ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×



ဖိုးသူတော်(www.phothutaw.com)
Credit:လူ​အောင်​(ကသာ)

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၊ဂွေးပင်ချောင်းကျေးရွာတွင် လူသတ်မှု့တစ်ခုဖြစ်ပွားခဲ့ရာ ၉ နာရီအတွင်းလူသတ်တရားခံဖော်ထုတ်နှိုင်ခဲ့ကြေင်းသိရသည်။


ဖြစ်စဉ်မှာ ၁၊၁၂၊၁၈ရက်နေ့နေ့လယ်ပိုင်းတွင်ထီးချိုင့်မြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနေချိုသဲအောင်(ခ)ဖိုးသဲသည် ဝက်ဝယ်သွားရာမှအပြန်နေအိမ်တွင်ဓားဒဏ်ရာဖြင့်သေဆုံးနေကြောင်း သိရှိရသဖြင့်၃၊၁၂၊၁၈ရက်နေ့တွင်ထီးချိုင့်မြို့မရဲစခန်းသို့လာရောက်တိုင်းကြားခဲ့ရာထီးချိုင့်မြို့မရဲခန်းမှူးဘချစ် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူလူသတ်တရားခံဖော်ထုတ်ဖမ်းဆီးနှိုင်ရေးအတွက်ဆောင်ရွက်နေစဉ်၄၊၁၂၊၁၈ရက်နေ့တွင်စုံစမ်းသတင်းအရဂွေးပင်ချောင်းကျေးရွာနေဝက်လိုင်စဉ်ရလုပ်ငန်း လုပ်ကိုင်သူမမော်လီမြင့်အားစစ်မေးခဲ့ရာသေဆုံးသူချိုသဲအောင် (ခ)ဖိုးသဲနှင့်ထီးချိုင့်မြို့နယ်၊ချွန်းတောင်ရွာနေ နေဇော်တို့နှစ်ဦးအရက်အတူသောက်ပြီးနေဇော်မှချိုသဲအောင်(ခ)ဖိုးသဲအားအိမ်သို့လိုက်ပို့စဉ်ချိုသဲအောင်(ခ)ဖိုးသဲ၏နေအိမ်တွင်အမူးလွန်ပြီးစကားများရန်ဖြစ်ကြရာ နေဇော်မှအရိုး/အသွား(၉)လက်မခန့် ရှိ ဓားဦးချွန်ဖြင့်ထိုးသတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုသဖြင့်ဓားဖြင့်ထိုး
သတ်သူ ထီးချိုင့်မြို့နယ်၊ချွန်းတောင်ကျေးရွာနေ နေဇော် ဆိုသူအား ထီးချိုင့်မြို့မရဲစခန်းမှဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း စခန်းမှူးဒုရဲမှူးဘချစ်ထံမှသိရှိရသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:လူအောင်(ကသာ)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top