ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


မႏၲေလးၿမိဳ႕ က်ဳံးအေရွ႕ဘက္ျခမ္းတြင္ ေန႔ ည ဖြင့္လွစ္ႏိုင္သည့္ ေဈးသစ္တခုအား ယခုဘ႑ာႏွစ္အတြင္း တည္ေဆာက္ႏိုင္ရန္ စီစဥ္ေနေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံမွ သိရသည္။

အဆိုပါေဈးကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၆၂ လမ္းႏွင့္ ၆၆ လမ္းၾကား၊ ၁၄ လမ္း (က်ဳံးအေရွ႕ဘက္) တေလွ်ာက္တြင္ တည္ေဆာက္မည္ျဖစ္ကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး ေကာ္မတီ ဖြဲ႕စည္းၿပီး ျဖစ္သည္။

ေဈးသစ္အတြက္ ေျမတိုင္းျခင္း၊ ေျမျပဳျပင္ျခင္း၊ ေရေျမာင္းစနစ္ ျပဳျပင္ျခင္းမ်ားကို ပထမဦးစား လုပ္ေဆာင္မည္ျဖစ္ကာ လမ္းခင္းျခင္း၊ သစ္ပင္မ်ား စိုက္ပ်ိဳးျခင္းတို႔ ျပဳလုပ္ၿပီးမွသာ အေကာင္အထည္ေဖာ္ ေဆာက္လုပ္မည္ ျဖစ္သည္ဟု သိရသည္။

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က “က်ဳံးအေရွ႕ဘက္ကို ညပိုင္းအခ်ိန္မွာ စည္စည္ကားကားေလးနဲ႔ စားစရာေတြကို ဝယ္ယူစားသုံးလို႔ရမယ့္အျပင္ အပန္းေျဖ အနားယူႏိုင္ေအာင္အတြက္ပါ ေဈးတန္းတခု ေဖာ္ေဆာင္ေပးတာပါ၊ ေခတ္မီဆိုင္ခန္းေတြ ေဆာက္ရမွာဆိုေတာ့ လုပ္ငန္းအဆင့္ေတြမ်ားတဲ့ အတြက္ ၂ဝ၁၉ ခုႏွစ္ေလာက္မွ ေဈးက အေကာင္အထည္ ေပၚလာမွာပါ” ဟု ေျပာသည္။

ေဈးကို က်ဳံးအေရွ႕ဘက္ ၁၄ လမ္းရွိ ေရဆိုးေျမာင္းအား ႀကိဳတင္ ပုံစံေလာင္းထားသည့္ ကြန္ကရစ္တုံး (Concrete Pre-cast) မ်ားျဖင့္ ျပန္လည္ျပဳျပင္ကာ ေခတ္မီ ဆိုင္ခန္းမ်ား တည္ေဆာက္မည္ ျဖစ္ၿပီး အပန္းေျဖအနားယူႏိုင္သည့္ ပန္းၿခံတခုလည္း ပါဝင္မည္ဟု သိရသည္။

“Precast ေျမာင္းေတြရဲ႕ အားသာခ်က္ေတြက အမ်ားႀကီးပါ။ စက္႐ုံထုတ္ျဖစ္လို႔ အရည္အေသြးကို တိတိက်က် ထိန္းသိမ္းႏိုင္သလို အေလအလြင့္မရွိလို႔ အုတ္စီေျမာင္း ကုန္က်စားရိတ္ထက္ သက္သာပါတယ္။ အုတ္စီေျမာင္းနဲ႔ ယွဥ္ရင္ တည္ေဆာက္ခ်ိန္ အရမ္းျမန္ပါတယ္။ ေျမာင္းဖုံးနဲ႔ ေျမာင္းက ကြက္တိျဖစ္ေနလို႔ လူတက္ေလွ်ာက္လို႔ရေတာ့ ေလွ်ာက္လမ္း က်ဥ္းတဲ့ ေနရာေတြအတြက္ လူသြားလမ္း ပိုက်ယ္လာပါတယ္။ အဲဒီလိုလုပ္ၿပီးေတာ့မွ ေဈးကို အေကာင္အထည္ ေဖာ္မွာပါ”ဟု မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ၎၏ လူမႈကြန္ရက္ facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

ေဈးတြင္ အစားအေသာက္ႏွင့္ ေဒသထြက္ကုန္ အေရာင္းဆိုင္မ်ား၊ ျပည္တြင္း/ျပည္ပ ခရီးသြားမ်ားအတြက္ အမွတ္တရ ပစၥည္းအေရာင္းဆိုင္မ်ား၊ စာအုပ္ဆိုင္မ်ား ပါဝင္မည္ျဖစ္ကာ တေနရာတည္းတြင္ တစုတစည္းတည္း ဝယ္ယူစားေသာက္ႏိုင္မည့္ စားေသာက္ဆိုင္တန္းမ်ားလည္း ပါဝင္မည္ဟု သိရသည္။

ေဈးသစ္ တည္ေဆာက္ၿပီးပါက ဆိုင္ခန္းဖြင့္လိုသူမ်ားကို အငွားစနစ္ျဖင့္ ေနရာခ်ထားေပးမည္ျဖစ္ကာ သတ္မွတ္ ကုန္ပစၥည္းမ်ားသာ ေရာင္းခ်ႏိုင္ေရးအတြက္ စည္းကမ္းခ်က္မ်ား ထုတ္ျပန္သြားမည္ဟု မႏၲေလး စည္ပင္ေကာ္မတီထံမွ သိရသည္။

မႏၲေလးၿမိဳ႕ခံ စာေရးဆရာ သိုက္ထြန္းသက္က “အဓိကကေတာ့ ကားပါကင္ ေနရာက အေရးႀကီးပါတယ္။ ဒါကို ထည့္သြင္း စဥ္းစားသင့္တယ္။ အေရးႀကီးဆုံးကေတာ့ သန႔္သန႔္ရွင္းရွင္းနဲ႔ တရားဥပေဒ စိုးမိုးမႈရွိတဲ့ ေဈးတခု ျဖစ္ဖို႔လိုပါတယ္။ ထပ္ေျပာရမယ္ဆိုရင္ အခုေဈးကိုလည္း ႀကိဳဆိုသလို အျခားေဈးေတြကိုလည္း အဆင့္ျမႇင့္တင္ ျပဳျပင္မႈေတြ ျပဳလုပ္ေပးသင့္တယ္” ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy


#Unicode Version#

မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းတွင် နေ့ ည ဖွင့်လှစ်နိုင်သည့် ဈေးသစ်တခုအား ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါဈေးကို အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၆၆ လမ်းကြား၊ ၁၄ လမ်း (ကျုံးအရှေ့ဘက်) တလျှောက်တွင် တည်ဆောက်မည်ဖြစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းပြီး ဖြစ်သည်။

ဈေးသစ်အတွက် မြေတိုင်းခြင်း၊ မြေပြုပြင်ခြင်း၊ ရေမြောင်းစနစ် ပြုပြင်ခြင်းများကို ပထမဦးစား လုပ်ဆောင်မည်ဖြစ်ကာ လမ်းခင်းခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းတို့ ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော် ဆောက်လုပ်မည် ဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ကျုံးအရှေ့ဘက်ကို ညပိုင်းအချိန်မှာ စည်စည်ကားကားလေးနဲ့ စားစရာတွေကို ဝယ်ယူစားသုံးလို့ရမယ့်အပြင် အပန်းဖြေ အနားယူနိုင်အောင်အတွက်ပါ ဈေးတန်းတခု ဖော်ဆောင်ပေးတာပါ၊ ခေတ်မီဆိုင်ခန်းတွေ ဆောက်ရမှာဆိုတော့ လုပ်ငန်းအဆင့်တွေများတဲ့ အတွက် ၂ဝ၁၉ ခုနှစ်လောက်မှ ဈေးက အကောင်အထည် ပေါ်လာမှာပါ” ဟု ပြောသည်။

ဈေးကို ကျုံးအရှေ့ဘက် ၁၄ လမ်းရှိ ရေဆိုးမြောင်းအား ကြိုတင် ပုံစံလောင်းထားသည့် ကွန်ကရစ်တုံး (Concrete Pre-cast) များဖြင့် ပြန်လည်ပြုပြင်ကာ ခေတ်မီ ဆိုင်ခန်းများ တည်ဆောက်မည် ဖြစ်ပြီး အပန်းဖြေအနားယူနိုင်သည့် ပန်းခြံတခုလည်း ပါဝင်မည်ဟု သိရသည်။

“Precast မြောင်းတွေရဲ့ အားသာချက်တွေက အများကြီးပါ။ စက်ရုံထုတ်ဖြစ်လို့ အရည်အသွေးကို တိတိကျကျ ထိန်းသိမ်းနိုင်သလို အလေအလွင့်မရှိလို့ အုတ်စီမြောင်း ကုန်ကျစားရိတ်ထက် သက်သာပါတယ်။ အုတ်စီမြောင်းနဲ့ ယှဉ်ရင် တည်ဆောက်ချိန် အရမ်းမြန်ပါတယ်။ မြောင်းဖုံးနဲ့ မြောင်းက ကွက်တိဖြစ်နေလို့ လူတက်လျှောက်လို့ရတော့ လျှောက်လမ်း ကျဉ်းတဲ့ နေရာတွေအတွက် လူသွားလမ်း ပိုကျယ်လာပါတယ်။ အဲဒီလိုလုပ်ပြီးတော့မှ ဈေးကို အကောင်အထည် ဖော်မှာပါ”ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက် facebook စာမျက်နှာတွင် ရေးသားထားသည်။

ဈေးတွင် အစားအသောက်နှင့် ဒေသထွက်ကုန် အရောင်းဆိုင်များ၊ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စာအုပ်ဆိုင်များ ပါဝင်မည်ဖြစ်ကာ တနေရာတည်းတွင် တစုတစည်းတည်း ဝယ်ယူစားသောက်နိုင်မည့် စားသောက်ဆိုင်တန်းများလည်း ပါဝင်မည်ဟု သိရသည်။

ဈေးသစ် တည်ဆောက်ပြီးပါက ဆိုင်ခန်းဖွင့်လိုသူများကို အငှားစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ကာ သတ်မှတ် ကုန်ပစ္စည်းများသာ ရောင်းချနိုင်ရေးအတွက် စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဟု မန္တလေး စည်ပင်ကော်မတီထံမှ သိရသည်။

မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က “အဓိကကတော့ ကားပါကင် နေရာက အရေးကြီးပါတယ်။ ဒါကို ထည့်သွင်း စဉ်းစားသင့်တယ်။ အရေးကြီးဆုံးကတော့ သန့်သန့်ရှင်းရှင်းနဲ့ တရားဥပဒေ စိုးမိုးမှုရှိတဲ့ ဈေးတခု ဖြစ်ဖို့လိုပါတယ်။ ထပ်ပြောရမယ်ဆိုရင် အခုဈေးကိုလည်း ကြိုဆိုသလို အခြားဈေးတွေကိုလည်း အဆင့်မြှင့်တင် ပြုပြင်မှုတွေ ပြုလုပ်ပေးသင့်တယ်” ဟု ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top