(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သရုပ္ေဆာင္ ပုိင္ၿဖဳိးသုက သရုပ္ေဆာင္ဝတ္မႈန္ေရႊရည္နဲ႔ အတူ ေၾကာ္ျငာရုိက္ကူးေရးေတြလုပ္ေနတယ္လုိ႔ ဆုိပါတယ္။ ပထမဆုံးအႀကိမ္ ဝတ္မႈန္ေရႊရည္နဲ႔ အႏုပညာအလုပ္ လုပ္ခြင့္ရလုိ႔ ေပ်ာ္ရႊြင္ေနတဲ့ သူမရဲ႕ ခံစားခ်က္ေတြကုိ အခုလုိ ေျပာျပထားပါတယ္။

''မေန႔က Bella ေၾကာ္ျငာ႐ိုက္ ႐ုပ္ရွင္ေလာကထဲ စေရာက္ကာစ မကစ္ကိုအျပင္မွစျမင္ဖူးေတာ့ ေအာင္မေလး လွလြန္းလို႔ လူေကာင္မေလး ေတာင္ ဟုတ္ရဲ႕လားလို႔သံသယဝင္မိတဲ့အထိပဲ။ ျဖဴေဖြးႏုဖတ္ေနတာပဲ။ သူ႔ေဘးမွာရပ္လိုက္တိုင္းအားေတာင္ငယ္တယ္။ ကိုယ္က ငါးက်ည္း ေျခာက္ေလ သိတယ္မလား။ မေန႔ကေၾကာ္ျငာ႐ိုက္က ပထမဦးဆံုးမကစ္နဲ႔အလုပ္တြဲလုပ္ဖူးတာပါ '' လုိ႔ ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၄ ရက္ေန႔ ေန႔လည္ ၁ နာရီ ၁၃ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာေရးသားခဲ့ပါတယ္။

ပုိင္ၿဖဳိးသု ဟာ ေဆးတကၠသုိလ္ေက်ာင္းသူ ဘဝကတည္းက အႏုပညာေလာကထဲကုိ စတင္ဝင္ေရာက္လာၿပီး ဗီဒီယုိဇာတ္ကားေတြ ရုိက္ကူးခဲ့ ပါေသးတယ္။ အဲ့ဒီေနာက္ ပညာေရးကုိ ဦးစားေပးခဲ့လုိ႔ ပရိသတ္ေတြနဲ႔ ခဏတာ အဆက္ အသြယ္ ျပတ္ေနခဲ့တာပါ။ ေက်ာင္းၿပီးသြား အခ်ိန္မွာ အႏုပညာ ပ်ဳိးခင္းရဲ႕ စင္တင္မင္းသမီးတစ္ဦးအျဖစ္ သရုပ္ေဆာင္အလုပ္ကုိ ျပန္လည္ ေဆာင္ရြက္လာခဲ့တာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကုိင္လာရင္း ရုပ္ရွင္ဇာတ္ကားႀကီးေတာ္ေတာ္မ်ားမ်ားလည္း ရုိက္ကူးခဲ့ပါေသးတယ္။ အဲ့ဒီေနာက္ ပုိင္ျဖဳိး သု က ဘီလူးမ၊ သရဲမႏွင့္ မိန္းမပ်ဳိရုပ္ရွင္ဇာတ္ကားနဲ႔ ၂၀၁၇ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ပို႕ဆုကုိလည္း ဆြတ္ခူး ႏိုင္ခဲ့ပါတယ္။

ပုိင္ၿဖဳိးသုဟာ မၾကာခင္မွာရုိက္ကူးမယ့္ ဒါရုိက္တာ ခရစၥတီးနားခီရဲ႕ တတိယေျမာက္ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ''ထာဝရ ေႏွာင္ႀကိဳး'' ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။ ဒီဇာတ္ကားမွာေတာ့ ဇဏ္ခီ၊ ပုိင္ၿဖဳိးသု၊ ျမင္စုိင္းသား ေအာင္ ေအာင္ တို႔အျပင္ ေနာက္ထပ္ သရုပ္ေဆာင္ အသစ္ေတြလည္း ပါဝင္သြားမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် ပိုင်ဖြိုးသုက သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ အတူ ကြော်ငြာရိုက်ကူးရေးတွေလုပ်နေတယ်လို့ ဆိုပါတယ်။ ပထမဆုံးအကြိမ် ဝတ်မှုန်ရွှေရည်နဲ့ အနုပညာအလုပ် လုပ်ခွင့်ရလို့ ပျော်ရွှွင်နေတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြထားပါတယ်။

''မနေ့က Bella ကြော်ငြာရိုက် ရုပ်ရှင်လောကထဲ စရောက်ကာစ မကစ်ကိုအပြင်မှစမြင်ဖူးတော့ အောင်မလေး လှလွန်းလို့ လူကောင်မလေး တောင် ဟုတ်ရဲ့လားလို့သံသယဝင်မိတဲ့အထိပဲ။ ဖြူဖွေးနုဖတ်နေတာပဲ။ သူ့ဘေးမှာရပ်လိုက်တိုင်းအားတောင်ငယ်တယ်။ ကိုယ်က ငါးကျည်း ခြောက်လေ သိတယ်မလား။ မနေ့ကကြော်ငြာရိုက်က ပထမဦးဆုံးမကစ်နဲ့အလုပ်တွဲလုပ်ဖူးတာပါ '' လို့ ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၁ နာရီ ၁၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။

ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပိုင်ဖြိုး သု က ဘီလူးမ၊ သရဲမနှင့် မိန်းမပျိုရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ပိုင်ဖြိုးသုဟာ မကြာခင်မှာရိုက်ကူးမယ့် ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ''ထာဝရ နှောင်ကြိုး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မြင်စိုင်းသား အောင် အောင် တို့အပြင် နောက်ထပ် သရုပ်ဆောင် အသစ်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top