(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

Rock & Bike Festival ပြဲကို ဒီဇင္ဘာလ ၃၁ ရက္ေန႔ New Year ညမွာ ပုဂံမွာ က်င္းပသြားမွာျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ Rock ဂီတမွာက်င္လည္ေနသူမ်ားျဖစ္ၾကတဲ့

ေဇာ္ဝင္းထြဋ္၊ ေဝလ၊ အာဇာနည္ ၊ ရင္ဂိုတို႔သားအဖ (၃) ေယာက္နဲ႔ အျခားေသာ အႏုပညာရွင္မ်ားလည္း ပါဝင္သီဆိုသြားၾကမွာျဖစ္ပါတယ္။ တေခတ္တခါက ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆုိရွင္ျဖစ္ခဲ့သူ ရင္ဂိုဟာလည္း မ်ိဳးဆက္သစ္ဂီတသမားေတြကို ေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။

သားျဖစ္သူ ဟန္ထူးလြင္ဟာ လူငယ္ပရိသတ္ေတြၾကား အားေပးလက္ခံမွုအျပည့္အဝရရွိထားတဲ့အဆိုရွင္တစ္ဦးျဖစ္ျပီးေတာ့ သမီးျဖစ္သူ ဟန္ေနလြင္လြင္ကလည္း

သူမ ဝါသနာပါရာ ဂီတအလုပ္ေတြကို လုပ္ကိုင္ေနတာျဖစ္ပါတယ္။ သားအဖ (၃) ေယာက္လံုး ဂီတအမ်ိဳးအစားတစ္ခုစီကို သီဆုိၾကေပမယ့္ Rock & Roll Type ထဲမွာပဲ က်င္လည္ေနၾကတာျဖစ္တယ္လို႔ ရင္ဂိုက ဆိုပါတယ္။

ရင္ဂိုရဲ႕ အဓိက ရည္မွန္းခ်က္ကေတာ့ သားအဖ (၃) ေယာက္လံုး စင္ေပၚမွာ သီခ်င္းအတူတြဲဆိုခြင့္ရရွိခ်င္တာျဖစ္ျပီးေတာ့ ပုဂံမွာျပဳလုပ္မယ့္ Rock & Bike Festival ပြဲမွာ သားအဖ (၃) ေယာက္လံုး စင္ေပၚမွာ အတူတကြ ျမင္ေတြ႔ရမွာျဖစ္တာေၾကာင့္

ရင္ဂိုတစ္ေယာက္ ေပ်ာ္ရႊင္ေနတာကို ေတြ႔ရပါတယ္။ ပရိသတ္ၾကီးေရ ဂီတကို ရူးသြပ္တဲ့ မိသားစု (၃) ေယာက္ရဲ႕ သီဆိုေဖ်ာ္ေျဖမွုေတြကို New Year ညမွာ အားေပးခံစားလို႔ရေအာင္ ပုဂံျမိဳ႕ၾကီးကိုလွမ္းလာခဲ့ၾကပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Cele
# Unicode Version ျဖင့္ ဖတ္ပါ #
Rock & Bike Festival ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ New Year ညမှာ ပုဂံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ Rock ဂီတမှာကျင်လည်နေသူများဖြစ်ကြတဲ့

ဇော်ဝင်းထွဋ်၊ ဝေလ၊ အာဇာနည် ၊ ရင်ဂိုတို့သားအဖ (၃) ယောက်နဲ့ အခြားသော အနုပညာရှင်များလည်း ပါဝင်သီဆိုသွားကြမှာဖြစ်ပါတယ်။ တခေတ်တခါက အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်ဖြစ်ခဲ့သူ ရင်ဂိုဟာလည်း မျိုးဆက်သစ်ဂီတသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

သားဖြစ်သူ ဟန်ထူးလွင်ဟာ လူငယ်ပရိသတ်တွေကြား အားပေးလက်ခံမှုအပြည့်အဝရရှိထားတဲ့အဆိုရှင်တစ်ဦးဖြစ်ပြီးတော့ သမီးဖြစ်သူ ဟန်နေလွင်လွင်ကလည်း

သူမ ဝါသနာပါရာ ဂီတအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ သားအဖ (၃) ယောက်လုံး ဂီတအမျိုးအစားတစ်ခုစီကို သီဆိုကြပေမယ့် Rock & Roll Type ထဲမှာပဲ ကျင်လည်နေကြတာဖြစ်တယ်လို့ ရင်ဂိုက ဆိုပါတယ်။

ရင်ဂိုရဲ့ အဓိက ရည်မှန်းချက်ကတော့ သားအဖ (၃) ယောက်လုံး စင်ပေါ်မှာ သီချင်းအတူတွဲဆိုခွင့်ရရှိချင်တာဖြစ်ပြီးတော့ ပုဂံမှာပြုလုပ်မယ့် Rock & Bike Festival ပွဲမှာ သားအဖ (၃) ယောက်လုံး စင်ပေါ်မှာ အတူတကွ မြင်တွေ့ရမှာဖြစ်တာကြောင့်

ရင်ဂိုတစ်ယောက် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဂီတကို ရူးသွပ်တဲ့ မိသားစု (၃) ယောက်ရဲ့ သီဆိုဖျော်ဖြေမှုတွေကို New Year ညမှာ အားပေးခံစားလို့ရအောင် ပုဂံမြို့ကြီးကိုလှမ်းလာခဲ့ကြပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top