ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



က်ိက်ိတက္ခ်မ္းသာတဲ့ သူေဌးၾကီးတစ္ေယာက္ျဖစ္ေပမယ့္ အိုမင္းသြားတဲ့အခါ အလုပ္မလုပ္ခ်င္ေတာ့ဘူးဆုိရင္ နားလည္ခြင့္လႊတ္ေပးလို႔ ရပါတယ္။ အသက္ၾကီးလာရင္ လူအမ်ားစုက အိမ္မွာပဲ အပူအပင္ကင္းကင္းနဲ႔ စိတ္ေအးသက္သာစြာ ေနထိုင္လိုၾကပါတယ္။ဒါေပမယ့္ ပစိဖိတ္အျပည္ျပည္ဆိုင္ရာ သေဘၤာလိုင္း (PIL) တည္ေထာင္သူ အသက္ (၁၀၀) အရြယ္ ဥကၠဌကေတာ့ အျခားအဖိုးၾကီးအဖြားၾကီးေတြလို အိမ္မွာ သက္ေတာင့္သက္သာေနခ်င္ရွာတာ မဟုတ္ပါဘူး။

ဥကၠဌၾကီး ခ်န္ယြန္ေခ်ာင္းဟာ သူ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ေနရာကို သားျဖစ္သူ ေတ်ာင္ေရွာင္စမ္းဆီ ရာထူးလႊဲၿပီးေပမယ့္ သူဟာ ေန႔တိုင္း ကုမၸဏီကို သြားျမဲသြားဆဲ ျဖစ္ပါတယ္။ သူဟာ ေန႔စဥ္ စင္ကာပူရံုးခ်ဳပ္ေတြကို သြားၿပီး ဌာနတိုင္းရဲ႕ လုပ္ငန္းလည္ပတ္မႈေတြကို စစ္ေဆးေလ့ရွိပါတယ္။


ခ်န္ယြန္ေခ်ာင္းက “ကြ်န္ေတာ္ အိမ္မွာ မေနႏိုင္ဘူး။ အိမ္မွာေနရတာ အရမ္းပ်င္းတာပဲ။ ေန႔တိုင္း ကြ်န္ေတာ္တစ္ေန႔တာ လုပ္ရမယ့္ လုပ္ငန္းေဆာင္တာေတြကို ဒိုင္ယာရီထဲ ခ်ေရးထားတယ္။ အကုန္လံုးလိုလို ခ်ေရးပါတယ္” လို႔ ဆိုပါတယ္။

ခ်န္ယြန္ေခ်ာင္းဟာ လြန္ခဲ့တဲ့ (၁၉၆၇) ခုႏွစ္ကတည္းက PIL ကို သေဘၤာေဟာင္းႏွစ္စီးနဲ႔ စတင္ခဲ့တာပါ။ ကုမၸဏီနဲ႔ ေန႔တိုင္း ထိေတြ႔ဆက္ဆံေနရတာက ခ်န္ယြန္ေခ်ာင္းကို အျမဲတမ္းတက္ၾကြေစတဲ့ အေၾကာင္းအရင္းလည္း ျဖစ္ပါတယ္။ လက္ရွိမွာ ကုမၸဏီဟာ ကမာၻ႔ထိပ္တန္းသေဘၤာကုမၸဏီ (၂၀) ထဲမွာရွိၿပီး အလုပ္သမားေပါင္း(၁၈,၀၀၀) ရွိပါတယ္။

ခ်န္ဟာ သားျဖစ္သူ ေတ်ာင္ကိုလည္း သူ႔လုပ္ငန္းအေတြ႔အၾကဳံေတြကို လက္ဆင့္ကမ္းသင္ေပးေနဆဲ ျဖစ္ပါတယ္။ ေတ်ာင္က “အေဖနဲ႔ ကြ်န္ေတာ္ ေန႔တိုင္း(၂) ၾကိမ္ စကားေျပာေဆြးေႏြးျဖစ္ပါတယ္။ အထူးသျဖင့္ အရမ္းဖိအားမ်ားေနတဲ့ အခ်ိန္ေတြမွာ ေဒါသကို ဘယ္လိုထိန္းမလဲဆိုတာပါ။ အေဖကေတာ့ ကြ်န္ေတာ့္ကို အမ်ားၾကီးသင္ေပးတယ္။

လူေတြကို ကိုယ့္စကားနားေထာင္ေစခ်င္ရင္ သူတို႔ ေၾကာက္ေအာင္လို႔ အာဏာနဲ႔ ဖိအားေပးခိုင္းတာမ်ိဳး မလုပ္ခိုင္းပါဘူး။ သူတို႔ ေခါင္းေဆာင္ရဲ႕ စြမ္းေဆာင္ရည္၊ သိကၡာသမာဓိကုိ ယံုၾကည္ၿပီး သူတို႔ဘာသာသူတို႔ ေခါင္းေဆာင္ရဲ႕ စကားလိုက္နာေအာင္ပဲ ၾကိဳးစားခိုင္းပါတယ္။ လြယ္ေတာ့ မလြယ္ပါဘူး” လို႔ ေျပာျပပါတယ္။

ေတ်ာင္ဟာ အုပ္ခ်ဳပ္ေရးပိုင္းအၾကီးအကဲအေနနဲ႔ ေတြ႔ၾကံဳလာတဲ့ အမ်က္ေဒါသေတြကို တည္ၿငိမ္စြာ ထိန္းသိမ္းႏိုင္ဖို႔ ဖခင္ဆီမွ နည္းယူတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ သေဘၤာလုပ္ငန္းမွာ ႏိုင္ငံေရးကိစၥ၊ နည္းပညာပိုင္းဆိုင္ရာ ျပႆနာေတြအျပင္ မေတာ္တဆမႈေတြဟာ အခ်ိန္အခါမေရြးျဖစ္ႏိုင္တာေၾကာင့္ ၾကိဳတင္ခန္႔မွန္းလို႔ မျဖစ္ႏိုင္ပါဘူး။

သူေဌးၾကီးေခ်ာင္ကေတာ့ “ကြ်န္ေတာ္က ဘယ္ေတာ့မွ ေဒါသမထြက္ဘူး။ ထြက္လို႔လည္း မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေဒါသကို လႊတ္လိုက္ရင္ အေျခအေနကို ထိန္းခ်ဳပ္ဖို႔မေျပာနဲ႔ ကိုယ့္ကိုကိုယ္ေတာင္ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး” လို႔ ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဖြစ်ပေမယ့် အိုမင်းသွားတဲ့အခါ အလုပ်မလုပ်ချင်တော့ဘူးဆိုရင် နားလည်ခွင့်လွှတ်ပေးလို့ ရပါတယ်။ အသက်ကြီးလာရင် လူအများစုက အိမ်မှာပဲ အပူအပင်ကင်းကင်းနဲ့ စိတ်အေးသက်သာစွာ နေထိုင်လိုကြပါတယ်။ ဒါပေမယ့် ပစိဖိတ်အပြည်ပြည်ဆိုင်ရာ သင်္ဘောလိုင်း (PIL) တည်ထောင်သူ အသက် (၁၀၀) အရွယ် ဥက္ကဌကတော့ အခြားအဖိုးကြီးအဖွားကြီးတွေလို အိမ်မှာ သက်တောင့်သက်သာနေချင်ရှာတာ မဟုတ်ပါဘူး။

ဥက္ကဌကြီး ချန်ယွန်ချောင်းဟာ သူ့ရဲ့ အမှုဆောင်အရာရှိချုပ်နေရာကို သားဖြစ်သူ တျောင်ရှောင်စမ်းဆီ ရာထူးလွှဲပြီးပေမယ့် သူဟာ နေ့တိုင်း ကုမ္ပဏီကို သွားမြဲသွားဆဲ ဖြစ်ပါတယ်။ သူဟာ နေ့စဉ် စင်ကာပူရုံးချုပ်တွေကို သွားပြီး ဌာနတိုင်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို စစ်ဆေးလေ့ရှိပါတယ်။

ချန်ယွန်ချောင်းက “ကျွန်တော် အိမ်မှာ မနေနိုင်ဘူး။ အိမ်မှာနေရတာ အရမ်းပျင်းတာပဲ။ နေ့တိုင်း ကျွန်တော်တစ်နေ့တာ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ဒိုင်ယာရီထဲ ချရေးထားတယ်။ အကုန်လုံးလိုလို ချရေးပါတယ်” လို့ ဆိုပါတယ်။

ချန်ယွန်ချောင်းဟာ လွန်ခဲ့တဲ့ (၁၉၆၇) ခုနှစ်ကတည်းက PIL ကို သင်္ဘောဟောင်းနှစ်စီးနဲ့ စတင်ခဲ့တာပါ။ ကုမ္ပဏီနဲ့ နေ့တိုင်း ထိတွေ့ဆက်ဆံနေရတာက ချန်ယွန်ချောင်းကို အမြဲတမ်းတက်ကြွစေတဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းသင်္ဘောကုမ္ပဏီ (၂၀) ထဲမှာရှိပြီး အလုပ်သမားပေါင်း(၁၈,၀၀၀) ရှိပါတယ်။

ချန်ဟာ သားဖြစ်သူ တျောင်ကိုလည်း သူ့လုပ်ငန်းအတွေ့အကြုံတွေကို လက်ဆင့်ကမ်းသင်ပေးနေဆဲ ဖြစ်ပါတယ်။ တျောင်က “အဖေနဲ့ ကျွန်တော် နေ့တိုင်း(၂) ကြိမ် စကားပြောဆွေးနွေးဖြစ်ပါတယ်။ အထူးသဖြင့် အရမ်းဖိအားများနေတဲ့ အချိန်တွေမှာ ဒေါသကို ဘယ်လိုထိန်းမလဲဆိုတာပါ။ အဖေကတော့ ကျွန်တော့်ကို အများကြီးသင်ပေးတယ်။

လူတွေကို ကိုယ့်စကားနားထောင်စေချင်ရင် သူတို့ ကြောက်အောင်လို့ အာဏာနဲ့ ဖိအားပေးခိုင်းတာမျိုး မလုပ်ခိုင်းပါဘူး။ သူတို့ ခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်၊ သိက္ခာသမာဓိကို ယုံကြည်ပြီး သူတို့ဘာသာသူတို့ ခေါင်းဆောင်ရဲ့ စကားလိုက်နာအောင်ပဲ ကြိုးစားခိုင်းပါတယ်။ လွယ်တော့ မလွယ်ပါဘူး” လို့ ပြောပြပါတယ်။

တျောင်ဟာ အုပ်ချုပ်ရေးပိုင်းအကြီးအကဲအနေနဲ့ တွေ့ကြုံလာတဲ့ အမျက်ဒေါသတွေကို တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ဖို့ ဖခင်ဆီမှ နည်းယူတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သင်္ဘောလုပ်ငန်းမှာ နိုင်ငံရေးကိစ္စ၊ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေအပြင် မတော်တဆမှုတွေဟာ အချိန်အခါမရွေးဖြစ်နိုင်တာကြောင့် ကြိုတင်ခန့်မှန်းလို့ မဖြစ်နိုင်ပါဘူး။

သူဌေးကြီးချောင်ကတော့ “ကျွန်တော်က ဘယ်တော့မှ ဒေါသမထွက်ဘူး။ ထွက်လို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါသကို လွှတ်လိုက်ရင် အခြေအနေကို ထိန်းချုပ်ဖို့မပြောနဲ့ ကိုယ့်ကိုကိုယ်တောင် မထိန်းချုပ်နိုင်တော့ဘူး” လို့ ပြောပြခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top