ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လြန္ခဲ့ေသာ ၁၅ ႏွစ္ခန႔္က Mou Cuicui ဆိုသူ မိန္းကေလးက Guanrao Country ရွိ Shandong ေနအိမ္ကေန ထြက္ေပးခဲ့ပါတယ္။ အဲဒိေနာက္မွာေတာ့ အိမ္ေျပးေလး Mou Cuicui ကို သူ႔မိသားစုေတြက ဘယ္မွာမွလိုက္ရွာလို႔မရေတာ့ပဲ စုန္းစုန္းျမဳတ္ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

ေျခလက္အဂၤါမျပည့္စုံပဲ သီခ်င္းဆိုၿပီး ေတာင္းစားေနတဲ့ သနားစရာအမ်ိဳးသမီးတစ္ဦး၏ ဗီဒီယိုဖိုင္တစ္ခု တ႐ုက္ဆိုရွယ္မီဒီယာတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး ထိုဗီဒီယိုကို အထပ္ထပ္အခါခါၾကည့္မိတဲ့ အစ္ကိုက ဒါဟာ သူ႔ညီမ Mou Cuicui ေသခ်ာတယ္ဟုဆိုကာ အျခားေသာ မိသားစုဝင္မ်ားကို ျပသၾကည့္တဲ့အခါမွာေတာ့ မိခင္ျဖစ္သူက ရႈိက္ႀကီးတစ္ငင္ငင္နဲ႔ ငိုပါေလေတာ့တယ္။ သူ႔သမီးေလးဟာ ေျခလက္အဂၤါျပည့္စုံသူျဖစ္ၿပီး အရပ္အျမင့္ ၁၆၅ စင္တီမီတာရွိေပမယ့္ ဗီဒီယိုထဲက အမ်ိဳးသမီးကေတာ့ လက္ေကာက္ဝတ္နဲ႔ ေျခခ်င္းဝတ္ႏွစ္ဖက္လုံး ျပတ္ေနသူ ျဖစ္ေနတဲ့အတြက္ သူ႔သမီးရဲ႕ အျဖစ္ဆိုးအတြက္ ယူက်ဳံးမရျဖစ္ခဲ့ၿပီး ဒါဟာသူ႔သမီးပဲလို႔ တစ္ထစ္ခ် ယုံၾကည္ခဲ့ပါတယ္။

ဗီဒီယိုကို မိသားစုဝင္ေတြ အားလုံးၾကည့္ရႈခဲ့ၿပီးေနာက္ ဒါဟာ အိမ္ကထြက္ေျပးၿပီး ေပ်ာက္ဆုံးသြားတဲ့ သူတို႔သမီးေလးျဖစ္တယ္လို႔ မိသားစုဝင္ေတြ အကုန္လုံးက အတည္ျပဳခဲ့ၾကပါတယ္။

ဒီသတင္းဟာ အြန္လိုင္နဲ႔ သတင္းမီဒီယာေတြမွာ ထပ္မံပ်ံ႕ႏွံ႔ခဲ့ၿပီး သူေတာင္းစားမေလးကို အြန္လိုင္းသုံးသူေတြက ကူညီရွာေဖြကာ ဘယ္မွာရွိေနတယ္ဆိုတာကို သတင္းေပးခဲ့ၾကပါတယ္။ Zunyi ၿမိဳ႕က ေဈးတစ္ခုထဲမွာ ရွိတယ္ဆိုတဲ့ သတင္းအရ မိသားစုေတြက လိုက္သြားခဲ့ၾကၿပီး ေတြ႕ဆုံခဲ့ၾကသည္။
Zunyi ၿမိဳ႕က ရဲေတြကလည္း အဆိုပါအမ်ိဳးသမီးရဲ႕ ကိစၥကို လိုက္လံစုံစမ္းမႈျပဳေနၾကၿပီး ႏွစ္ရက္ေလာက္အၾကာတြင္ လမ္းမေတြေပၚကေန ေပ်ာက္ကြယ္သြားျပန္သည္။

ၿပီးခဲ့တဲ့ ၾကာႆပေတးေန႔က Nie ဟု အမည္ရတဲ့ အဆိုပါ မသန္စြမ္းေတာင္းစားသူ အမ်ိဳးသမီးက ရဲစခန္းသို႔ ကိုယ္တိုင္လာေရာက္ခဲ့ၿပီး သူမဟာ ဗီဒီယိုထဲက အမ်ိဳးသမီးျဖစ္တာ ဟုတ္မွန္ေၾကာင္း၊ ဒါေပမယ့္ ေပ်ာက္ဆုံးသြားတဲ့ မိန္းကေလး Mou Cuicui မဟုတ္ေၾကာင္းႏွင့္ သူမကို ထပ္မံ၍ မေႏွာက္ယွက္ၾကရန္ လာေရာက္ထြက္ဆိုခဲ့သည္။ သူမရဲ႕ လက္နဲ႔ ေျခေထာက္ေတြကို ဂိုဏ္းအဖြဲ႕တစ္ခုက ျဖတ္ခဲ့တာ ျဖစ္ၿပီး အခုလိုေတာင္းစားေနရတာ ျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။
“ကြၽန္မက Shandong က မဟုတ္ပါဘူး။ ကြၽန္မဘဝကို မေႏွာက္ယွက္ၾကပါနဲ႔ရွင္” ဟု ေျပာၾကားခဲ့သည္။

အြန္လိုင္းေပၚမွလူမ်ားကေတာ့ သူမဟာ ဂိုဏ္းအဖြဲ႕၏ လက္ေအာက္တြင္ ရွိေနေသးၿပီး ဂိုဏ္းက သူေတာင္းစားအျဖစ္ အလုပ္ေစခိုင္ေနတာ ျဖစ္ႏိုင္ေၾကာင္း ခိုင္ခိုင္မာမာယုံၾကည္ေနၾကၿပီး သူမဟာ Mou Cuicui ဟုတ္၊ မဟုတ္ဆိုတာကို DNA(မ်ိဳး႐ီုးဗီဇ) စစ္ေဆးၾကည့္ဖို႔ တိုက္တြန္းအႀကံေပးလွ်က္ရွိၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့သော ၁၅ နှစ်ခန့်က Mou Cuicui ဆိုသူ မိန်းကလေးက Guanrao Country ရှိ Shandong နေအိမ်ကနေ ထွက်ပေးခဲ့ပါတယ်။ အဲဒိနောက်မှာတော့ အိမ်ပြေးလေး Mou Cuicui ကို သူ့မိသားစုတွေက ဘယ်မှာမှလိုက်ရှာလို့မရတော့ပဲ စုန်းစုန်းမြုတ် ပျောက်ဆုံးသွားခဲ့ပါတယ်။

ခြေလက်အင်္ဂါမပြည့်စုံပဲ သီချင်းဆိုပြီး တောင်းစားနေတဲ့ သနားစရာအမျိုးသမီးတစ်ဦး၏ ဗီဒီယိုဖိုင်တစ်ခု တရုက်ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီး ထိုဗီဒီယိုကို အထပ်ထပ်အခါခါကြည့်မိတဲ့ အစ်ကိုက ဒါဟာ သူ့ညီမ Mou Cuicui သေချာတယ်ဟုဆိုကာ အခြားသော မိသားစုဝင်များကို ပြသကြည့်တဲ့အခါမှာတော့ မိခင်ဖြစ်သူက ရှိုက်ကြီးတစ်ငင်ငင်နဲ့ ငိုပါလေတော့တယ်။ သူ့သမီးလေးဟာ ခြေလက်အင်္ဂါပြည့်စုံသူဖြစ်ပြီး အရပ်အမြင့် ၁၆၅ စင်တီမီတာရှိပေမယ့် ဗီဒီယိုထဲက အမျိုးသမီးကတော့ လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်နှစ်ဖက်လုံး ပြတ်နေသူ ဖြစ်နေတဲ့အတွက် သူ့သမီးရဲ့ အဖြစ်ဆိုးအတွက် ယူကျုံးမရဖြစ်ခဲ့ပြီး ဒါဟာသူ့သမီးပဲလို့ တစ်ထစ်ချ ယုံကြည်ခဲ့ပါတယ်။

ဗီဒီယိုကို မိသားစုဝင်တွေ အားလုံးကြည့်ရှုခဲ့ပြီးနောက် ဒါဟာ အိမ်ကထွက်ပြေးပြီး ပျောက်ဆုံးသွားတဲ့ သူတို့သမီးလေးဖြစ်တယ်လို့ မိသားစုဝင်တွေ အကုန်လုံးက အတည်ပြုခဲ့ကြပါတယ်။

ဒီသတင်းဟာ အွန်လိုင်နဲ့ သတင်းမီဒီယာတွေမှာ ထပ်မံပျံ့နှံ့ခဲ့ပြီး သူတောင်းစားမလေးကို အွန်လိုင်းသုံးသူတွေက ကူညီရှာဖွေကာ ဘယ်မှာရှိနေတယ်ဆိုတာကို သတင်းပေးခဲ့ကြပါတယ်။ Zunyi မြို့က ဈေးတစ်ခုထဲမှာ ရှိတယ်ဆိုတဲ့ သတင်းအရ မိသားစုတွေက လိုက်သွားခဲ့ကြပြီး တွေ့ဆုံခဲ့ကြသည်။
Zunyi မြို့က ရဲတွေကလည်း အဆိုပါအမျိုးသမီးရဲ့ ကိစ္စကို လိုက်လံစုံစမ်းမှုပြုနေကြပြီး နှစ်ရက်လောက်အကြာတွင် လမ်းမတွေပေါ်ကနေ ပျောက်ကွယ်သွားပြန်သည်။

ပြီးခဲ့တဲ့ ကြာဿပတေးနေ့က Nie ဟု အမည်ရတဲ့ အဆိုပါ မသန်စွမ်းတောင်းစားသူ အမျိုးသမီးက ရဲစခန်းသို့ ကိုယ်တိုင်လာရောက်ခဲ့ပြီး သူမဟာ ဗီဒီယိုထဲက အမျိုးသမီးဖြစ်တာ ဟုတ်မှန်ကြောင်း၊ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ မိန်းကလေး Mou Cuicui မဟုတ်ကြောင်းနှင့် သူမကို ထပ်မံ၍ မနှောက်ယှက်ကြရန် လာရောက်ထွက်ဆိုခဲ့သည်။ သူမရဲ့ လက်နဲ့ ခြေထောက်တွေကို ဂိုဏ်းအဖွဲ့တစ်ခုက ဖြတ်ခဲ့တာ ဖြစ်ပြီး အခုလိုတောင်းစားနေရတာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
“ကျွန်မက Shandong က မဟုတ်ပါဘူး။ ကျွန်မဘဝကို မနှောက်ယှက်ကြပါနဲ့ရှင်” ဟု ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်မှလူများကတော့ သူမဟာ ဂိုဏ်းအဖွဲ့၏ လက်အောက်တွင် ရှိနေသေးပြီး ဂိုဏ်းက သူတောင်းစားအဖြစ် အလုပ်စေခိုင်နေတာ ဖြစ်နိုင်ကြောင်း ခိုင်ခိုင်မာမာယုံကြည်နေကြပြီး သူမဟာ Mou Cuicui ဟုတ်၊ မဟုတ်ဆိုတာကို DNA(မျိုးရီုးဗီဇ) စစ်ဆေးကြည့်ဖို့ တိုက်တွန်းအကြံပေးလျှက်ရှိကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top