ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




ဖိုးသူတော်(www.phothutaw.com)
Credit: We Love Cele

#Unicode Version#

သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားပြီ ဖြစ်တဲ့ သရုပ်ဆောင် လူမင်းကတော့ ယနေ့မှာ ပျော်ရွှင်လို့နေပါတယ်။ ဧရာဝတီလူမင်း၊ ဧဝရတ်လူမင်းဆိုတဲ့ သားနဲ့သမီးတို့နဲ့အတူ ဇနီးခင်စံပယ်ဦးတို့ကလည်း မိသားစုလေးကို အသက်ဝင်စေတဲ့ သူလေးတွေဖြစ်ပါတယ်။ သမီးကြီးလေး ဧရာဝတီလူမင်းကတော့ အသက် (၁၀) နှစ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ သားငယ်လေး ဧဝရတ်လူမင်းကလည်း အသက် (၈) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီလူမင်းဟာ လက်ရှိမှာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် တာဝန်ပေးခံထားရတာဖြစ်ပြီးတော့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အိမ်ထောင်သက်တမ်း ကြာလာသလောက် ပိုပိုပြီးနုပျိုလတ်ဆတ်လာကြတဲ့ လူမင်းနဲ့ ခင်စံပယ်ဦးတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း ခံစားနိုင်ကြမှာပါ။ ဖခင်ဖြစ်သူ လူမင်းကတော့ သမီး ဧရာဝတီလူမင်းတစ်ယောက် ကျောင်းတွင်းမှာ ဂုဏ်ပြုဆုချီးမြင့်ခံလိုက်ရလို့ ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

ဧရာဝတီလူမင်းလေးကတော့ ကျောင်းမှာ ထူးချွန်လှတာဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ပြုခံလိုက်ရတာဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ လူမင်းက သမီးလေးအတွက် ဂုဏ်ယူနေပြီးတော့ ပရိသတ်တွေကလည်းသမီးလေးကို ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ မိဘတွေကို ပိုမိုပြီးတော့ ဂုဏ်တက်စေတဲ့ ဧရာဝတီလူမင်းတစ်ယောက် ဒီထက် ပိုကြိုးစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit: We Love Cele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top