ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မင္းဘူးခရိုင္ စလင္းၿမိဳ႕နယ္ ေပါက္ေလးပင္အုပ္စု လက္ပန္ဦးေက်းရြာမွ အသက္(၁၄)ႏွစ္အရြယ္ (၇)တန္းေက်ာင္းသူမိန္းကေလး။ ကံအေၾကာင္းမသင့္၍ ယုတ္မာသူတစ္ဦး၏ သားမယားျပဳျခင္းကို ခံခ့ဲရသည္။

ယုတ္မာသူလည္း ေထာင္က်သြားသည္။ ယုတ္မာသူ၏ ဘဝနိဂုံးခ်ဳပ္ခ့ဲေသာ္လည္း မိန္းခေလးတြင္ေတာ့ ယုတ္မာသူ၏ ေသြးသားကက်န္ခ့ဲသည္။ 12 – 10 – 2018 ရက္ ေသာၾကာေန႔ နံနက္တစ္နာရီမွာ အမႊာညီအစ္မကိုေမြးသည္။

မိန္းခေလးကို ဘာဆက္လုပ္မလဲေမးေတာ့ သမီးေလးႏွစ္ေယာက္ကို ႀကီးျပင္းေအာင္ေမြးမည္ဟုေျပာသည္။ သူမ၏ သမီးႏွစ္ဦးကို သူတစ္ပါးသုိ႔ေမြးစားရန္ မေပးႏိုင္ေၾကာင္း။ လူမွဳဝန္ထမ္းဦးစီးဌာနသုိ႔လည္း မအပ္ႏိုင္ေၾကာင္းေျပာသည္။ မိန္းကေလးမိသားစု၏ စီးပြားေရးအေျခအေနကိုစုံစမ္းရာ မိဘႏွစ္ပါးမွာ ဧရာဝတီျမစ္အတြင္း ခရီးသည္တစ္ဦးလ်ွင္ေငြ ၃၀၀ိ သာရသည့္ စက္ေလွေမာင္းသည့္ အလုပ္ကိုလုပ္ေၾကာင္း ထိုဝင္ေငြႏွင့္မိသားစု(10)ေယာက္၏စားဝတ္ေနေရးကုိ ေျဖရွင္းေနေၾကာင္းသိရသည္။

ဒီ(၁၄)အရြယ္ကေလးမေလးႏွင့္အေဖမ့ဲေသာ အမႊာညီအစ္မႏွစ္ေယာက္ စိန္ေခၚမွဳမ်ားႏွင့္ျပည့္ႏွက္ေနေသာေလာကႀကီးကို မည္သုိ႔ရင္ဆိုင္မည္နည္း? လက္ရွိအေနအထားအရ ႏိုင္ငံေတာ္က မည္မ်ွတာဝန္ယူေၾကာင္း ေမးၾကည့္ရာ ေငြတစ္သိန္းႏွင့္ အဝတ္အစားႏွစ္ထုတ္ရသည္ဟုေျပာသည္။

က်ေနာ္တို႔ လႊတ္ေတာ္တြင္ အျပစ္က်ဴးလြန္သူကို အေရးယူရန္သာစဥ္းစားခ့ဲသည္။ အျပစ္က်ဴးလြန္ခံရသူႏွင့္ အျပစ္က်ဴးလြန္သူ၏ မ်ိဳးဆက္ကို မည္သို႔အကာအကြယ္ေပးရန္လိုအပ္ေၾကာင္းမစဥ္းစားခ့ဲ အဆိုပါမ်ိဳးဆက္မ်ားကို ေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ပါမွ ထိုမ်ိဳးဆက္မ်ားသည္ တိုင္းျပည္အတြက္ သားေကာင္းရတနာမ်ားျဖစ္မည္။ ေကာင္းမြန္စြာ မေစာင့္ေရွာက္ပါက တိုင္းျပည္အတြက္ ရင္ေလးဘြယ္ျဖစ္သည္။ သူမကေတာ့ သူမခေလးမ်ားကို ေကာင္းမြန္စြာႀကီးျပင္းေအာင္ ေစာင့္ေရွာက္မည္ဟုေျပာသည္။

က်ေနာ္တို႔ ပရဟိတသမားမ်ား သူမကို တစ္ဖက္တစ္လမ္းမွ ကူညီသင့္သည္။ မည္သို႔ကူညီၾကမည္နည္း? မည္သုိ႔ပင္ဆိုေစ အမႊာညီအစ္မတို႔၏ အေမ အသက္(၁၄)ႏွစ္အရြယ္သာရွိေသးသည့္ သူမ၏ သတၱိကို က်ေနာ္ေလးစားသည္။

ယေန႔ေခတ္ ယေန႔အခ်ိန္တြင္ ေသြးသားအလိုကိုလိုက္၍ ကိုယ္ဝန္ရွိသူမ်ားသည္ ကိုယ္ဝန္ဖ်က္ခ်ႏိုင္သည့္အခိိ်န္တြင္ ဖ်က္ခ်ၿပီး ဖ်က္ခ်မရ၍ ေမြးဖြားၿပီးေနာက္ ေမြးၿပီးသည့္ အခ်ိန္တြင္ ခေလးမ်ားကို စြန္႔ပစ္ျခင္းျပဳလုပ္ေနသည့္ အခ်ိန္ကာလ၌ သူမသည္ ကိုယ္ဝန္ကိုလည္း မဖ်က္ခ်ပဲ ရဲရဲရင့္ရင့္ ေမြးထုတ္ကာ အမႊာညီအစ္မႏွစ္ဦးႏွင့္အတူ ေလာကဓံကို ရင္ဆိုင္မည္ဟု ဆိုလာပါသျဖင့္ က်ေနာ္ ထိုမိန္းကေလးကို ရဲရဲေတာက္ ေမေမဟု ေခၚဆိုမိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Siemeeai Eai #H-A
# Unicode Version ျဖင့္ ဖတ္ပါ #
မင်းဘူးခရိုင် စလင်းမြို့နယ် ပေါက်လေးပင်အုပ်စု လက်ပန်ဦးကျေးရွာမှ အသက်(၁၄)နှစ်အရွယ် (၇)တန်းကျောင်းသူမိန်းကလေး။ ကံအကြောင်းမသင့်၍ ယုတ်မာသူတစ်ဦး၏ သားမယားပြုခြင်းကို ခံခဲ့ရသည်။

ယုတ်မာသူလည်း ထောင်ကျသွားသည်။ ယုတ်မာသူ၏ ဘဝနိဂုံးချုပ်ခဲ့သော်လည်း မိန်းခလေးတွင်တော့ ယုတ်မာသူ၏ သွေးသားကကျန်ခဲ့သည်။ 12 – 10 – 2018 ရက် သောကြာနေ့ နံနက်တစ်နာရီမှာ အမွှာညီအစ်မကိုမွေးသည်။

မိန်းခလေးကို ဘာဆက်လုပ်မလဲမေးတော့ သမီးလေးနှစ်ယောက်ကို ကြီးပြင်းအောင်မွေးမည်ဟုပြောသည်။ သူမ၏ သမီးနှစ်ဦးကို သူတစ်ပါးသို့မွေးစားရန် မပေးနိုင်ကြောင်း။ လူမှုဝန်ထမ်းဦးစီးဌာနသို့လည်း မအပ်နိုင်ကြောင်းပြောသည်။ မိန်းကလေးမိသားစု၏ စီးပွားရေးအခြေအနေကိုစုံစမ်းရာ မိဘနှစ်ပါးမှာ ဧရာဝတီမြစ်အတွင်း ခရီးသည်တစ်ဦးလျှင်ငွေ ၃၀ဝိ သာရသည့် စက်လှေမောင်းသည့်အလုပ်ကိုလုပ်ကြောင်း ထိုဝင်ငွေနှင့်မိသားစု(10)ယောက်၏စားဝတ်နေရေးကို ဖြေရှင်းနေကြောင်းသိရသည်။

ဒီ(၁၄)အရွယ်ကလေးမလေးနှင့်အဖေမဲ့သော အမွှာညီအစ်မနှစ်ယောက် စိန်ခေါ်မှုများနှင့်ပြည့်နှက်နေသောလောကကြီးကို မည်သို့ရင်ဆိုင်မည်နည်း? လက်ရှိအနေအထားအရ နိုင်ငံတော်ကမည်မျှတာဝန်ယူကြောင်းမေးကြည့်ရာ ငွေတစ်သိန်းနှင့်အဝတ်အစားနှစ်ထုတ်ရသည်ဟုပြောသည်။

ကျနော်တို့ လွှတ်တော်တွင် အပြစ်ကျူးလွန်သူကို အရေးယူရန်သာစဉ်းစားခဲ့သည်။ အပြစ်ကျူးလွန်ခံရသူနှင့်အပြစ်ကျူးလွန်သူ၏ မျိုးဆက်ကို မည်သို့အကာအကွယ်ပေးရန်လိုအပ်ကြောင်းမစဉ်းစားခဲ့ အဆိုပါမျိုးဆက်များကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပါမှ ထိုမျိုးဆက်များသည် တိုင်းပြည်အတွက် သားကောင်းရတနာများဖြစ်မည်။ ကောင်းမွန်စွာ မစောင့်ရှောက်ပါက တိုင်းပြည်အတွက် ရင်လေးဘွယ်ဖြစ်သည်။ သူမကတော့ သူမခလေးများကို ကောင်းမွန်စွာကြီးပြင်းအောင်စောင့်ရှောက်မည်ဟုပြောသည်။

ကျနော်တို့ ပရဟိတသမားများ သူမကို တစ်ဖက်တစ်လမ်းမှ ကူညီသင့်သည်။ မည်သို့ကူညီကြမည်နည်း? မည်သို့ပင်ဆိုစေ အမွှာညီအစ်မတို့၏ အမေ အသက်(၁၄)နှစ်အရွယ်သာရှိသေးသည့် သူမ၏ သတ္တိကို ကျနော်လေးစားသည်။

ယနေ့ခေတ် ယနေ့အချိန်တွင် သွေးသားအလိုကိုလိုက်၍ ကိုယ်ဝန်ရှိသူများသည် ကိုယ်ဝန်ဖျက်ချနိုင်သည့်အချိန်တွင် ဖျက်ချပြီး ဖျက်ချမရ၍ မွေးဖွားပြီးနောက် မွေးပြီးသည့် အချိန်တွင် ခလေးများကိုစွန့်ပစ်ခြင်းပြုလုပ်နေသည့်အချိန်ကာလ၌ သူမသည် ကိုယ်ဝန်ကိုလည်း မဖျက်ချပဲ ရဲရဲရင့်ရင့် မွေးထုတ်ကာ အမွှာညီအစ်မနှစ်ဦးနှင့်အတူ လောကဓံကို ရင်ဆိုင်မည်ဟု ဆိုလာပါသဖြင့် ကျနော် ထိုမိန်းကလေးကို ရဲရဲတောက် မေမေဟု ခေါ်ဆိုမိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Siemeeai Eai #H-A
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top