(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ေကာ့ေသာင္းၿမိဳ႕တြင္ ဧရာဝတီဘဏ္ဝန္ထမ္း အမ်ိဳး သားတစ္ဦးကို ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးႏွင့္ ဒုရဲအုပ္တစ္ဦးပါရွိ ေသာအုပ္စုက ဝိုင္းဝန္း႐ိုက္ႏွက္မႈ အျဖစ္မွန္ေပၚေပါက္ေရး စံုစမ္း ေနေၾကာင္း တနသၤာရီတုိင္းေဒသ ႀကီးရဲတပ္ဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဒုရဲမွဴးႀကီးစိန္ဝင္းက ေျပာသည္။

‘‘အခု ေနာက္ခံအေျခအေန ေတြကို စံုစမ္းေနတဲ့အဆင့္မွာရိွ တယ္။ လက္ရွိ အမႈကို တရား႐ံုး လႊဲေပးထားတယ္လို႔လည္း ေၾကး နန္းရထားတယ္။ စံုစမ္းမႈေတြ လုပ္ၿပီးမွ အေရးယူမယ္၊ မယူဘူး ဆုိတာ ေျပာလုိ႔ရမယ္’’ဟု ၎က ဆုိသည္။

ဒီဇင္ဘာ ၂ ရက္ ညဥ့္ ၁၂ နာရီခြဲခန္႔တြင္  ေကာ့ေသာင္းၿမိဳ႕ အဏၰဝါရပ္ကြက္ရွိ ဧရာဝတီ ဘဏ္ ATM စက္ေရွ႕ ေငြထုတ္ရန္ သူငယ္ခ်င္း ေျခာက္ဦးႏွင့္အတူ ေစာင့္ဆုိင္းေနစဥ္ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမွဴးအပါအဝင္ ဒုရဲအုပ္ႏွင့္မီးသတ္တပ္ဖြဲ႕ဝင္ အခ်ိဳ႕ပါေသာ အုပ္စုက ၎တစ္ဦးတည္းကို အေၾကာင္းမဲ့ ထိုးႀကိတ္၍ ႐ိုက္ႏွက္ခဲ့ေၾကာင္း ကာယကံရွင္ ဧရာဝတီဘဏ္ဝန္ထမ္း ကိုေက်ာ္စြာဝင္းက ေျပာသည္။

‘‘ATM စက္ လုိင္းက်လို႔ ဘဏ္ေရွ႕မွာ သူငယ္ခ်င္းေတြနဲ႔ ထုိင္ေစာင့္ၿပီး စကားေျပာေနတဲ့ အခ်ိန္မွာ အုပ္ခ်ဳပ္ေရးမွဴးက ဝင္လာၿပီး ကြၽန္ေတာ့္ကို ပါး႐ိုက္တာ။ ဘာလို႔ ကြၽန္ေတာ့္ကို ႐ုိက္လဲေမး တဲ့အခ်ိန္မွာပဲ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ပါ လာတဲ့ ဒုရဲအုပ္က မင္းဂ်ဴတီလား၊ ဘာရာထူးလဲေမးၿပီး ကြၽန္ေတာ့္ ကို ထိုးတယ္။ လည္ပင္းညႇစ္ တယ္။ အုပ္ခ်ဳပ္ေရးမွဴးက ထပ္ ထိုးတယ္။ မင္းတုိ႔ကို ဂ႐ုမစိုက္လို႔ ဘဏ္က စီစီတီဗီေရွ႕မွာပဲ ထိုး တယ္။ ဘာျဖစ္လဲေျပာတယ္’’ဟု ကိုေက်ာ္စြာဝင္းက ျဖစ္စဥ္ကို ေျပာၾကားသည္။

ထို႔ေနာက္ ဘဏ္ေရွ႕မွာပင္  ဆံပင္ကို ေဆာင့္ဆြဲျခင္း၊ ထပ္မံပါး႐ိုက္ျခင္း၊ ထိုးႀကိတ္ျခင္း၊ လည္ ပင္းညႇစ္ေနစဥ္ ဘဏ္ႏွင့္မ်က္ႏွာ ခ်င္းဆုိင္တြင္ရွိေသာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးအတြင္းမွ မီး သတ္တပ္ဖြဲ႕ဝင္ ၁၀ ဦးေက်ာ္ ေျပးဝင္လာ၍ ဝိုင္း႐ိုက္ကာ ဝိုင္း၀န္းထိုးခဲ့ေၾကာင္း ကိုေက်ာ္စြာဝင္းက ဆုိသည္။

‘‘ကြၽန္ေတာ္နဲ႔ အတူပါလာ တဲ့ သူငယ္ခ်င္းေတြကို မင္းတို႔ဝင္ မပါနဲ႔ ဝင္ပါရင္ အကုန္လံုးေသ မယ္ဆိုၿပီး ကြၽန္ေတာ္တစ္ေယာက္ တည္းကို ထိုးတာ။ အဲဒီခ်ိန္မွာ ကြၽန္ေတာ္က အိမ္ကိုျပန္ဖို႔ ဆုိင္ ကယ္ေပၚတက္ေျပးတဲ့အခ်ိန္မွာ ဒုရဲအုပ္က အေရွ႕ကပိတ္ၿပီး သူ႔ ဖိနပ္ခြၽတ္ၿပီး ပါး႐ိုက္ဖို႔လုပ္ေနတဲ့ အခ်ိန္မွာ သူ႔ထက္ဦးတယ္။ အုပ္ ခ်ဳပ္ေရးမွဴးက ေျပးလာ မ်က္ႏွာ ကို ကန္၊ ဆံပင္ေဆာင့္ဆြဲၿပီး ဝိုင္း ထိုးၾကျပန္တယ္’’ဟု ၎က ဆုိ သည္။

ထိုသို႔ ဝိုင္းဝန္းထိုးႀကိတ္႐ိုက္ ႏွက္သည့္ စီစီတီဗီမွတ္တမ္းဗီဒီ ယိုဖိုင္လည္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနၿပီး တရားဥပေဒစိုးမိုးမႈ အေပၚ ျပည္သူမ်ားအၾကား ေဝဖန္မႈ ျမင့္တက္ေနသည္။

လက္ရွိတြင္ အဆုိပါျဖစ္စဥ္ ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ား ကို ထိေရာက္စြာ အေရးယူရန္ ေကာ့ေသာင္းၿမိဳ႕မရဲစခန္းႏွင့္ ၿမိဳ႕ နယ္တရား႐ံုးတို႔၌ တုိင္ၾကားထား ၿပီး တရား႐ံုးက ယင္းျဖစ္စဥ္ကို စံုစမ္းစစ္ေဆးရန္ အမိန္႔ခ်ထား ေၾကာင္း ကိုေက်ာ္စြာဝင္းက ေျပာ သည္။

ထို႔ေၾကာင့္ ၎ကို အုပ္စုဖြဲ႕၍ အေၾကာင္းမဲ့႐ိုက္ႏွက္ ထိုးႀကိတ္ရာတြင္ ပါဝင္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေပးရန္ႏွင့္ အေရးယူျခင္း မရွိပါက အမႈမွန္ေပၚေပါက္ေရး အဆင့္ဆင့္တုိင္ၾကားမည္ဟု ၎က ဆက္လက္ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day


#Unicode Version#

ကော့သောင်းမြို့တွင် ဧရာဝတီဘဏ်ဝန်ထမ်း အမျိုး သားတစ်ဦးကို ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ဒုရဲအုပ်တစ်ဦးပါရှိ သောအုပ်စုက ဝိုင်းဝန်းရိုက်နှက်မှု အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်း နေကြောင်း တနင်္သာရီတိုင်းဒေသ ကြီးရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

‘‘အခု နောက်ခံအခြေအနေ တွေကို စုံစမ်းနေတဲ့အဆင့်မှာရှိ တယ်။ လက်ရှိ အမှုကို တရားရုံး လွှဲပေးထားတယ်လို့လည်း ကြေး နန်းရထားတယ်။ စုံစမ်းမှုတွေ လုပ်ပြီးမှ အရေးယူမယ်၊ မယူဘူး ဆိုတာ ပြောလို့ရမယ်’’ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂ ရက် ညဉ့် ၁၂ နာရီခွဲခန့်တွင်  ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ ဧရာဝတီ ဘဏ် ATM စက်ရှေ့ ငွေထုတ်ရန် သူငယ်ချင်း ခြောက်ဦးနှင့်အတူ စောင့်ဆိုင်းနေစဉ် ရပ်ကွက်အုပ် ချုပ်ရေးမှူးအပါအဝင် ဒုရဲအုပ်နှင့်မီးသတ်တပ်ဖွဲ့ဝင် အချို့ပါသော အုပ်စုက ၎င်းတစ်ဦးတည်းကို အကြောင်းမဲ့ ထိုးကြိတ်၍ ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင် ဧရာဝတီဘဏ်ဝန်ထမ်း ကိုကျော်စွာဝင်းက ပြောသည်။

‘‘ATM စက် လိုင်းကျလို့ ဘဏ်ရှေ့မှာ သူငယ်ချင်းတွေနဲ့ ထိုင်စောင့်ပြီး စကားပြောနေတဲ့ အချိန်မှာ အုပ်ချုပ်ရေးမှူးက ဝင်လာပြီး ကျွန်တော့်ကို ပါးရိုက်တာ။ ဘာလို့ ကျွန်တော့်ကို ရိုက်လဲမေး တဲ့အချိန်မှာပဲ အုပ်ချုပ်ရေးမှူးနဲ့ ပါ လာတဲ့ ဒုရဲအုပ်က မင်းဂျူတီလား၊ ဘာရာထူးလဲမေးပြီး ကျွန်တော့် ကို ထိုးတယ်။ လည်ပင်းညှစ် တယ်။ အုပ်ချုပ်ရေးမှူးက ထပ် ထိုးတယ်။ မင်းတို့ကို ဂရုမစိုက်လို့ ဘဏ်က စီစီတီဗီရှေ့မှာပဲ ထိုး တယ်။ ဘာဖြစ်လဲပြောတယ်’’ဟု ကိုကျော်စွာဝင်းက ဖြစ်စဉ်ကို ပြောကြားသည်။

ထို့နောက် ဘဏ်ရှေ့မှာပင်  ဆံပင်ကို ဆောင့်ဆွဲခြင်း၊ ထပ်မံပါးရိုက်ခြင်း၊ ထိုးကြိတ်ခြင်း၊ လည် ပင်းညှစ်နေစဉ် ဘဏ်နှင့်မျက်နှာ ချင်းဆိုင်တွင်ရှိသော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းမှ မီး သတ်တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ပြေးဝင်လာ၍ ဝိုင်းရိုက်ကာ ဝိုင်းဝန်းထိုးခဲ့ကြောင်း ကိုကျော်စွာဝင်းက ဆိုသည်။

‘‘ကျွန်တော်နဲ့ အတူပါလာ တဲ့ သူငယ်ချင်းတွေကို မင်းတို့ဝင် မပါနဲ့ ဝင်ပါရင် အကုန်လုံးသေ မယ်ဆိုပြီး ကျွန်တော်တစ်ယောက် တည်းကို ထိုးတာ။ အဲဒီချိန်မှာ ကျွန်တော်က အိမ်ကိုပြန်ဖို့ ဆိုင် ကယ်ပေါ်တက်ပြေးတဲ့အချိန်မှာ ဒုရဲအုပ်က အရှေ့ကပိတ်ပြီး သူ့ ဖိနပ်ချွတ်ပြီး ပါးရိုက်ဖို့လုပ်နေတဲ့ အချိန်မှာ သူ့ထက်ဦးတယ်။ အုပ် ချုပ်ရေးမှူးက ပြေးလာ မျက်နှာ ကို ကန်၊ ဆံပင်ဆောင့်ဆွဲပြီး ဝိုင်း ထိုးကြပြန်တယ်’’ဟု ၎င်းက ဆို သည်။

ထိုသို့ ဝိုင်းဝန်းထိုးကြိတ်ရိုက် နှက်သည့် စီစီတီဗီမှတ်တမ်းဗီဒီ ယိုဖိုင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး တရားဥပဒေစိုးမိုးမှု အပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်နေသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ ကျူးလွန်သူများ ကို ထိရောက်စွာ အရေးယူရန် ကော့သောင်းမြို့မရဲစခန်းနှင့် မြို့ နယ်တရားရုံးတို့၌ တိုင်ကြားထား ပြီး တရားရုံးက ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အမိန့်ချထား ကြောင်း ကိုကျော်စွာဝင်းက ပြော သည်။

ထို့ကြောင့် ၎င်းကို အုပ်စုဖွဲ့၍ အကြောင်းမဲ့ရိုက်နှက် ထိုးကြိတ်ရာတွင် ပါဝင်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးရန်နှင့် အရေးယူခြင်း မရှိပါက အမှုမှန်ပေါ်ပေါက်ရေး အဆင့်ဆင့်တိုင်ကြားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top