ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit:BurmeseAsia
#Unicode Version#
အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ ပတ်သက်လို့ သစ္စာမဲ့မှုတွေ၊ ဖောက်လွဲဖောက်ပြန်ဖြစ်မှုအကြောင်းတွေကို ပြောကြဆိုကြပြီဆိုရင် အားလုံးလိုလိုက ဒါ ယောင်္ကျားတွေပဲဖြစ်မယ်ဆိုပြီး အလိုအလျောက် တွေးလိုက်တတ်ကြတယ်။ အချိန်တွေရင်း၊ အတူရှိခဲ့တဲ့ ချစ်ဆက်ဆက်နွှယ်မှုတစ်ခု ပြိုကွဲသွားတဲ့ အကြောင်းအရင်းကလည်း သူပဲလို့ ကျိန်သေးပေါက် ထင်မှတ်သွားကြတယ်။ ဒါပေမယ့် တကယ့် တကယ်တမ်းမှာ အမျိုးသမီးတွေ ဖောက်ပြန်တဲ့ ကိစ္စတွေလည်း အများကြီးရှိနေပါတယ်။
အမျိုးသမီးတွေ ဖောက်ပြန်ပြီဆိုရင်လည်း သတိပြုနိုင်ဖို့က တစ်ခါတစ်လေမှာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ခံစားမှုတွေကို ရင်းနှီးထားတဲ့အတွက်ကြောင့် ကိုယ့်နဲ့ဆိုင်သူ တစ်ခုခုလွဲမှားနေပြီးဆိုရင် အလိုအလျောက် ခံစားမိတတ်ကြတယ်။ အမျိုးသားတွေက အမျိုးသမီးတွေလိုမဟုတ်ဘဲ အနုစိတ် အာရုံခံစားမှု ရှိချင်မှရှိမယ်၊ ဒါပေမယ့် ဒီနေရာမှာတော့ အာရုံစိုက်ဖို့နဲ့ ပင်ကိုအသိကြီးဖို့က အရေးကြီးပါတယ်။သင့် ကောင်မလေး သင့်အပေါ် တစ်ခုခုမှားယွင်းနေပြီဆိုတာကို အောက်ဖော်ပြပါ လက္ခဏာများနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။
အမြဲလိုလို သိုဝှက်လာတယ်…
လူတစ်ယောက် ဆက်နွှယ်မှုပြုတဲ့အခါမှာ ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်ကြတယ်။ အရာရာကို မျှဝေခံစားချင်လာမယ်၊ နောက်ဆုံး သူငယ်ချင်းတွေ၊ မိသားစုတွေတောင် မသိတဲ့ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ပြောပြဖြစ်တဲ့အထိ စိတ်ချချင်တယ်။ အဲ့ဒီတော့ ယုံကြည်မှုတွေနဲ့ သီးသန့်ဆန်တဲ့ ဆက်နွှယ်မှုတစ်ခုဖြစ်လာအောင် တည်ဆောက်ကြတယ်ပေါ့။
အဲ့လိုမှာမှ ကိုယ့်ကောင်မလေးက စပြီး ခြေလှမ်းပြီးဆိုရင် သိပ်သိသာပါတယ်။ သူရဲ့ နေ့စဉ်ဆောင်တာတွေကို အသိမပေးတော့တာ၊ မေးရင်လည်း ချက်ချင်း လမ်းကြောင်းပြောင်းလိုက်တာ။ ဒါပေမယ့် ဒါကို တထစ်ချကြီး ဖောက်ပြန်နေပြီးလို့ မယူဆသင့်ပါဘူး။ တစ်ခါတစ်ခါ သင့်နဲ့ ရည်းစားဘဝမှာ တစ်ခုခုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာမျိုးလည်းဖြစ်နိုင်တယ်။ သူမနဲ့ ပတ်သက်ပြီး သင်နားမလည်နိုင်တဲ့ တစ်စုံတစ်ခုလည်းရှိနေနိုင်ပြီ။ ဒီလောက်ဆို သတိပြုမိလောက်ပြီး ထင်ပါတယ်။
အသက်အရွယ်ကို ထည့်မစဉ်းစားဘူးဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေထက် ခံစားမှုတွေကို ပိုပြီး ထုတ်ဖော်တတ်ကြတယ်။ တကယ်လိုသာ သူမက ပွင့်လင်းမှုတွေမရှိတော့ဘူးဆိုရင် တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြားနေတာမျိုး ဖြစ်နေနိုင်တယ်။ အရာကိစ္စအကြောင်းတွေကိုလည်း သူမအနေနဲ့ ကြုံဖူးပြီးသားဖြစ်နေရင် ပြောဖို့ခက်နေမျိုးတွေရှိလိမ့်မယ် (ဒီဆိုင်ရောက်ဖူးနေတာ၊ ကိုယ်နဲ့ မဖြစ်ဖူးတာတွေ ရှိပြီးနေတာ)။ သူမရဲ့ ခံစားမှုဆိုင်ရာ ကိစ္စတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ တစ်စုံတစ်ယောက်က ပေါ်လာပြီဆိုတာနဲ့ တဖြည်းဖြည်း သင့်အပေါ်မှာ ပွင့်ပွင့်လင်းလင်းရှိဖို့ဝေးရောပဲ။
ဖုန်းကို ကိုယ်မတွေ့အောင် ဖွက်သုံးတာ…
သူမ တစ်ခုခုအမှားလုပ်ထားပြီဆိုတာ ဒီလိုလုပ်နေတာက ထင်ရှားသိသာစေပါတယ်။ သူမနဲ့ အတူရှိနေချိန် ဖုန်းကို အဝေးဆုံးပို့ထားမယ်။ မှန်တာပေါ့ လျှို့ဝှက်ထားတာတွေကို ခင်ဗျားတွေ့သွားပြီး ဖြစ်လာမယ့် အန္တရာယ်တွေ မလိုလားဘူးလေ။
ဒါက သူမရဲ့ အမူအကျင့်တွေပေါ်က ပြောင်းလဲမှုလည်းဖြစ်နိုင်သလို၊ အပေါ်ကပြောခဲ့သလိုလည်း ရှိနိုင်တယ်။ ဘာလိုပဲရှိရှိ နှစ်မျိူးလုံးက ညီအကိုအတွက်တော့ မကောင်းဘူး။ ချစ်သူအရေးကို နောက်တစ်ခါ ပြန်စဉ်းစားချင်တဲ့ လက္ခဏာမျိုးဆိုလည်း ဟုတ်တယ်။ တစ်နည်းအားဖြင့်တော့ တခြားတစ်ယောက်ကို ဘဝမှာ ဦးစားပေး လက်ခံမထားလို့တော့ဘူး။
အသေးအဖွဲ့တွေကအစ ပေါ့ပေါ့ဆဆရှိလာတာ
အမျိုးသမီးတွေက ချစ်သူစဖြစ်တာ၊ မဖြစ်ခင် ပိုးပန်းတာကအစ အားလုံးကို သေသေချာချာမှတ်ထားတတ်ကြတယ်။
ကိုယ်လည်း ကိုယ့်ကောင်မလေး ဘာတွေ ကြိုက်တတ်တယ်၊ ဘာဝါသနာပါလဲ မေးမှာပဲ။ အဲ့ဒီ့တော့ သူမဘာကြိုက်တယ်၊ ဘာကို စိတ်ဝင်စားတယ်ဆိုပြီး ပြောပြဖူးတာတွေကို ပြန်မေးကြည့်ကြည့်ပါ။
အဲ့ဒီ့ထဲမှာမှ သူမ ကြိုက်ပါတယ်၊ စိတ်ဝင်စားပါတယ်ဆိုတာတွေက အစစ်အမှန်ဆိုရင် ဒါတွေနဲ့ ပတ်သက်ပြီး ဖွင့်ချပြဖို့ သူမအနေနဲ့ ဘာ ပြဿနာမှ မရှိရဘူး။ အမ်.. အဲ့လို့ မေးတာကိုမှ ပိတ်ပင်၊ မြုံနေတာဆိုရင်တော့ မလွယ်ဘူး အစ်ကိုရေ…။
အမြဲတမ်း စိတ်မပါ၊ ဆန္ဒမရှိဖြစ်နေတာ…
ပြောရရင်မယ်ဆိုရင်တော့… ကြင်နာမှု အထိအတွေ့ဆက်ခံမှုတွေကလည်း သိပ်စကားပြောပါတယ်။ သူမနဲ့ တစ်ခါ နောက်ဆုံး ရရှိဖူးတဲ့၊ ဖြစ်ဖူးတဲ့၊ လုပ်ခြင်းတွေကို ကောင်းခြင်းတွေကို သင့်အနေနဲ့ မမှတ်မိနိုင်ဘူးဆို သင့်တို့ နှစ်ယောက်ကြားမှာ ပြဿနာရှိနေပါပြီ။ သူမက သင့်နဲ့ရှိချိန်မှာ ပျော်မနေဘူးဆိုရင် သူမကို ပျော်အောင်ထားတဲ့ သူရှိနေပြီး ဆရာ။
ချစ်မှုရေးရာကို အမျိုးသမီးတွေက ခံစားမှုပိုင်ဆိုင်ရာ အရာတစ်ခုအနေနဲ့ မြင်ကြတယ်။ အဲ့လိုကြီးရဖို့အတွက်လည်း အမြဲကြီး ဒါကို လုပ်နေကြတာမဟုတ်ပြန်ဘူး။ မပျော်ဘဲ၊ မကြိုက်ဘဲနဲ့တော့ သင့်အနားမှာရှိနေမှာ မဟုတ်ဘူး။
ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top