည်းစားဖြစ်သူလူငယ်က၎င်းကို လက်မထပ်နိုင်ကြောင်းနှင့်ငွေကြေးချမ်းသာသူကိုသာရွေးချယ်လက်ထပ်မည်ဟုပြောခဲ့သောကြောင့်ကြိုတင်ယူဆောင်လာသော သံကတ်ကြေးဖြင့်ထိုးသတ်ခဲ့မှုကို ဖော်ထုတ်အရေးယူလိုက်နိုင်ကြောင်း သိရသည်။
စုံစမ်းသိရှိရသည်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု ဝါရီကောစူ ကျေးရွာအနီးရှိစပါးများရိတ်သိမ်းပြီးစုပုံထားသော ကောက်ရိုးပုံအနီး တွင် အမျိုးသမီးငယ်တစ်ဦးဒဏ်ရာများစွာရရှိလျက်သေဆုူံနေသည်ကိုငရုတ်ခင်း၌ ငရုတ်သီးခူးပြန်လာသူများကတွေ့ရှိခဲ့ကြသည်။
အလောင်းတွေ့ရှိမှုကိုကျေးရွာအုပ်ချုပ်ရေးမှူးထံပြောပြခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကလွိုင်ကော်မြို့မရဲစခန်းသို့ဆက်သွယ်သတင်းပို့ခဲ့သည်။
သတင်းရရှိသည်နှင့်လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဌေး နယ်ထိန်းအဖဲ့ွခေါင်းဆောင်နှင့်အဖွဲ့တို့က သက်သေများနှင့်အတူအလောင်းတွေ့ရှိရာသို့သွားရောက်စစ်ဆေးခဲ့ကြသည်။
ရွာသားအချို့ပြောပြချက်အရ သေဆုံးသူမှာဆီမီးလော့ရွာနေ မပွင့်ဖြူ ၁၈ နှစ်ဟုသိရသည်။အလောင်းအားစစ်ဆေးရာ အခြားတစ်နေရာမှသယ်ဆောင်လာပြီးစွန့်ပစ်ထားသည့်သွေးစက်လမ်းကြောင်းကိုတွေ့ခဲ့သည်။
စခန်းမှူး ဒုရဲမှူးဝင်းဌေးက အလောင်းအားစစ်ဆေးရာ ဝဲဘက်ခါးစောင်းတွင် ထိုးသွင်းဒဏ်ရာနှစ်ချက် ဝမ်းဗိုက်တွင်ထိုးသွင်းဒဏ်ရာ၁၀ချက်|ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာကိုးချက်|ယာဘက်အရင်အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်|ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်|ဝဲဘက်ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်|ဝဲဘက်လက်ဖျံတွင် ထိုးသွင်းဒဏ်ရာတစ်ချက်|
ဝဲဘက်ချိူင်းအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်|ဝဲဘက်လက်ခလယ်တွင်ပြတ်ရှဒဏ်ရာတစ်ချက်|စုစုပေါင်း ထိုးသွင်းဒဏ်ရာအချက်(၃၀)ရရှိထားပြီး နှာခေါင်းမှငွေးများယိုစီးထွက်ကျနေသည်ကို တွေ့လိုက်ရသည်။
သေဆုံးသူကို လုယက်မှုကျူးလွန်သူက အငြိုးအတေးကြီးစွာဖြင့် ထိုးသတ်မှုဟုကောက်ချက်ချပြီး အလောင်းအား ရဲဆေးစာနှင့်အတူ လွိုင်ကော်မြို့နယ်ဆေးရုံသို့ပို့ဆောင်အပ်နှံခဲ့သည်။
၎င်းအမှုကို လွိုင်ကော်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုပ်မ ၃၀၂ဖြင့်အရေးယူကာ အမှုစစ်အဖြစ် စခန်းမှူး ဒုရဲမှူးဝင်းဌေးက တာဝန်ယူပြီး ရဲစခန်းရှိ နယ်ထိန်းအဖွဲ့များ၊ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မှုကိုပြုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ အကူအညီဖြင့် သေဆုံးသူ၏ မိဘဆွေမျိူးများထံမှ သတင်းရယူခြင်း၊သေဆုံးသူသူငယ်ချင်းများထံမှ သတင်းရယူခြင်းပြုလုပ်ခဲ့သောအခါ သေဆုံးသူ၏ရည်းစားဖြစ်သူ ရဲမင်းထိုက်(ခ)အောင်ငဲဖြစ်ကြောင်းသိရပြီး မိုးဗြဲမြို့တွင်နေထိုင်ကြောင်းသိရသည်။
မသင်္ကာသူ ရဲမင်းထိုက်(ခ)အောင်ငဲအားစုံစမ်းရာ ၎င်းသည် လွိုင်ကော်မြို့ Water Boomတွင် အလုပ်လုပ်ကိုင်သူဟုသိရသည်။ဒုရဲအုပ်ဝင်းဌေးနှင့်အဖွဲ့က. မိုးဗြဲမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ရဲမင်းထိုက်(ခ)အောင်ငဲ၏နေအိမ်သို့ သွားရောက်ရှာဖွေသောအခါ မသကာသူ ရဲမင်းထိုက်(ခ)အောင်ငဲကိုတွေ့ရသဖြင့်ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့သည်။
ရဲမင်းထိုက်(ခ)အောင်ငဲက သေဆုံးသူနှင့်ရည်းစာဖြစ်သည်မှာမှန်သော်လည်း ချစ်သူမိန်းကလေးကို သတ်ခဲ့သူမှာသူမဟုတ်ကြောင်းအကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။
စခန်းမှုးဦးဆောင်သာ အမှုစစ်အဖွဲ့က ကြိုတင်စုံစမ်းရရှိသောမြေပြင်သတင်းအရ. အခင်းဖြစ်တဲ့နေ့က ရဲမင်းထိုက်(ခ)အောင်ငဲ၏ နာရီစဉ်လှုပ်ရှားမှုများကို ကြိုတင်ရရှိထားသော သတင်းများနှင့်တိုက်ဆိုင်စစ်ဆေးသောအခါ ရဲမင်းထိုက်(ခ)အောင်ငဲ (၂၀ နှစ်)မှာ ငြင်းကွယ်နိုင်စွမ်းမရှိ၍ ချစ်သူမိန်းကလေးကို နာကြည်းခံပြင်းဒေါသစိတ်ဖြင့်ငတ်ခဲ့မိကြောင်းဝန်ခံထွက်ဆိုခဲ့သည်။
ရဲမင်းထိုက်(ခ)အောင်ငဲက ဝန်ခံထွက်ဆိုရာတွင် ၎င်းနှင့်သေဆုံးသူမပွင့်ဖြူတို့သည် ချစ်သူများဖြစ်ကြကြောင်း၊၎င်းသည် လွိုင်ကော်မြို့၊ Water Boom တွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေ၍ သင့်တော်သောလစာရရှိကြောင်း၊သို့ဖြစ်၍ ချစ်သူမိန်းကလေးအား ဝါကျွတ်ပြီဖြစ်၍ လက်ထပ်ရန်ပြောဆိုခဲ့သောအခါ လက်ထပ်ရန်မဖြစ်နိုင်သေးကြောင်း ပြောခဲ့သည်ဟုဆို၏။
နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက် ၁နာရီတွင် အခုပ်လုပ်နေသည့်နေရာမှ မိုးဗြဲမြို့၊ စည်းကား (၁)ရပ်ကွက်ရှိ နေအိမ်သို့ပြန်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိသောအခါ မိသားစုများမသိရှိစေရန် သံကတ်ကြေးကို ယူဆောင်၍ မပွင့်ဖြူ နှင့်ချိန်းဆိုထားသော ဆီမီးလော့ရွာသို့သွားခဲ့သည်ဟုဆို၏။
ရဲမင်းထိုက်(ခ)အောင်ငဲသည် နေအိမ်ရှိရာသို့ပြန်ခဲ့စဉ်က WY စိတ်ကြွဆေးပြားတစ်ပြားကို သုံးစွဲခဲ့သည်ဟုဆို၏။ချစ်သူနေထိုင်ရာ ဆီမီးလော့ရွာသို့ရောက်သောအခါ ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျေးရွာသို့သွားသည့်လမ်း၏ မနီးမဝေးရှိ လယ်ကွင်းထဲမှလယ်တဲတွင်တွေ့ဆုံခဲ့ကြသည်ဆို၏။ချစ်သူချင်းတွေ့ဆုံစဉ် မပွင့်ဖြူအားစွဲစွဲမြဲမြဲချစ်ကြိုက်မိသူဖြစ်၍လက်ထပ်ရန်ပြောခဲ့သည်။အမှန်တကယ်လက်ထပ်ပေါင်းသင်းလိုစိတ်ရှိပါက၎င်းနှင့်အတူတပါတည်းခိုးရာလိုက်ပြေးရန်ပြောခဲ့သည်။
ထိုအခါ မပွင့်ဖြူက ရဲမင်းထိုက်(ခ)အောင်ငဲကို ချစ်သူအဖြစ်သတ်မှတ်ကြောင်း၊အချစ်နှင့်ဘဝသည် ခြားနားမှုရှိကြောင်း၊ ပိုက်ဆံချမ်းသာသူကိုသာ လက်ထပ်မည်ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။ရဲမင်းထိုက်(ခ) အောင်ငဲက မခံချင်စိတ်ဖြစ်ပေါ်စေရန် ပြောသည်ဟုယူဆပြီး ထဏ်မံမေးသောအခါ ပိုက်ဆံရှိသူနှင့်သာ လက်ထပ်မည်ဟု ထပ်မံပြောခဲ့သည်။
ထိုသို့ပြောဆိုခံရခြင်းကြောင့် နာကျင်ခံစားမှုဖြစ်ပေါ်ကာ အသင့်ယူဆောင်လာသော ကတ်ကြေးဖြင့် အဆက်မပြတ်ထိုးသတ်ခဲ့မိသည်ဆို၏။
သေဆုံးသွားသော ချစ်သူမိန်းကလေးကို ပခုံးပေါ်ထမ်းတင်ကာ တစ်ဖက်လယ်ကွင်းထဲရှိ စပါးရိတ်သိမ်းပြီး စုပုံထားကောက်ရိုးပုံတွင် ပစ်ခဲ့သည်ဆို၏။
လူသတ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သော ကတ်ကြေးကို ရေဖြင့်ဆေးကြော၍ နေအိမ်တွင်ပြန်ထားခဲ့သည်ဆို၏။၎င်းအပြင် လူသတ်မှုကျူ းလွန်စဉ်က သွေးများပေကျံနေသော မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အစားများကို ချွတ်လဲ၍ လမ်းဘေးတစ်နေရာရှိ ကောရ်ရိုးပုံတွင် ရောနှောမီးရှို့၍ ဖျောက်ဖျက်ပစ်ခဲ့ပြီးမှ မိုးဗြဲမြို့ရှိနေအိမ်သို့ ပြန်ကာ ကတ်ကြေးကို မိသားစုများမသိရှိစေရန် မူလနေရာတွင် ပြန်ထားခဲ့ခြင်းဖြစ်ကြောင်းထပ်မံထွက်ဆိုခဲ့သည်။
ရဲမင်းထိုက်(ခ)အောင်ငဲက နိုဝင်ဘာ (၂၈)ရက်နေ့တွင် အမှုစစ် ရဲအရာရှိထံ ကျူ းလွန်ခဲ့ပုံကိုဝန်ခံပြီးနောက်၎င်း၏လွတ်လပ်သောသဘောဆနအရ မြို့နယ်တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့သည်။
အမှုစစ်က အရေးကြီးသောသက်သေခံပစ္စည်းဖြစ်သည့် လူသတ်ရာတွင် အသုံးပြုသော သံကတ်ကြေးကို လူသတ်မှုကျူ းလွန်သူ ရဲမင်းထိုက်(ခ)အောင်ငဲ၏ ပြောပြ လိုက်ပါပြသပေးအပ်ချက်အရ သက်သေခံပစ္စည်းအဖြစ်သိမ်းယူခဲ့သည်။အမှုသစ် ဒုရဲမှူးဝင်းဌေးက ခရိုင်တရားရုံးသို့ အမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:D Khit Media
စိုင်းမင်းအောင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top