(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မေကြး၊ ဒီဇင္ဘာလ ၅ ရက္၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၄ ရက္ေန႔ ည ၇ နာရီခြဲခန္႔တြင္ မေကြးတုိင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴး႐ုံး မႈခင္းအကူဌာနစိတ္မွ ရဲအုပ္ ၀င္းမ်ိဳးသန႔္ ႏွင့္အဖဲြ႕၊ မေကြးခ႐ုိင္မႈခင္းနိွမ္နင္ေရးဌာနစိတ္မွ ရဲအုပ္ ေအးမင္းထြန္းႏွင့္အဖဲြ႔၊
အမေလးေလး ဆိုင္ကယ္ေတြကို အဲ့ေလာက္ေတာင္ခိုးထားတယ္ 5
မေကြးၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ေရႊဒါင္းႏွင့္အဖဲြ႕၊ မေကြးနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေနာင္ေနာင္စုိးႏွင့္အဖဲြ႕တုိ႔ ပါ၀င္ ေသာ ပူးေပါင္းအဖဲြ႕သည္ သက္ေသမ်ားႏွင့္အတူ မေကြးၿမိဳ႕၊ ဗုိလ္ခ်ဳပ္ ပန္းျခံအနီး၌ ၀ပ္ကင္းေဆာင္ရြက္ေနစဥ္ နံပါတ္မပါ ဒါရမ္း-၁၂၅ ျဖဴ/ျပာေရာင္ ဆုိင္ကယ္(၁)စီးအား လူ(၂)ဦးစီးလာသည္ကုိ မသကၤာဖြယ္ေတြ႕ရွိ၍ စစ္ေဆးရာ မေကြးၿမိဳ႕နယ္၊ သာယာကုန္း ေက်းရြာေန လင္းလင္း(ခ)၀ဏၰ၊ ၃၄ ႏွစ္ ႏွင့္ တစ္ရြာတည္းေန ၎၏ ညီျဖစ္သူ ဆန္းထြန္းလင္း(ခ)ရဲထက္၊ ၂၅ ႏွစ္ တုိ႔ျဖစ္ျပီး ဆုိင္ကယ္ တူးေဘာက္ အတြင္းမွ ဆုိင္ကယ္ေသာ့အံုအပ်က္(၁)ခုအား ေတြ႕ရိွ ရသည့္ အျပင္ ဆုိင္ကယ္ႏွင့္ပတ္သက္၍ ပုိင္ဆုိင္ေႀကာင္း အေထာက္အထား တစ္စံု တစ္ရာ ေျပာဆုိျပသႏုိင္ျခင္း မရိွခဲ့သျဖင့္ လင္းလင္းႏွင့္ ဆန္းထြန္းလင္း တုိ႔(၂)ဦးအား ရဲအုပ္ ေအးမင္းထြန္းမွ တရားလုိ ျပဳလုပ္ တုိင္တန္းသျဖင့္ မေကြးၿမိဳ႕၊ ၿမိဳ႕မရဲစခန္း (ပ)၁၄၈၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမႈေရဖြင့္ ေဆာင္ရြက္ခ့ဲပါသည္။

အမႈမွ တရားခံ လင္းလင္း(ခ)၀ဏၰ၊ ဆန္းထြန္းလင္း(ခ) ရဲထက္ တို႔ အား မေကြးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး သန္း၀င္းဦးစီးအဖြဲ႕ျဖင့္ အေသးစိတ္စစ္ေဆးေဆာင္ရြက္ခ့ဲရာ မေကြးၿမိဳ႕နယ္အတြင္းမွ စုစုေပါင္း ဆုိင္ကယ္(၂၈)စီးအား ခုိးယူေရာင္းခ်ထားရွိခ့ဲေၾကာင္း စစ္ေဆးေပၚေပါက္၍ ဒီဇင္ဘာလ ၅ ရက္ေန႔ တြင္ လုိက္လံ သိမ္းဆည္းထားရွိၿပီး ပိုင္ရွင္မ်ားအား လိုက္လံစုံစမ္းကာ တရားခံ မ်ားကို ဥပေဒႏွင့္ အညီ ဆက္လက္အေရးယူသြားရန္ စီစဥ္ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Magway News Agency

#Unicode Version#

မကွေး၊ ဒီဇင်ဘာလ ၅ ရက်၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ဝင်းမျိုးသန့် နှင့်အဖွဲ့၊ မကွေးခရိုင်မှုခင်းနှိမ်နင်ရေးဌာနစိတ်မှ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့၊

မကွေးမြို့မရဲစခန်းမှ ရဲအုပ် ရွှေဒါင်းနှင့်အဖွဲ့၊ မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့တို့ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့၊ ဗိုလ်ချုပ် ပန်းခြံအနီး၌ ဝပ်ကင်းဆောင်ရွက်နေစဉ် နံပါတ်မပါ ဒါရမ်း-၁၂၅ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား လူ(၂)ဦးစီးလာသည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရာ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာနေ လင်းလင်း(ခ)ဝဏ္ဏ၊ ၃၄ နှစ် နှင့် တစ်ရွာတည်းနေ ၎င်း၏ ညီဖြစ်သူ ဆန်းထွန်းလင်း(ခ)ရဲထက်၊ ၂၅ နှစ် တို့ဖြစ်ပြီး ဆိုင်ကယ် တူးဘောက် အတွင်းမှ ဆိုင်ကယ်သော့အုံအပျက်(၁)ခုအား တွေ့ရှိ ရသည့် အပြင် ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိခဲ့သဖြင့် လင်းလင်းနှင့် ဆန်းထွန်းလင်း တို့(၂)ဦးအား ရဲအုပ် အေးမင်းထွန်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့၊ မြို့မရဲစခန်း (ပ)၁၄၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုရေဖွင့် ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ တရားခံ လင်းလင်း(ခ)ဝဏ္ဏ၊ ဆန်းထွန်းလင်း(ခ) ရဲထက် တို့ အား မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဝင်းဦးစီးအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်အတွင်းမှ စုစုပေါင်း ဆိုင်ကယ်(၂၈)စီးအား ခိုးယူရောင်းချထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် လိုက်လံ သိမ်းဆည်းထားရှိပြီး ပိုင်ရှင်များအား လိုက်လံစုံစမ်းကာ တရားခံ များကို ဥပဒေနှင့် အညီ ဆက်လက်အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Magway News Agency
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top