ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အမ်ဳိးသားေတြမွာေကာ ရင္သားကင္ဆာ ျဖစ္ပြားႏုိင္ပါသလား ဆရာ။ အမ်ဳိးသားေတြမွာလည္း ရင္သား ကင္ဆာျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ အမ်ဳိး သားေတြမွာ ရင္သားကင္ဆာျဖစ္ပြားမႈက အမ်ဳိးသမီးေတြေလာက္ေတာ့ မမ်ားပါ ဘူး။ ဆရာဆီေရာက္လာတဲ့ လူနာအေရ အတြက္နဲ႔ ေျပာရမယ္ဆုိရင္ေတာ့ ၁ ရာ ခိုင္ႏႈန္းေလာက္ပဲရွိပါတယ္။ အမ်ဳိးသမီး ရင္သားကင္ဆာျဖစ္ပြားသူ အေယာက္ ၁၀၀ မွာ အမ်ဳိးသားရင္သားကင္ဆာျဖစ္ ပြားသူက တစ္ေယာက္ေပ့ါ။ တစ္ႏွစ္အ တြင္းမွာရွိရင္ေတာ့ အမ်ဳိးသား ရင္သား ကင္ဆာျဖစ္ပြားသူ တစ္ေယာက္၊ ႏွစ္ ေယာက္ေလာက္ပဲ ေတြ႕ရပါတယ္။ ဒါက ဆရာတုိ႔ေဆး႐ံုကို ေရာက္လာတဲ့၊ ဆရာ ကုသတဲ့ လူနာေတြထဲကပဲ ေျပာတာပါ။ လက္ရွိလည္း ဆရာကုေပးေနတဲ့ အမ်ဳိး သားရင္သားကင္ဆာလူနာေတြလည္း ရွိပါတယ္။ အမ်ဳိးသားရင္သားကင္ဆာ ေရာဂါက အျဖစ္နည္းေပမယ့္ ျဖစ္ႏုိင္ တယ္ဆုိတာ သိေစခ်င္ပါတယ္။

အမ်ဳိးသားေတြမွာ ရင္သားကင္ဆာ ျဖစ္ ပြားတဲ့အခါ ဘယ္လုိလကၡဏာေတြ ေတြ႕ ရပါသလဲ ဆရာ။
အမ်ဳိးသားေတြမွာ ရင္သားကင္ဆာ ျဖစ္ပြားရင္ အမ်ဳိးသမီးေတြနဲ႔ မကြဲျပားပါ ဘူး။ ဒါေပမဲ့ အမ်ဳိးသားေတြမွာက အမ်ဳိး သမီးလို ရင္သားမ်ဳိး မဟုတ္တာေၾကာင့္ အဖုအက်ိတ္ျဖစ္ရင္ ႏို႔က သိသိသာသာ စူထြက္လာပါတယ္။ အမ်ားအားျဖင့္ ဆရာတုိ႔ဆီကို ေရာက္လာတဲ့လူနာေတြ က ႏုိ႔စူထြက္လာလုိ႔၊ ရင္သားမွာ အက်ိတ္ ေတြ႕လို႔၊ တခ်ဳိ႕လည္း ႏုိ႔သီးေခါင္း ခ်ဳိင့္ ၀င္သြားတာ၊ ႏုိ႔သီးေခါင္းမွာ အနာျဖစ္ တာ၊ တခ်ဳိ႕၀တဲ့လူေတြမွာက်ေတာ့ သိပ္ မသိသာလုိ႔ သတိမထားမိတာေၾကာင့္ ခ်ဳိင္းမွာ ကိႏၷရာနာလုိ အက်ိတ္ႀကီးေတြ ျဖစ္လာမွ ေရာက္လာတယ္။ ၾကည့္လုိက္ ေတာ့ ရင္သားမွာ ကင္ဆာပ်ံ႕တာေၾကာင့္ ျဖစ္တာေတြ႕ရတယ္။ တခ်ဳိ႕ သိပ္ဆုိးတဲ့ အေျခအေနေရာက္ေနတဲ့လူနာေတြမွာ ၅ ႏွစ္၊ ၁၀ ႏွစ္ေလာက္ ေရာဂါကို မကုသ ဘဲ ဒီတုိင္းထားတယ္။ အမ်ားအားျဖင့္ က်န္းမာေရး အသိပညာအားနည္းတဲ့ ေက်းလက္ေတာရြာမွာ ေနသူေတြေပါ့။ တခ်ဳိ႕လည္း က်န္းမာေရးဗဟုသုတနည္း ေတာ့ ဆရာ၀န္မျပ၊ မကုသတာေၾကာင့္ အသည္းကိုပ်ံ႕ၿပီး ေရဖ်ဥ္းစြဲတာ၊ အ ဆုတ္ကိုပ်ံ႕ၿပီး ေခ်ာင္းဆုိးေသြးပါတာ၊ အ႐ိုးကိုပ်ံ႕ၿပီး အ႐ိုးက်ဳိးတာ စတာေတြ ျဖစ္မွ ဆရာ၀န္ေတြဆီ ေရာက္လာၾက တယ္။

ကိုယ္ကုိယ္တုိင္ေကာ ရင္သားကင္ဆာ ျဖစ္တာကို ဘယ္လိုသိႏုိင္မလဲ ဆရာ။
အမ်ဳိးသားတစ္ေယာက္အေနနဲ႔ ရင္ သားမွာ ကင္ဆာရွိ၊ မရွိကုိ ကိုယ္ကိုယ္ တိုင္ ဘယ္လုိသိႏုိင္မလဲဆုိရင္ ရင္သား မွာ အက်ိတ္ျဖစ္တာ၊ အမ်ဳိးသားဆုိရင္ ႏုိ႔သီးေခါင္းကေန ႏုိ႔မထြက္ရဘူး။ အဲဒါ ကို ႏုိ႔ရည္လိုမ်ဳိး ေသြးအရည္ေလးေတြ ထြက္တာ၊ ႏုိ႔သီးေခါင္း ခ်ဳိင့္၀င္တာ၊ တင္း ၿပီးနာတာ (အမ်ဳိးသမီးေတြမွာ ရာသီလာ ခါနီးရင္ ရင္သားေတြတင္းၿပီး နာသလို မ်ဳိး)၊ အနာေပါက္လို႔ နာတာ၊ ခ်ဳိင္းမွာ အက်ိတ္ေတြ ျဖစ္တာေတြ ျဖစ္ႏုိင္ပါ တယ္။

အမ်ဳိးသားရင္သားကင္ဆာျဖစ္ႏုိ္င္ေျခ မ်ားသူမ်ားေတြကိုလည္း ေျပာျပပါ ဆရာ။
အမ်ဳိးသားရင္သားကင္ဆာျဖစ္ႏုိင္ ေျခမ်ားသူေတြက မ်ဳိး႐ိုးဗီဇေပါ့။ Oncogene ေတြေၾကာင့္ Mutation ဆုိတဲ့ ဆဲလ္ေတြမွာ ထြန္းတာေပါ့။ ေနာက္ၿပီး Oncogene ကို တားတဲ့ Tumour Supressor Gene က ေပ်ာက္သြားတာ၊ အမ်ဳိးသားေတြမွာ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ၊ အဆီမ်ားတဲ့ အစာ ေတြ စားတာ၊ ပတ္၀န္းက်င္အေၾကာင္းတ ရားေတြနဲ႔ ဆုိင္တာ၊ ေနထုိင္မႈပံုစံက အ ေနာက္တုိင္းဆန္သြားတာ၊ အဆီအအိမ့္ စားတာ၊ အကင္ေတြ စားတာ စတဲ့လူေတြ မွာ တျခားသူေတြထက္ ျဖစ္ႏုိင္ေျခ ပိုမ်ားပါတယ္။

အမ်ဳိးသားေတြမွာျဖစ္တဲ့ ရင္သားကင္ ဆာက အမ်ဳိးသမီးေတြမွာနဲ႔ ဘယ္လိုကြာ ျခားႏုိင္ပါသလဲ။
အမ်ဳိးသားမွာျဖစ္တဲ့ရင္သားကင္ ဆာနဲ႔ အမ်ဳိးသမီးမွာျဖစ္တဲ့ ရင္သားကင္ ဆာဆုိရင္ အမ်ဳိးသားေတြမွာ ပိုၿပီး ဂ႐ု စိုက္ဖုိ႔ လိုပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အမ်ဳိးသားေတြက ကိုယ့္ကိုယ္ကိုယ္ သတိမထားမိတတ္ၾကဘူး။ ေနာက္ၿပီး အမ်ဳိးသားမွာျဖစ္တဲ့ ရင္သားကင္ဆာက အမ်ဳိးသမီးေတြမွာထက္ ပိုၿပီးပ်ံ႕တာ ျမန္ပါတယ္။ အမ်ဳိးသားေတြက လႈပ္လႈပ္ ရွားရွား ေနထုိင္တာေၾကာင့္ ေသြးလွည့္ ပတ္မႈ ပိုေကာင္းတယ္၊ ေနာက္ၿပီး အမ်ဳိး သမီးေတြလို ရင္သားက အဆီသိပ္မမ်ား တဲ့အတြက္ ဂ႐ုတစိုက္မကုသရင္ ရင္ သားေအာက္မွာရွိတဲ့ Subcutaneous အလႊာနဲ႔ ႂကြက္သားေတြကို ထိုးေဖာက္ၿပီး နံ႐ိုးေတြကို လိႈက္စားသြားႏုိင္တယ္။ ေနာက္ၿပီး ခ်ဳိင္းကို ပ်ံ႕တာကလည္း အမ်ဳိးသမီးေတြထက္ ပိုျမန္ပါတယ္။

ဘယ္လုိကုသႏုိင္မလဲ ဆရာ။
ကုသမႈက အမ်ဳိးသမီးေတြမွာ ကုသသလိုမ်ဳိးပဲ အမ်ဳိးသားေတြကိုလည္း ကုသေပးရပါတယ္။ အမ်ားအားျဖင့္ ရင္ သားကင္ဆာ အဆင့္ (၁) နဲ႔ အဆင့္ (၂) ဆုိရင္ ရင္သားတစ္ခုလံုးကုိ ထုတ္ၿပီး ကု သတာ မ်ားပါတယ္။ အမ်ဳိးသားေတြမွာက အမ်ဳိးသမီးေတြလုိ အလွအပမလိုတဲ့အ တြက္ ရင္သားတစ္ခုလံုးထုတ္ၿပီး ကုသမႈ ေပးပါတယ္။ ရင္သားကုိ ခြဲစိတ္တဲ့အခါ တစ္ဆက္တည္း ခ်ဳိင္းမွာရွိတဲ့ အက်ိတ္ ေတြကိုပါ ဖယ္ရွားပါတယ္။ ၿပီးရင္ ဓာတ္ ေရာင္ျခည္ေပးၿပီး ကုသပါတယ္။ ေဆးကုသမႈအပိုင္းမွာ အခုေနာက္ပိုင္း ေပၚလာတဲ့ Hormone Receptorက သံုးမ်ဳိးရွိတယ္။ Estrogen Receptor (ER), Proge-strone Receptor (PR), Herceptin အဲဒီသံုးခုရွိတာ၊ မရွိတာေပၚ မူတည္ၿပီး ေဆးေတြကို ေရြး ၿပီးေပးရပါတယ္။ အထူးသျဖင့္ အမ်ဳိး သားရင္သားကင္ဆာက အဆုတ္၊ အ သည္း၊ အ႐ိုးနဲ႔ ဦးေႏွာက္ေတြဆီ မပ်ံ႕ ေအာင္ ကုသမႈေပးရပါတယ္။ ဒီ Receptor သံုးမ်ဳိးစလံုး positive ျဖစ္တယ္ ဆုိရင္ Triple positive ၊ သံုးရတဲ့ ေဆး က တစ္မ်ဳိး၊ တခ်ဳိ႕လည္း သံုးမ်ဳိးစလံုး Negative ျဖစ္တယ္ဆုိရင္ Triple Negative ၊ သူ႔ကိုလည္း သံုးရတဲ့ေဆးက တစ္မ်ဳိးပါ။ တခ်ဳိ႕လည္း ER တစ္ခုပဲ Positive ဆုိတာမ်ဳိးလည္း ရွိေသးတယ္။ အခုေနာက္ပိုင္းမွာေဆးကုသမႈက ေရာဂါ ျဖစ္တာခ်င္း တူရင္ေတာင္ ကုသမႈအပုိင္း မွာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူ ေတာ့ဘူး။ ဆရာတုိ႔ ေခၚတာကေတာ့ Individualized Medicine ေပ့ါ။ တစ္ေယာက္ခ်င္းစီကို ကုသရတဲ့ေဆး ျဖစ္တာေၾကာင့္ Personalized Medicine လုိ႔ ေခၚလုိ႔ရပါတယ္။ လုိအပ္ရင္ အမ်ဳိးသမီးေတြမွာ ကုသသလိုပဲ ေဟာ္ မုန္းေဆးေတြ ေပးရပါတယ္။ ER, PR ေတြ positive ျဖစ္တယ္ဆုိရင္ အဲဒီ Receptor ေတြကို ပိတ္တဲ့ တာေမာက္စီ ဖန္ေပးပါတယ္။ အဲဒီမွာ သြားတဲ့ Partway တစ္ခုရွိတယ္။ အီစထ႐ို မထြက္ေအာင္ ပိတ္တဲ့ အင္ဇိုင္းေတြ ေပး တယ္။ တျခားေဆးေတြလည္း အမ်ား ႀကီးရွိပါတယ္။ အဲဒါေတြလည္း သံုးပါ တယ္။ ခႏၶာကုိယ္ရဲ႕ ခုခံအားစနစ္ကုိ ျမႇင့္ တင္ေပးတဲ့ နည္းလမ္းေတြ သံုးၿပီးလည္း ကုသေပးပါတယ္။ ကုသမႈနည္းလမ္းေတြ ကေတာ့ အမ်ားႀကီးရွိပါတယ္။

အမ်ဳိးသားေတြအေနနဲ႔ ရင္သားကင္ဆာ မျဖစ္ပြားေအာင္ ဘယ္လုိကာကြယ္ႏုိင္ မလဲ ဆရာ။
အမ်ဳိးသားေတြရဲ႕ ရင္သားမွာ မသကၤာစရာ အက်ိတ္ေတြ႕တယ္၊ ႏုိ႔သီး ေခါင္းကေန အရည္ေလးေတြထြက္တယ္၊ ခ်ဳိင္းမွာလည္း အက်ိတ္ရွိတယ္ဆုိရင္ မရွက္ပါနဲ႔။ ဆရာ၀န္ေတြဆီကုိ ျပသပါ။ အမ်ဳိးသားေတြမွာျဖစ္တဲ့ ရင္သားကင္ ဆာက အမ်ဳိးသမီးမွာျဖစ္တဲ့ ရင္သား ကင္ဆာထက္ ပ်ံ႕တာျမန္တာေၾကာင့္ အခ်ိန္ဆြဲမေနသင့္ပါဘူး။ ေသေသခ်ာခ်ာ ကုသမယ္ဆုိရင္ ေပ်ာက္ကင္းပါတယ္။ အဆင့္ (၁) မွာ ကင္ဆာကို စတင္ေတြ႕ ရွိၿပီး ကုသပါက ၅ ႏွစ္ကေန ၁၀ ႏွစ္အ တြင္း ေရာဂါေပ်ာက္ကင္းမႈက ၉၅ ရာ ခိုင္ႏႈန္း ရွိပါတယ္။ ေစာေစာစီးစီး သိရွိၿပီး ကုသမယ္ဆုိရင္ သက္တမ္းေစ့ေနႏုိင္တဲ့ အေနအထားျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပါေမာကၡဦးစိန္လင္း (ခြဲစိတ္ႏွင့္ကင္ဆာပါရဂူ)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသားတွေမှာကော ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါသလား ဆရာ။
အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုး သားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုက အမျိုးသမီးတွေလောက်တော့ မများပါ ဘူး။ ဆရာဆီရောက်လာတဲ့ လူနာအရေ အတွက်နဲ့ ပြောရမယ်ဆိုရင်တော့ ၁ ရာ ခိုင်နှုန်းလောက်ပဲရှိပါတယ်။ အမျိုးသမီး ရင်သားကင်ဆာဖြစ်ပွားသူ အယောက် ၁၀၀ မှာ အမျိုးသားရင်သားကင်ဆာဖြစ် ပွားသူက တစ်ယောက်ပေ့ါ။ တစ်နှစ်အ တွင်းမှာရှိရင်တော့ အမျိုးသား ရင်သား ကင်ဆာဖြစ်ပွားသူ တစ်ယောက်၊ နှစ် ယောက်လောက်ပဲ တွေ့ရပါတယ်။ ဒါက ဆရာတို့ဆေးရုံကို ရောက်လာတဲ့၊ ဆရာ ကုသတဲ့ လူနာတွေထဲကပဲ ပြောတာပါ။ လက်ရှိလည်း ဆရာကုပေးနေတဲ့ အမျိုး သားရင်သားကင်ဆာလူနာတွေလည်း ရှိပါတယ်။ အမျိုးသားရင်သားကင်ဆာ ရောဂါက အဖြစ်နည်းပေမယ့် ဖြစ်နိုင် တယ်ဆိုတာ သိစေချင်ပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ် ပွားတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ ရပါသလဲ ဆရာ။
အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားရင် အမျိုးသမီးတွေနဲ့ မကွဲပြားပါ ဘူး။ ဒါပေမဲ့ အမျိုးသားတွေမှာက အမျိုး သမီးလို ရင်သားမျိုး မဟုတ်တာကြောင့် အဖုအကျိတ်ဖြစ်ရင် နို့က သိသိသာသာ စူထွက်လာပါတယ်။ အများအားဖြင့် ဆရာတို့ဆီကို ရောက်လာတဲ့လူနာတွေ က နို့စူထွက်လာလို့၊ ရင်သားမှာ အကျိတ် တွေ့လို့၊ တချို့လည်း နို့သီးခေါင်း ချိုင့် ဝင်သွားတာ၊ နို့သီးခေါင်းမှာ အနာဖြစ် တာ၊ တချို့ဝတဲ့လူတွေမှာကျတော့ သိပ် မသိသာလို့ သတိမထားမိတာကြောင့် ချိုင်းမှာ ကိန္နရာနာလို အကျိတ်ကြီးတွေ ဖြစ်လာမှ ရောက်လာတယ်။ ကြည့်လိုက် တော့ ရင်သားမှာ ကင်ဆာပျံ့တာကြောင့် ဖြစ်တာတွေ့ရတယ်။ တချို့ သိပ်ဆိုးတဲ့ အခြေအနေရောက်နေတဲ့လူနာတွေမှာ ၅ နှစ်၊ ၁၀ နှစ်လောက် ရောဂါကို မကုသ ဘဲ ဒီတိုင်းထားတယ်။ အများအားဖြင့် ကျန်းမာရေး အသိပညာအားနည်းတဲ့ ကျေးလက်တောရွာမှာ နေသူတွေပေါ့။ တချို့လည်း ကျန်းမာရေးဗဟုသုတနည်း တော့ ဆရာဝန်မပြ၊ မကုသတာကြောင့် အသည်းကိုပျံ့ပြီး ရေဖျဉ်းစွဲတာ၊ အ ဆုတ်ကိုပျံ့ပြီး ချောင်းဆိုးသွေးပါတာ၊ အရိုးကိုပျံ့ပြီး အရိုးကျိုးတာ စတာတွေ ဖြစ်မှ ဆရာဝန်တွေဆီ ရောက်လာကြ တယ်။

ကိုယ်ကိုယ်တိုင်ကော ရင်သားကင်ဆာ ဖြစ်တာကို ဘယ်လိုသိနိုင်မလဲ ဆရာ။
အမျိုးသားတစ်ယောက်အနေနဲ့ ရင် သားမှာ ကင်ဆာရှိ၊ မရှိကို ကိုယ်ကိုယ် တိုင် ဘယ်လိုသိနိုင်မလဲဆိုရင် ရင်သား မှာ အကျိတ်ဖြစ်တာ၊ အမျိုးသားဆိုရင် နို့သီးခေါင်းကနေ နို့မထွက်ရဘူး။ အဲဒါ ကို နို့ရည်လိုမျိုး သွေးအရည်လေးတွေ ထွက်တာ၊ နို့သီးခေါင်း ချိုင့်ဝင်တာ၊ တင်း ပြီးနာတာ (အမျိုးသမီးတွေမှာ ရာသီလာ ခါနီးရင် ရင်သားတွေတင်းပြီး နာသလို မျိုး)၊ အနာပေါက်လို့ နာတာ၊ ချိုင်းမှာ အကျိတ်တွေ ဖြစ်တာတွေ ဖြစ်နိုင်ပါ တယ်။

အမျိုးသားရင်သားကင်ဆာဖြစ်နိုင်ခြေ များသူများတွေကိုလည်း ပြောပြပါ ဆရာ။
အမျိုးသားရင်သားကင်ဆာဖြစ်နိုင် ခြေများသူတွေက မျိုးရိုးဗီဇပေါ့။ Oncogene တွေကြောင့် Mutation ဆိုတဲ့ ဆဲလ်တွေမှာ ထွန်းတာပေါ့။ နောက်ပြီး Oncogene ကို တားတဲ့ Tumour Supressor Gene က ပျောက်သွားတာ၊ အမျိုးသားတွေမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဆီများတဲ့ အစာ တွေ စားတာ၊ ပတ်ဝန်းကျင်အကြောင်းတ ရားတွေနဲ့ ဆိုင်တာ၊ နေထိုင်မှုပုံစံက အ နောက်တိုင်းဆန်သွားတာ၊ အဆီအအိမ့် စားတာ၊ အကင်တွေ စားတာ စတဲ့လူတွေ မှာ တခြားသူတွေထက် ဖြစ်နိုင်ခြေ ပိုများပါတယ်။

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင် ဆာက အမျိုးသမီးတွေမှာနဲ့ ဘယ်လိုကွာ ခြားနိုင်ပါသလဲ။
အမျိုးသားမှာဖြစ်တဲ့ရင်သားကင် ဆာနဲ့ အမျိုးသမီးမှာဖြစ်တဲ့ ရင်သားကင် ဆာဆိုရင် အမျိုးသားတွေမှာ ပိုပြီး ဂရု စိုက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် သတိမထားမိတတ်ကြဘူး။ နောက်ပြီး အမျိုးသားမှာဖြစ်တဲ့ ရင်သားကင်ဆာက အမျိုးသမီးတွေမှာထက် ပိုပြီးပျံ့တာ မြန်ပါတယ်။ အမျိုးသားတွေက လှုပ်လှုပ် ရှားရှား နေထိုင်တာကြောင့် သွေးလှည့် ပတ်မှု ပိုကောင်းတယ်၊ နောက်ပြီး အမျိုး သမီးတွေလို ရင်သားက အဆီသိပ်မများ တဲ့အတွက် ဂရုတစိုက်မကုသရင် ရင် သားအောက်မှာရှိတဲ့ Subcutaneous အလွှာနဲ့ ကြွက်သားတွေကို ထိုးဖောက်ပြီး နံရိုးတွေကို လှိုက်စားသွားနိုင်တယ်။ နောက်ပြီး ချိုင်းကို ပျံ့တာကလည်း အမျိုးသမီးတွေထက် ပိုမြန်ပါတယ်။

ဘယ်လိုကုသနိုင်မလဲ ဆရာ။
ကုသမှုက အမျိုးသမီးတွေမှာ ကုသသလိုမျိုးပဲ အမျိုးသားတွေကိုလည်း ကုသပေးရပါတယ်။ အများအားဖြင့် ရင် သားကင်ဆာ အဆင့် (၁) နဲ့ အဆင့် (၂) ဆိုရင် ရင်သားတစ်ခုလုံးကို ထုတ်ပြီး ကု သတာ များပါတယ်။ အမျိုးသားတွေမှာက အမျိုးသမီးတွေလို အလှအပမလိုတဲ့အ တွက် ရင်သားတစ်ခုလုံးထုတ်ပြီး ကုသမှု ပေးပါတယ်။ ရင်သားကို ခွဲစိတ်တဲ့အခါ တစ်ဆက်တည်း ချိုင်းမှာရှိတဲ့ အကျိတ် တွေကိုပါ ဖယ်ရှားပါတယ်။ ပြီးရင် ဓာတ် ရောင်ခြည်ပေးပြီး ကုသပါတယ်။ ဆေးကုသမှုအပိုင်းမှာ အခုနောက်ပိုင်း ပေါ်လာတဲ့ Hormone Receptorက သုံးမျိုးရှိတယ်။ Estrogen Receptor (ER), Proge-strone Receptor (PR), Herceptin အဲဒီသုံးခုရှိတာ၊ မရှိတာပေါ် မူတည်ပြီး ဆေးတွေကို ရွေး ပြီးပေးရပါတယ်။ အထူးသဖြင့် အမျိုး သားရင်သားကင်ဆာက အဆုတ်၊ အ သည်း၊ အရိုးနဲ့ ဦးနှောက်တွေဆီ မပျံ့ အောင် ကုသမှုပေးရပါတယ်။ ဒီ Receptor သုံးမျိုးစလုံး positive ဖြစ်တယ် ဆိုရင် Triple positive ၊ သုံးရတဲ့ ဆေး က တစ်မျိုး၊ တချို့လည်း သုံးမျိုးစလုံး Negative ဖြစ်တယ်ဆိုရင် Triple Negative ၊ သူ့ကိုလည်း သုံးရတဲ့ဆေးက တစ်မျိုးပါ။ တချို့လည်း ER တစ်ခုပဲ Positive ဆိုတာမျိုးလည်း ရှိသေးတယ်။ အခုနောက်ပိုင်းမှာဆေးကုသမှုက ရောဂါ ဖြစ်တာချင်း တူရင်တောင် ကုသမှုအပိုင်း မှာ တစ်ယောက်နဲ့တစ်ယောက် မတူ တော့ဘူး။ ဆရာတို့ ခေါ်တာကတော့ Individualized Medicine ပေ့ါ။ တစ်ယောက်ချင်းစီကို ကုသရတဲ့ဆေး ဖြစ်တာကြောင့် Personalized Medicine လို့ ခေါ်လို့ရပါတယ်။ လိုအပ်ရင် အမျိုးသမီးတွေမှာ ကုသသလိုပဲ ဟော် မုန်းဆေးတွေ ပေးရပါတယ်။ ER, PR တွေ positive ဖြစ်တယ်ဆိုရင် အဲဒီ Receptor တွေကို ပိတ်တဲ့ တာမောက်စီ ဖန်ပေးပါတယ်။ အဲဒီမှာ သွားတဲ့ Partway တစ်ခုရှိတယ်။ အီစထရို မထွက်အောင် ပိတ်တဲ့ အင်ဇိုင်းတွေ ပေး တယ်။ တခြားဆေးတွေလည်း အများ ကြီးရှိပါတယ်။ အဲဒါတွေလည်း သုံးပါ တယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့် တင်ပေးတဲ့ နည်းလမ်းတွေ သုံးပြီးလည်း ကုသပေးပါတယ်။ ကုသမှုနည်းလမ်းတွေ ကတော့ အများကြီးရှိပါတယ်။

အမျိုးသားတွေအနေနဲ့ ရင်သားကင်ဆာ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်နိုင် မလဲ ဆရာ။
အမျိုးသားတွေရဲ့ ရင်သားမှာ မသင်္ကာစရာ အကျိတ်တွေ့တယ်၊ နို့သီး ခေါင်းကနေ အရည်လေးတွေထွက်တယ်၊ ချိုင်းမှာလည်း အကျိတ်ရှိတယ်ဆိုရင် မရှက်ပါနဲ့။ ဆရာဝန်တွေဆီကို ပြသပါ။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင် ဆာက အမျိုးသမီးမှာဖြစ်တဲ့ ရင်သား ကင်ဆာထက် ပျံ့တာမြန်တာကြောင့် အချိန်ဆွဲမနေသင့်ပါဘူး။ သေသေချာချာ ကုသမယ်ဆိုရင် ပျောက်ကင်းပါတယ်။ အဆင့် (၁) မှာ ကင်ဆာကို စတင်တွေ့ ရှိပြီး ကုသပါက ၅ နှစ်ကနေ ၁၀ နှစ်အ တွင်း ရောဂါပျောက်ကင်းမှုက ၉၅ ရာ ခိုင်နှုန်း ရှိပါတယ်။ စောစောစီးစီး သိရှိပြီး ကုသမယ်ဆိုရင် သက်တမ်းစေ့နေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပါမောက္ခဦးစိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top