ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဖိုးသူတော်(www.phothutaw.com)
Credit:burmese.asia
#Unicode Version#
အိန္ဒိယနိုင်ငံမှာ လက်ထပ်ပြီးသား အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အလိုဆန္ဒကို မလိုက်လျောခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်တစ်ဦးကို ပြင်းထန်ရက်စက်တဲ့ နည်းလမ်းအသုံးပြုပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ အသက် (၁၃)နှစ်အရွယ် ကလေးငယ်ရဲ့ လိင်အင်္ဂါကို သူမက မီးဖုတ်ထားတဲ့ သံချောင်းနဲ့ ညှပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ချာပရာယူလာလို့ နာမည်ရတဲ့ ကျေးရွာလေးက အမျိုးသမီးဟာ ကလေးငယ်ကို သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားခဲ့ပြီး သူမရဲ့ အိမ်အတွင်းကို ခေါ်ဆောင်ဖို့ ပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်ဖြစ်သူ ပြောပြချက်အရ သူမရဲ့ သားဖြစ်သူနဲ့ လိင်ဆက်ဆံဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူမကို ညှင်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုတို့နဲ့ စွဲချက်တင်ပြီး အရေးယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ပြီးခဲ့ဲတဲ့ သောကြာနေ့က သူမရဲ့ အိမ်မှာ တစ်ယောက်တည်းရှိနေစဉ် အမျိုးသမီးက ကလေးငယ်ကို အိမ်အတွင်း လာရောက်ဖို့ သွေးဆောင်ခဲ့ပြီးနောက် အတူတူ နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
သူမကို စုံစမ်းမေးမြန်းမှုများစွာ ပြုလုပ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေထဲမှာ အပြင်းထန်ဆုံးအဖြစ်တစ်ခုလို့ သတ်မှတ်ခဲ့ကြပြီး ဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မကြာသေးခင်ကလည်း ဂင်္ဂါမြစ်ကမ်းနံဘေးမှာ အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိန်းပြုကျင့်နေခဲ့တဲ့ အမျိုးသားနှစ်ဦးက သူတို့ရဲ့အဖြစ်ကို ဗီဒီယိုရိုက်ကူးမှု ပြုလုပ်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အမျိုးသမီးရဲ့ တိုင်ကြားချက်အရ အဆိုပါအမျိုးသားနှစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေ ရှိနေခဲ့ပါတယ်။
ဖိုးသူတေ်ာ(www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top