ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သင့္ကေလးကိုအသက္ဘယ္အရြယ္အထိနို႕တုိ္က္မလဲဆိုသည္မွာမိခင္၏ဆံုးျဖတ္ခ်က္ေပၚတြင္မူတည္ပါသည္။

အရင္ေခတ္ကေတာ့ ကေလးမ်ားကိုအသက္တစ္ႏွစ္ေက်ာ္သည္အထိနို႕တိုက္ၾကပါသည္။

နွစ္ဆယ္ရာစုမေရာက္ခင္အထိကေတာ့ မိခင္နို႕တိုက္ေသာကေလးမ်ားအတြက္ နို႕ျဖတ္ဖို႕အခ်ိန္သည္ အေတာ္ေစာလွပါသည္။ မၾကာေသးမီက ကမာ႔ၻက်န္းမာေရးအဖြဲ႕အစည္းနွင့္ယူနီဆက္ဖ္တို႕ကေတာ့ ကေလးတစ္ေယာက္ကိုအသက္ေျခာက္လအထိမိခင္နုိ႕တစ္မ်ိဳးတည္းသာ တိုက္ေကြ်းျပီး အသက္နွစ္ႏွစ္နွင့္အထက္ကိုေတာ့မိခင္နို႕အျပင္ အစာအမာေကြ်းလို႕ရေၾကာင္း ေျပာၾကားထားပါသည္။ တကယ္ေတာ့ ထိုအၾကံဥာဏ္သည္ လူတိုင္းအတြက္ လက္ေတြ႕မဆန္ပါဘူး။ သုေတသနျပဳခ်က္မ်ားစြာက အနည္းဆံုး ကေလး ပထမတစ္ဆယ့္သံုးပတ္အထိ အျခားအစာအမာမေကြ်းဘဲ မိခင္နို႕တစ္မ်ိဳးတည္းသာ တိုက္ေကြ်းျခင္းသည္ သင့္ကေလးကို အစာအိမ္ႏွင့္အူေရာင္ျခင္း ၊ အဆုတ္ပိုး၀င္ျခငး္မ်ားမွကာကြယ္ေပး နုိင္သည္ဟု ေဖာ္ျပထားပါသည္။

အကယ္၍သင္သည္ မိခင္နို႕တုိ္က္ရသည္ကို နွစ္သက္သည္ဆိုလွ်င္ သင့္ကေလးကို မည္သည့္အရြယ္ထိမဆို မိခင္နုိ႕ဆက္လက္တုိက္ေကြ်းနုိင္ပါသည္။ သင့္ကေလးအသက္တစ္နွစ္သို႕မဟုတ္ ႏွစ္နွစ္အရြယ္ေရာက္သည္အထိ မိခင္နုိ႕တုိ္က္ေကြ်းျခင္းသည္လည္းပဲ အဆင္ေျပပါသည္။ ကေလးေရာအေမပါအဆင္သင့္မျဖစ္ခင္မွာ မိခင္နုိ႕တို္က္ေကြ်းျခင္း မရပ္လိုက္ဖုိ႔ေတာ့လိုအပ္ ပါသည္။ သင့္မိသားစုနွင့္ သင္၏အိမ္ေထာင္ဖက္မွ ကူညီေထာက္ပံ့မွဳမ်ားသည္ သင္မိခင္နို႕တို္က္ခ်င္သည္႕ အခ်ိန္အထိ ဆက္လက္တို္က္နုိင္ဖို႕အတြက္ ပိုမိုလြယ္ကူေစပါသည္။

တစ္ခါတစ္ရံတြင္ မ္ိသားစုအတြက္သူငယ္ခ်င္းမ်ားအတြက္ အလုပ္အတြက္ ဖိအားမ်ား ရွိေနေသာ မိခင္မ်ားသည္ မိမိကိုယ္တုိင္အဆင္သင့္မျဖစ္ေသးမီ မိခင္နို႕တို္က္တာ ရပ္ဖို႕ဆံုးျဖတ္တတ္ၾကသည္။ ထို႕ေၾကာင့္ သင့္ကေလးကိုနို႕တုိက္တာရပ္မလား၊မရပ္ဘူးလားဆိုျခင္းသည္ သင္တစ္ဦးတည္းနွင့္ဆိုင္ေသာ ေရြးခ်ယ္မွဳ ျဖစ္ ပါသည္။ေသခ်ာစဥ္းစားျပီးမွဆံုးျဖတ္ပါ။ မိခင္အခ်ိဳ႕သည္ မိခင္နို႕ျဖတ္ျပီးမွသာလွ်င္ အလုပ္ျပန္လုပ္ရမည္ဟု ထင္ၾကသည္။တကယ္ေတာ့ အမ်ိဳးသမီးမ်ားစြာသည္ မိခင္နုိ႕နွင့္နုိ႕ဘူးေပါင္းစပ္တိုက္ေကြ်းရင္းႏွင့္ပင္ ို အလုပ္လုပ္ရင္း ကေလးငယ္မ်ားကို မိခင္နို႕ဆက္လက္တို္က္ၾကပါသည္။ မိခင္နုိ႕တုိ္က္ေကြ်းျခင္းသည္ ကေလးနွင့္ရင္းနွီးခ်စ္ခင္မွဳရရွိနုိင္သည့္ အေကာင္းဆံုးနည္းလမ္းတစ္ခုုျဖစ္ရံုသာမက ကေလးနွင့္အေမ ေန႕စဥ္ေ၀းကြာေနခ်ိန္အတြင္း အဆင္ေျပေအာင္လုပ္ေပးနုိင္သည့္ နည္းလမ္းတစ္ခုလည္း ျဖစ္ပါသည္။ သင့္ကေလးကိုဘယ္အရြယ္အထိနို႕တိုက္မလဲဆိုသည္မွာ ၾကီးမားေသာဆံုးျဖတ္ခ်က္တစ္ခုျဖစ္ျပီး သင့္စိတ္ခံစားခ်က္နွင့္ အေျခအေနမ်ား ေပၚတြင္မူတည္ေနပါသည္။သို႕ေသာ္လည္းသင့္ကေလးကို ပထမေျခာက္လ အတြင္းေတာ့ မိခင္ႏုိ႔မတိုက္မျဖစ္ တုိက္ကို တုိက္ရပါမည္။

မိခင္ေကာင္းတစ္ေယာက္ဆိုသည္ထက္ ေပ်ာ္ရႊင္ေသာမိခင္္တစ္ေယာက္ျဖစ္ဖို႕သည္ပို၍အေရးၾကီးပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:htoomyatlinn

#Unicode Version#
သင့်ကလေးကိုအသက်ဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာမိခင်၏ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါသည်။

အရင်ခေတ်ကတော့ ကလေးများကိုအသက်တစ်နှစ်ကျော်သည်အထိနို့တိုက်ကြပါသည်။

နှစ်ဆယ်ရာစုမရောက်ခင်အထိကတော့ မိခင်နို့တိုက်သောကလေးများအတွက် နို့ဖြတ်ဖို့အချိန်သည် အတော်စောလှပါသည်။ မကြာသေးမီက ကမာ့္ဘကျန်းမာရေးအဖွဲ့အစည်းနှင့်ယူနီဆက်ဖ်တို့ကတော့ ကလေးတစ်ယောက်ကိုအသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပြီး အသက်နှစ်နှစ်နှင့်အထက်ကိုတော့မိခင်နို့အပြင် အစာအမာကျွေးလို့ရကြောင်း ပြောကြားထားပါသည်။ တကယ်တော့ ထိုအကြံဉာဏ်သည် လူတိုင်းအတွက် လက်တွေ့မဆန်ပါဘူး။ သုတေသနပြုချက်များစွာက အနည်းဆုံး ကလေး ပထမတစ်ဆယ့်သုံးပတ်အထိ အခြားအစာအမာမကျွေးဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် သင့်ကလေးကို အစာအိမ်နှင့်အူရောင်ခြင်း ၊ အဆုတ်ပိုးဝင်ခြင်းများမှကာကွယ်ပေး နိုင်သည်ဟု ဖော်ပြထားပါသည်။

အကယ်၍သင်သည် မိခင်နို့တိုက်ရသည်ကို နှစ်သက်သည်ဆိုလျှင် သင့်ကလေးကို မည်သည့်အရွယ်ထိမဆို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ သင့်ကလေးအသက်တစ်နှစ်သို့မဟုတ် နှစ်နှစ်အရွယ်ရောက်သည်အထိ မိခင်နို့တိုက်ကျွေးခြင်းသည်လည်းပဲ အဆင်ပြေပါသည်။ ကလေးရောအမေပါအဆင်သင့်မဖြစ်ခင်မှာ မိခင်နို့တိုက်ကျွေးခြင်း မရပ်လိုက်ဖို့တော့လိုအပ် ပါသည်။ သင့်မိသားစုနှင့် သင်၏အိမ်ထောင်ဖက်မှ ကူညီထောက်ပံ့မှုများသည် သင်မိခင်နို့တိုက်ချင်သည့် အချိန်အထိ ဆက်လက်တိုက်နိုင်ဖို့အတွက် ပိုမိုလွယ်ကူစေပါသည်။

တစ်ခါတစ်ရံတွင် မိသားစုအတွက်သူငယ်ချင်းများအတွက် အလုပ်အတွက် ဖိအားများ ရှိနေသော မိခင်များသည် မိမိကိုယ်တိုင်အဆင်သင့်မဖြစ်သေးမီ မိခင်နို့တိုက်တာ ရပ်ဖို့ဆုံးဖြတ်တတ်ကြသည်။ ထို့ကြောင့် သင့်ကလေးကိုနို့တိုက်တာရပ်မလား၊မရပ်ဘူးလားဆိုခြင်းသည် သင်တစ်ဦးတည်းနှင့်ဆိုင်သော ရွေးချယ်မှု ဖြစ် ပါသည်။သေချာစဉ်းစားပြီးမှဆုံးဖြတ်ပါ။ မိခင်အချို့သည် မိခင်နို့ဖြတ်ပြီးမှသာလျှင် အလုပ်ပြန်လုပ်ရမည်ဟု ထင်ကြသည်။တကယ်တော့ အမျိုးသမီးများစွာသည် မိခင်နို့နှင့်နို့ဘူးပေါင်းစပ်တိုက်ကျွေးရင်းနှင့်ပင် ို အလုပ်လုပ်ရင်း ကလေးငယ်များကို မိခင်နို့ဆက်လက်တိုက်ကြပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးနှင့်ရင်းနှီးချစ်ခင်မှုရရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ရုံသာမက ကလေးနှင့်အမေ နေ့စဉ်ဝေးကွာနေချိန်အတွင်း အဆင်ပြေအောင်လုပ်ပေးနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ သင့်ကလေးကိုဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာ ကြီးမားသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး သင့်စိတ်ခံစားချက်နှင့် အခြေအနေများ ပေါ်တွင်မူတည်နေပါသည်။သို့သော်လည်းသင့်ကလေးကို ပထမခြောက်လ အတွင်းတော့ မိခင်နို့မတိုက်မဖြစ် တိုက်ကို တိုက်ရပါမည်။

မိခင်ကောင်းတစ်ယောက်ဆိုသည်ထက် ပျော်ရွှင်သောမိခင်တစ်ယောက်ဖြစ်ဖို့သည်ပို၍အရေးကြီးပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:htoomyatlinn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top