ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ငါးသိုင္းေခ်ာင္း - ဂြကားလမ္းေပၚတြင္ အုတ္ဖုတ္လုပ္သားမ်ားတင္ေဆာင္လာသည့္ယာဥ္ တိမ္းေမွာက္မႈျဖစ္ ပြားခဲ့ၿပီး တစ္ဦးေသဆုံးကာ ၁၂ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒီဇင္ဘာ ၃ ရက္က သိရသည္။

ဒီဇင္ဘာ ၂ ရက္ ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္း - ဂြကားလမ္းေပၚတြင္ အုတ္ဖုတ္ လုပ္သားမ်ား တင္ေဆာင္လာသည့္ ကားတစ္စီး တိမ္းေမွာက္သျဖင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးၿပီး ၁၂ ဦး ေဆး႐ုံတင္ထားရေၾကာင္းသတင္းအရ သက္ဆိုင္ရာက သြားေရာက္စစ္ေဆးခဲ့သည္။

သက္ဆိုင္ရာ၏ စုံစမ္းခ်က္အရ ပုသိမ္ၿမိဳ႕မွ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ အုတ္ဖုတ္လုပ္သားမ်ားတင္ေဆာင္လာသည့္ SKAT အမ်ိဳးအစားယာဥ္သည္ ငါးသိုင္းေခ်ာင္း - ဂြလမ္းေပၚ မိုင္တိုင္ ၂၅ အေရာက္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္သည္။

ဒဏ္ရာရရွိသူမ်ားကို ပုသိမ္ေဆး႐ုံႏွင့္ရန္ကုန္ေဆး႐ုံႀကီးတို႔တြင္ တင္ပို႔ကုသထားရေသာေၾကာင့္ ယာဥ္ေမာင္း ကိုအေရးယူေပးရန္တိုင္ၾကားခဲ့သည္။

ကုန္းျပင္နယ္ေျမ ရဲစခန္းက (ပ) ၁၇/၂၀၁၈ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၄-က/၃၈၈/၃၃၇ အရ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time

#Unicode Version#

ငါးသိုင်းချောင်း - ဂွကားလမ်းပေါ်တွင် အုတ်ဖုတ်လုပ်သားများတင်ဆောင်လာသည့်ယာဉ် တိမ်းမှောက်မှုဖြစ် ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒီဇင်ဘာ ၃ ရက်က သိရသည်။ 

ဒီဇင်ဘာ ၂ ရက် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း - ဂွကားလမ်းပေါ်တွင် အုတ်ဖုတ် လုပ်သားများ တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၂ ဦး ဆေးရုံတင်ထားရကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ပုသိမ်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ မောင်းနှင်လာသော အုတ်ဖုတ်လုပ်သားများတင်ဆောင်လာသည့် SKAT အမျိုးအစားယာဉ်သည် ငါးသိုင်းချောင်း - ဂွလမ်းပေါ် မိုင်တိုင် ၂၅ အရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ 

ဒဏ်ရာရရှိသူများကို ပုသိမ်ဆေးရုံနှင့်ရန်ကုန်ဆေးရုံကြီးတို့တွင် တင်ပို့ကုသထားရသောကြောင့် ယာဉ်မောင်း ကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။ 

ကုန်းပြင်နယ်မြေ ရဲစခန်းက (ပ) ၁၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄-က/၃၈၈/၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top