ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေက်ာက္ျဖဴၿမိဳ႕တြင္ ယမန္ေန႕ ေန႕လယ္ပိုင္းက ဆိုင္ကယ္ႏွစ္စီးမ်က္နာခ်င္းဆိုင္ တိုက္မိရာမွ တပ္မေတာ္အရာရွိတစ္ဦးႏွင့္ အရပ္သားတစ္ဦးတို႕ ေသဆံုးသြားခဲ့ေၾကာင္း သတင္း ရရွိသည္။

ဒီဇင္ဘာ ၆ ရက္မြန္းလြဲ ၂ နာရီ ေက်ာ္က ေက်ာက္တစ္လံုးဘုရားႏွင့္ ခမရ ၅၄၃ တပ္ရင္းအၾကား ကားလမ္းေပၚတြင္ မ်က္နာခ်င္းဆိုင္ တိုက္မိျခင္း ျဖစ္ေၾကာင္း ေက်ာက္ျဖဴ ယာဥ္ထိန္းတပ္ဖြဲ႕မွ ရဲအုပ္ေမာင္ေမာင္ထြန္းက နိရဥၥရာသတင္းဌာနသုိ႕ အတည္ျပဳ ေျပာၾကားသည္။

ေသဆံုးသူႏွစ္ဦးမွာ ခမရ ၅၄၃ တပ္ရင္းမွ ဗိုလ္ႀကီး သက္လြင္ေအာင္ႏွင့္ အရပ္သားမွာကိုေမာင္ေခ် ျဖစ္ေၾကာင္း ၎က အတည္ျပဳ ေျပာၾကားသည္။

“ ျဖစ္တာက ဘယ္လို ေျပာမလဲ ဆိုင္ကယ္ႏွစ္စီး မ်က္နာခ်င္းဆိုင္ တုိက္မိၾကတာေပါ့။ ေက်ာက္ျဖဴၿမိဳ႕နယ္ ရန္ကုန္-ေက်ာက္ျဖဴ ကားလမ္းမိုင္တိုင္ (၁၁၆/၂) အနီးမွာ ျဖစ္ပြားခဲ့တာပါ။ သူတို႕ကို ေဆးရံုကို ယူပါတယ္။ ႏွစ္ေယာက္က ေဆးရံုမွာဆံုးတယ္။ တစ္ေယာက္က ဒဏ္ရာနဲ႕ ေဆးရံုတင္ထားရပါတယ္” ဟု ရဲအုပ္ ေမာင္ေမာင္ထြန္းက ေျပာသည္။

ဒဏ္ရာ ျပင္းထန္၍ ေဆးရံုတင္ထားရသူမွာ ကိုေမာင္ေခ်ႏွင့္အတူ ေမာ္ေတာ္ဆိုင္ကယ္ေပၚတြင္ အတူပါလာသည့္ ေက်ာ္စိုးဦးျဖစ္ျပီး ဒဏ္ရာ ျပင္းထန္သျဖင့္ ေက်ာက္ျဖဴခ႐ိုင္ျပည္သူ႕ေဆး႐ုံတြင္ တင္ထားရသည္ဟု သိရသည္။

ယာဥ္တိုက္မႈႏွင့္ပတ္သက္ၿပီး လူေသမႈ ျဖစ္သျဖင့္ အမႈအမွတ္ - ယာဥ္(ပ)၁၆/၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၀၄ (က) / ၃၃၈ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွ ေျပာၾကားသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:သိန္းေဇာ္(ေမာင္ေတာ)
Narinjara
https://www.facebook.com/Narinjara

#Unicode Version#
ကျောက်ဖြူမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်နှစ်စီးမျက်နာချင်းဆိုင် တိုက်မိရာမှ တပ်မတော်အရာရှိတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီ ကျော်က ကျောက်တစ်လုံးဘုရားနှင့် ခမရ ၅၄၃ တပ်ရင်းအကြား ကားလမ်းပေါ်တွင် မျက်နာချင်းဆိုင် တိုက်မိခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်မောင်မောင်ထွန်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူနှစ်ဦးမှာ ခမရ ၅၄၃ တပ်ရင်းမှ ဗိုလ်ကြီး သက်လွင်အောင်နှင့် အရပ်သားမှာကိုမောင်ချေ ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

“ ဖြစ်တာက ဘယ်လို ပြောမလဲ ဆိုင်ကယ်နှစ်စီး မျက်နာချင်းဆိုင် တိုက်မိကြတာပေါ့။ ကျောက်ဖြူမြို့နယ် ရန်ကုန်-ကျောက်ဖြူ ကားလမ်းမိုင်တိုင် (၁၁၆/၂) အနီးမှာ ဖြစ်ပွားခဲ့တာပါ။ သူတို့ကို ဆေးရုံကို ယူပါတယ်။ နှစ်ယောက်က ဆေးရုံမှာဆုံးတယ်။ တစ်ယောက်က ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပါတယ်” ဟု ရဲအုပ် မောင်မောင်ထွန်းက ပြောသည်။

ဒဏ်ရာ ပြင်းထန်၍ ဆေးရုံတင်ထားရသူမှာ ကိုမောင်ချေနှင့်အတူ မော်တော်ဆိုင်ကယ်ပေါ်တွင် အတူပါလာသည့် ကျော်စိုးဦးဖြစ်ပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး လူသေမှု ဖြစ်သဖြင့် အမှုအမှတ် - ယာဉ်(ပ)၁၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄ (က) / ၃၃၈ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ပြောကြားသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top