ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေယာကၡမကို တည့္ေအာင္ေပါင္းဖို႔ လိုတယ္ေနာ္

သတို႔သမီးေလာင္းေလးတို႔ေရ သတုိ႔သားရဲ႕ အေမဆိုတာ ကိုယ္တသက္လံုး ပတ္သက္ခ်စ္ခင္ဆက္ႏြယ္ရမယ့္ ေယာကၡမပါပဲေနာ္။ ေယာကၡမနဲ႔ ေခၽြးမ မတည့္ဘူးဆိုတာကလည္း အျမဲျဖစ္ေနက်ကိစၥေတြထဲက တစ္ခုပါပဲ။ ဒါေပမယ့္လည္း ကိုယ္လက္ထပ္မယ့္ သတို႔သားရဲ႕ အေမကို တည့္ေအာင္ ေပါငး္ဖို႔ေတာ့ လိုတာေပ့ါ။ ဒါမွပဲ မဂၤလာေဆာင္ကိစၥေတြ စီစဥ္တဲ့အခါေရာ လက္ထပ္ၿပီးတဲ့အခါမွာေရာ အဆင္ေျပမွာပါ။ ဘယ္လိုေပါင္းသင္းဆက္ဆံမလဲဆိုတာ ဖတ္ၾကည့္ေပးဦးေနာ္။

အခ်စ္ေတာ္ျဖစ္ေအာင္

ေယာကၡမအခ်စ္ေတာ္ ျဖစ္ဖို႔ဆိုတာ မလြယ္ဘူးဆိုေပမယ့္ ႀကိဳးစားၾကည့္ရမွာပါပဲေနာ္။ မခ်စ္ရင္ေတာင္ မမုန္းနဲ႔ဆုိသလို အေမအရင္းလို မခ်စ္ႏိုင္ရင္ေတာင္ အန္တီတစ္ေယာက္လိုေတာ့ ခ်စ္ေပးဖို႔ လိုပါတယ္။ ေယာကၡမက ကိုယ့္ကို အျမင္ၾကည္ဖို႔ဆိုုရင္ သတို႔သားေလးရဲ႕ အကူအညီလိုအပ္ပါတယ္။ သတို႔သားေလးက ကိုယ့္အေၾကာင္းေတြကို အလုိက္အထိုက္ ေျပာေပးထားမွ ေယာကၡမက အျမင္ၾကည္မွာေပါ့ေနာ္။ သတို႔သားေလးရဲ႕ ၾကားဝင္ေစ့စပ္မႈေတြေပၚ မူတည္ၿပီး ေမေမ့အခ်စ္ေတာ္ ျဖစ္လာမွာမို႔ သတို႔သားေလးကို ႀကိဳတင္ မွာထားေနာ္။

ေမေမနဲ႔ေတြ႔တဲ့အခါ

မဂၤလာမေဆာင္ခင္ ေမေမနဲ႔ ေတြ႔ရတဲ့ အခိုက္အတန္႔ေတြ ရွိလာမွာပါ။ ေမေမနဲ႔ ေတြ႔တဲ့အခါမွာ သားကို ဘယ္လိုခ်စ္ေၾကာင္း၊ ဂရုစိုက္ေပးမယ္အေၾကာင္းေလးေတြ ေျပာျပေပးပါ။ ေနာက္တစ္ခုကေတာ့ ေမေမရဲ႕ အျမင္ထဲမွာ ကိုယ္က ရင့္က်က္ၿပီး ေအးေဆးတည္ၿငိမ္တဲ့သူ ျဖစ္ဖို႔ လိုပါတယ္။ အဝတ္အစားေလးကအစ ေမေမႀကိဳက္တဲ့ပံုေလး ျဖစ္ဖို႔လိုပါတယ္။

မေကာင္းေၾကာင္း မေျပာပါနဲ႔

ေယာကၡမနဲ႔ အဆင္ေျပဖို႔ဆိုရင္ သူ႔သား မေကာင္းေၾကာင္း ေျပာလို႔ မရဘူးေနာ္။ သားကို အျပစ္တင္ေနတာမ်ိဳး ေမေမက ဘယ္ႀကိဳက္ပါ့မလဲ၊ ဒါေတာ့ ေခၽြးမေလးတို႔ သတိထားရမယ္ေနာ္။
လက္ေဆာင္ေလးေတြ ေပးပါ

ေယာကၡမေလာင္း ၾကည္ျဖဴဖို႔ လက္ေဆာင္ေသးေသးေလးေတြ ေပးဖို႔ မေမ့ပါနဲ႔။ ေယာကၡမ ႏွစ္သက္သေဘာက်ေလာက္မယ့္ လက္ေဆာင္ေလးေတြ ေပးပါ။ အႀကိဳက္ကိုသိဖိုု႔ဆိုတာလည္း ကိုယ့္ခ်စ္ခ်စ္ရဲ႕ အကူအညီလိုတာေပါ့။ သူ႔ကို တိုးတိုးတိတ္တိတ္ ေမးၿပီး ဝယ္ေပးတာမ်ိဳးေပါ့။

ေယာကၡမ ကိုယ့္အေပၚမွာ ထားတဲ့ သေဘာထားကိုလည္း သိေအာင္ ႀကိဳးစားရပါမယ္

အိမ္မႈကိစၥ

အိမ္မႈကိစၥေတြကို အကုန္လံုး မလုပ္ဘူးဆိုရင္ေတာင္ လံုးဝမလုပ္ခ်င္တဲ့ပံုစံ မျပပါနဲ႔ေနာ္။ လက္ရာအေကာင္းႀကီး မဟုတ္ရင္ေတာင္ စားလို႔ရေအာင္ေတာ့ ခ်က္တတ္တယ္ဆိုတာမ်ိဳး ေယာကၡမ သိပါေစေနာ္။ အိမ္မႈကိစၥ မႏိုင္နင္းတာကို ဘယ္သူမွ မႀကိဳက္ေလာက္ဘူးေလေနာ္။

သေဘာထား

ေယာကၡမ ကိုယ့္အေပၚမွာ ထားတဲ့ သေဘာထားကိုလည္း သိေအာင္ ႀကိဳးစားရပါမယ္။ ဒါမွပဲ ကိုယ္က ေရွ႕ဆက္လို႔ ရမယ္မလား၊ ကိုယ့္ကို ဘယ္ေလာက္ရာခိုင္ႏႈန္း သေဘာက်သလဲဆိုတာ သိဖုိ႔လိုပါတယ္။ ေယာကၡမဆီက မသိရရင္ေတာင္ ကုိယ့္သတို႔သားဆီကေန ေမးျမန္းေပါ့။ ဒါမွပဲ ေခၽြးမတစ္ေယာက္အေနနဲ႔ ဘာေတြေရွာင္ရ ေဆာင္ရမလဲဆိုတာ သိမွာေပါ့ေနာ္။

ရင္းႏွီးေအာင္ေနပါ

သတို႔သားအေမနဲ႔ မဂၤလာပြဲစတင္ မစီစဥ္ခင္မွာ ရင္းႏွီးေအာင္ေနပါ။ ေမးထူးေခၚေျပာ မဟုတ္ဘဲ တကယ္ရင္းႏွီးသလိုမ်ိဳးေလး ေနပါ။ ဒါမွ တိုင္ပင္စရာရွိတာ တိုင္ပင္လို႔ ရမွာပါ။ မဂၤလာေဆာင္စီစဥ္တဲ့အခါမွာလည္း အတူတူ စီစဥ္တာမ်ိဳး လုပ္လုိ႔ ရတာေပါ့ေနာ္။

မဂၤလာမေဆာင္ခင္ ေယာကၡမေလာင္းနဲ႔ အဆင္ေျပေစဖို႔  ခုေျပာျပတဲ့ အခ်က္ေလးေတြကို မေမ့နဲ႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
 ယောက္ခမကို တည့်အောင်ပေါင်းဖို့ လိုတယ်နော်

သတို့သမီးလောင်းလေးတို့ရေ သတို့သားရဲ့ အမေဆိုတာ ကိုယ်တသက်လုံး ပတ်သက်ချစ်ခင်ဆက်နွယ်ရမယ့် ယောက္ခမပါပဲနော်။ ယောက္ခမနဲ့ ချွေးမ မတည့်ဘူးဆိုတာကလည်း အမြဲဖြစ်နေကျကိစ္စတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့်လည်း ကိုယ်လက်ထပ်မယ့် သတို့သားရဲ့ အမေကို တည့်အောင် ပေါင်းဖို့တော့ လိုတာပေ့ါ။ ဒါမှပဲ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်တဲ့အခါရော လက်ထပ်ပြီးတဲ့အခါမှာရော အဆင်ပြေမှာပါ။ ဘယ်လိုပေါင်းသင်းဆက်ဆံမလဲဆိုတာ ဖတ်ကြည့်ပေးဦးနော်။

အချစ်တော်ဖြစ်အောင်

ယောက္ခမအချစ်တော် ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုပေမယ့် ကြိုးစားကြည့်ရမှာပါပဲနော်။ မချစ်ရင်တောင် မမုန်းနဲ့ဆိုသလို အမေအရင်းလို မချစ်နိုင်ရင်တောင် အန်တီတစ်ယောက်လိုတော့ ချစ်ပေးဖို့ လိုပါတယ်။ ယောက္ခမက ကိုယ့်ကို အမြင်ကြည်ဖို့ဆိုရင် သတို့သားလေးရဲ့ အကူအညီလိုအပ်ပါတယ်။ သတို့သားလေးက ကိုယ့်အကြောင်းတွေကို အလိုက်အထိုက် ပြောပေးထားမှ ယောက္ခမက အမြင်ကြည်မှာပေါ့နော်။ သတို့သားလေးရဲ့ ကြားဝင်စေ့စပ်မှုတွေပေါ် မူတည်ပြီး မေမေ့အချစ်တော် ဖြစ်လာမှာမို့ သတို့သားလေးကို ကြိုတင် မှာထားနော်။

မေမေနဲ့တွေ့တဲ့အခါ

မင်္ဂလာမဆောင်ခင် မေမေနဲ့ တွေ့ရတဲ့ အခိုက်အတန့်တွေ ရှိလာမှာပါ။ မေမေနဲ့ တွေ့တဲ့အခါမှာ သားကို ဘယ်လိုချစ်ကြောင်း၊ ဂရုစိုက်ပေးမယ်အကြောင်းလေးတွေ ပြောပြပေးပါ။ နောက်တစ်ခုကတော့ မေမေရဲ့ အမြင်ထဲမှာ ကိုယ်က ရင့်ကျက်ပြီး အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အဝတ်အစားလေးကအစ မေမေကြိုက်တဲ့ပုံလေး ဖြစ်ဖို့လိုပါတယ်။

မကောင်းကြောင်း မပြောပါနဲ့

ယောက္ခမနဲ့ အဆင်ပြေဖို့ဆိုရင် သူ့သား မကောင်းကြောင်း ပြောလို့ မရဘူးနော်။ သားကို အပြစ်တင်နေတာမျိုး မေမေက ဘယ်ကြိုက်ပါ့မလဲ၊ ဒါတော့ ချွေးမလေးတို့ သတိထားရမယ်နော်။
လက်ဆောင်လေးတွေ ပေးပါ

ယောက္ခမလောင်း ကြည်ဖြူဖို့ လက်ဆောင်သေးသေးလေးတွေ ပေးဖို့ မမေ့ပါနဲ့။ ယောက္ခမ နှစ်သက်သဘောကျလောက်မယ့် လက်ဆောင်လေးတွေ ပေးပါ။ အကြိုက်ကိုသိဖို့ဆိုတာလည်း ကိုယ့်ချစ်ချစ်ရဲ့ အကူအညီလိုတာပေါ့။ သူ့ကို တိုးတိုးတိတ်တိတ် မေးပြီး ဝယ်ပေးတာမျိုးပေါ့။

ယောက္ခမ ကိုယ့်အပေါ်မှာ ထားတဲ့ သဘောထားကိုလည်း သိအောင် ကြိုးစားရပါမယ်

အိမ်မှုကိစ္စ

အိမ်မှုကိစ္စတွေကို အကုန်လုံး မလုပ်ဘူးဆိုရင်တောင် လုံးဝမလုပ်ချင်တဲ့ပုံစံ မပြပါနဲ့နော်။ လက်ရာအကောင်းကြီး မဟုတ်ရင်တောင် စားလို့ရအောင်တော့ ချက်တတ်တယ်ဆိုတာမျိုး ယောက္ခမ သိပါစေနော်။ အိမ်မှုကိစ္စ မနိုင်နင်းတာကို ဘယ်သူမှ မကြိုက်လောက်ဘူးလေနော်။

သဘောထား

ယောက္ခမ ကိုယ့်အပေါ်မှာ ထားတဲ့ သဘောထားကိုလည်း သိအောင် ကြိုးစားရပါမယ်။ ဒါမှပဲ ကိုယ်က ရှေ့ဆက်လို့ ရမယ်မလား၊ ကိုယ့်ကို ဘယ်လောက်ရာခိုင်နှုန်း သဘောကျသလဲဆိုတာ သိဖို့လိုပါတယ်။ ယောက္ခမဆီက မသိရရင်တောင် ကိုယ့်သတို့သားဆီကနေ မေးမြန်းပေါ့။ ဒါမှပဲ ချွေးမတစ်ယောက်အနေနဲ့ ဘာတွေရှောင်ရ ဆောင်ရမလဲဆိုတာ သိမှာပေါ့နော်။

ရင်းနှီးအောင်နေပါ

သတို့သားအမေနဲ့ မင်္ဂလာပွဲစတင် မစီစဉ်ခင်မှာ ရင်းနှီးအောင်နေပါ။ မေးထူးခေါ်ပြော မဟုတ်ဘဲ တကယ်ရင်းနှီးသလိုမျိုးလေး နေပါ။ ဒါမှ တိုင်ပင်စရာရှိတာ တိုင်ပင်လို့ ရမှာပါ။ မင်္ဂလာဆောင်စီစဉ်တဲ့အခါမှာလည်း အတူတူ စီစဉ်တာမျိုး လုပ်လို့ ရတာပေါ့နော်။

မင်္ဂလာမဆောင်ခင် ယောက္ခမလောင်းနဲ့ အဆင်ပြေစေဖို့  ခုပြောပြတဲ့ အချက်လေးတွေကို မမေ့နဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top