ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



မေလး႐ွားႏုိင္ငံ Sarawak ျပည္နယ္႐ွိ ေ႐ွာ့ပင္းေမာလ္တစ္ခုမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့မႈေၾကာင့္ လူသုံးဦးထက္မနည္း ေသဆုံးၿပီး အျခား ၂၆ ဦး ဒဏ္ရာရခဲ့ေၾကာင္း Bernama သတင္းဌာနက ေျပာပါတယ္။ ေ႐ွာ့ပင္းေမာလ္မွာ (ဒီဇင္ဘာ ၄ ရက္) ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈအတြင္း ဒဏ္ရာရခဲ့သူေတြအနက္ ခုနစ္ဦးဟာ စုိးရိမ္ရတဲ့ အေျခအေနျဖစ္ေၾကာင္း သိရပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ၿပဳိက်ခဲ့တဲ့ နံရံတစ္ခုေအာက္မွာ ပိတ္မိေနသူေတြကုိ ကယ္ဆယ္ႏုိင္ရန္ လုပ္ေဆာင္ေနေၾကာင္း Malaysian Insight သတင္းက ေဖာ္ျပပါတယ္။ Sarawak ျပည္နယ္ Kuching ၿမဳိ႕႐ွိ CityONE Megamall ေ႐ွာ့ပင္းေမာလ္မွာ ယေန႕ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၃ နာရီခြဲဝန္းက်င္က ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။

"ေပါက္ကြဲမႈျဖစ္တဲ့ေနရာကို အရာ႐ွိ ၃၉ ဦး ေစလႊတ္ထားပါတယ္၊ ေပါက္ကြဲမႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းကုိ ကၽြန္ေတာ္တုိ႕ စုံစမ္းစစ္ေဆးေနပါတယ္၊ ဒီျဖစ္ရပ္က ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ အဆုိး႐ြားဆုံး ျဖစ္ရပ္ဆုိးတစ္ခုပါပဲ၊ ဒါေပမဲ့ ဒါက ဗုံးေပါက္ကြဲမႈေတာ့ မဟုတ္ပါဘူး" လုိ႕ Kuching ၿမဳိ႕႐ွိ မီးသတ္တပ္ဖြဲ႕ ကယ္ဆယ္ေရးဌာန အႀကီးအကဲ ဝမ္အဗၺဒူလ္မူဘင္က ေျပာပါတယ္။

Sarawak အာဏာပုိင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရ ေ႐ွာ့ပင္းေမာလ္မွာ ဖြင္လွစ္ထားတဲ့ NeNe Chicken ၾကက္ေၾကာ္ဆုိင္မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းနဲ႕ အဆုိပါ ဆုိင္ေနရာကုိ ျပင္ဆင္မြမ္းမံေနေၾကာင္း သိရပါတယ္။ ေပါက္ကြဲမႈျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႕လည္း အာဏာပုိင္ေတြက ဆက္လက္ ေျပာခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္တဲ့ ေ႐ွာ့ပင္းေမာလ္မွာ မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႕ ရဲတပ္ဖြဲ႕ဝင္ေတြကုိ ေစလႊတ္ခ်ထားတယ္လို႕ ဆုိပါတယ္။ ဆုိ႐ွယ္မီဒီယာမွာ ပ်ံ႕ႏွံ႕ခဲ့တဲ့ ဗီဒီယုိေတြအနက္ တစ္ခုထဲမွာေတာ့ ေပါက္ကြဲမႈအတြင္း 'NeNe Chicken' စာလုံးပုံႏွိပ္ေဖာ္ျပထားတဲ့ ဆုိင္းဘုတ္တစ္ခု ပ်က္စီးေနတာေတြ႕ရပါတယ္။

Bernama သတင္းဌာနက လႊင့္တင္ခဲ့တဲ့ ေနာက္ထပ္ ဗီဒီယုိတစ္ခုမွာလည္း ေ႐ွာ့ပင္းေမာလ္ရဲ႕ ေျမညီထပ္မွာ အပ်က္အစီးမ်ား ျပန္႕က်ဲေနၿပီး ေအာ္ဟစ္သံေတြကိုလည္း ၾကားခဲ့ရပါတယ္။

"ပီဇာဝယ္ေနတုန္းမွာ ႐ုတ္တရက္ ျပင္းထန္တဲ့ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္၊ ၿပီးေတာ့ ဆုိင္ထဲကေန အလုပ္သမားေတြ ထြက္ေျပးလာၾကၿပီး သူတုိ႕ထဲက တခ်ဳိ႕ကေတာ့ ဒဏ္ရာအျပင္းအထန္ရထားခဲ့ပါတယ္" လုိ႕ အသက္ ၃၉ ႏွစ္အ႐ြယ္ George Sting က Bernama သတင္းဌာနကုိ ေျပာပါတယ္။

ေပါက္ကြဲမႈအတြင္း ဒဏ္ရာရခဲ့သူ အမ်ားစုဟာ ေ႐ွာ့ပင္းေမာလ္ဝန္ထမ္းေတြနဲ႕ ၾကက္ေၾကာ္ဆုိင္ကုိ ျပင္ဆင္မႈလုပ္ငန္း လုပ္ေနၾကတဲ့ အလုပ္သမားေတြ ျဖစ္ၾကေၾကာင္း Malaysian Insight က ေဖာ္ျပပါတယ္။

က်ယ္ေလာင္တဲ့ ေပါက္ကြဲသံႀကီးတစ္ခု ၾကားခဲ့ရၿပီးေနာက္ ေ႐ွာ့ပင္းေမာလ္ အေဆာက္အအုံတစ္ခုလုံး တုန္ခါသြားမႈကုိ ခံစားခဲ့ရတယ္လုိ႕ မ်က္ျမင္တစ္ဦးက ဆုိပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ေ႐ွာ့ပင္းေမာလ္ တာဝန္႐ွိသူေတြက ေစ်းဝယ္သူေတြကုိ အေဆာက္အအုံထဲမွ ခ်က္ခ်င္းထြက္ခြာၾကရန္ ေၾကညာခဲ့ေၾကာင္း အသက္ ၂၃ ႏွစ္အ႐ြယ္ Grace Lee က ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

မလေးရှားနိုင်ငံ Sarawak ပြည်နယ်ရှိ ရှော့ပင်းမောလ်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး အခြား ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း Bernama သတင်းဌာနက ပြောပါတယ်။ ရှော့ပင်းမောလ်မှာ (ဒီဇင်ဘာ ၄ ရက်) ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် ခုနစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့တဲ့ နံရံတစ်ခုအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေကြောင်း Malaysian Insight သတင်းက ဖော်ပြပါတယ်။ Sarawak ပြည်နယ် Kuching မြို့ရှိ CityONE Megamall ရှော့ပင်းမောလ်မှာ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

"ပေါက်ကွဲမှုဖြစ်တဲ့နေရာကို အရာရှိ ၃၉ ဦး စေလွှတ်ထားပါတယ်၊ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်၊ ဒီဖြစ်ရပ်က ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးတစ်ခုပါပဲ၊ ဒါပေမဲ့ ဒါက ဗုံးပေါက်ကွဲမှုတော့ မဟုတ်ပါဘူး" လို့ Kuching မြို့ရှိ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲ ဝမ်အဗ္ဗဒူလ်မူဘင်က ပြောပါတယ်။

Sarawak အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ရှော့ပင်းမောလ်မှာ ဖွင်လှစ်ထားတဲ့ NeNe Chicken ကြက်ကြော်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနဲ့ အဆိုပါ ဆိုင်နေရာကို ပြင်ဆင်မွမ်းမံနေကြောင်း သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ဆက်လက် ပြောခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ရှော့ပင်းမောလ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ချထားတယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတွေအနက် တစ်ခုထဲမှာတော့ ပေါက်ကွဲမှုအတွင်း 'NeNe Chicken' စာလုံးပုံနှိပ်ဖော်ပြထားတဲ့ ဆိုင်းဘုတ်တစ်ခု ပျက်စီးနေတာတွေ့ရပါတယ်။

Bernama သတင်းဌာနက လွှင့်တင်ခဲ့တဲ့ နောက်ထပ် ဗီဒီယိုတစ်ခုမှာလည်း ရှော့ပင်းမောလ်ရဲ့ မြေညီထပ်မှာ အပျက်အစီးများ ပြန့်ကျဲနေပြီး အော်ဟစ်သံတွေကိုလည်း ကြားခဲ့ရပါတယ်။

"ပီဇာဝယ်နေတုန်းမှာ ရုတ်တရက် ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ ပြီးတော့ ဆိုင်ထဲကနေ အလုပ်သမားတွေ ထွက်ပြေးလာကြပြီး သူတို့ထဲက တချို့ကတော့ ဒဏ်ရာအပြင်းအထန်ရထားခဲ့ပါတယ်" လို့ အသက် ၃၉ နှစ်အရွယ် George Sting က Bernama သတင်းဌာနကို ပြောပါတယ်။

ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူ အများစုဟာ ရှော့ပင်းမောလ်ဝန်ထမ်းတွေနဲ့ ကြက်ကြော်ဆိုင်ကို ပြင်ဆင်မှုလုပ်ငန်း လုပ်နေကြတဲ့ အလုပ်သမားတွေ ဖြစ်ကြကြောင်း Malaysian Insight က ဖော်ပြပါတယ်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားခဲ့ရပြီးနောက် ရှော့ပင်းမောလ် အဆောက်အအုံတစ်ခုလုံး တုန်ခါသွားမှုကို ခံစားခဲ့ရတယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရှော့ပင်းမောလ် တာဝန်ရှိသူတွေက ဈေးဝယ်သူတွေကို အဆောက်အအုံထဲမှ ချက်ချင်းထွက်ခွာကြရန် ကြေညာခဲ့ကြောင်း အသက် ၂၃ နှစ်အရွယ် Grace Lee က ပြောခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top