(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

Chongqing’s Qijiang ေဒသမွ Funiu ရြာရွိ အမ်ိဳးသားတစ္ဦးဟာ မိခင္ျဖစ္သူကို သြားေလရာေက်ာပိုးၿပီး ေခၚသြားခဲ့တာ (၁၅) ႏွစ္ေလာက္ရွိေနပါၿပီ။ အသက္ (၃၇) ႏွစ္အရြယ္ Wang Xianqiang ဟာ သူ႔ရဲ႕ဘဝတစ္ခုလံုးကို မိခင္ျဖစ္သူကို ပံုေအာထားတာျဖစ္ပါတယ္။

“အေမကကၽြန္ေတာ့္အတြက္ေတာ့ ကမၻာႀကီးပါပဲ” တဲ့။

Wang ရဲ႕ မိခင္ Tian Jinggui ဟာ Wang အသက္ (၁၄) ႏွစ္သားတုန္းကတည္းက အျမင့္မွျပဳတ္က်ကာ ေအာက္ပိုင္းေသသြားခဲ့တာပဲျဖစ္ပါတယ္။ လမ္းမေလွ်ာက္ႏိုင္ေတာ့တဲ့အျပင္ အိမ္အလုပ္ေတြပါမလုပ္ႏိုင္ေတာ့တာပါ။ ၂၀၀၃ ခုႏွစ္အထိ Wang ရဲ႕ ဖခင္က Tian ကို ၾကည့္ရႈေစာင့္ေရွာက္ခဲ့ပါတယ္။ Wang ရဲ႕ ဖခင္ ရုတ္တရက္ေသဆံုးသြားတဲ့အခ်ိန္မွာေတာ့ Wang ဟာ သူအလုပ္လုပ္ေနတဲ့ Zhejiang ျပည္နယ္က အလုပ္ကိုထြက္လိုက္ခဲ့ၿပီး မိခင္ကိုျပဳစုေစာင့္ေရွာက္ဖို႔အတြက္ Funiu ရြာကို ျပန္လာခဲ့ရပါတယ္။

ဆင္းရဲခ်ိဳ႕တဲ့အျပင္ ဝင္ေငြကလည္းမရွိတဲ့အတြက္ ေနာက္ထပ္အလုပ္တစ္ခုထပ္ရွာဖို႔ Wang တစ္ေယာက္စီစဥ္ထခဲ့ပါတယ္။ ဒါေပမဲ့ ေအာက္ပိုင္းေသေနတဲ့အတြက္ တစ္ကိုယ္ရည္တစ္ကာယကိစၥမ်ားပါ သူမ်ားအားကိုးေနရတဲ့မိခင္ႀကီးကို အိမ္မွာတစ္ေယာက္တည္း ပစ္ထားလို႔မရတဲ့အတြက္ အလုပ္သြားရွာတိုင္း ေခၚသြားခဲ့ပါတယ္။ ပိုက္ဆံေျခြတာေနရတဲ့အေျခအေနေၾကာင့္ ပိုက္ဆံေပးစီးရတဲ့ ယာဥ္ေတြမစီးႏိုင္တာမို႔ ခြန္အားသံုးကာ မိခင္ကိုေက်ာပိုးရင္း (၁၅) ႏွစ္တိုင္တိုင္ အလုပ္ရွာလိုက္ ရတဲ့အလုပ္ဝင္လုပ္လိုက္နဲ႔ ေနေနရပါတယ္။

အရင္တုန္းကလည္း Wang တို႔ သားအမိအေၾကာင္း သတင္းစာေတြထဲ ပါခဲ့ဖူးပါတယ္။ အဲဒီသတင္းကိုဖတ္မိသြာားတဲ့ စက္ရံုပိုင္ရွင္ဟာ Wang ကို ဆက္သြယ္ၿပီး မိခင္ကို ေခၚလာခြင့္ပါျပဳကာ စက္ရံုမွာ သန္႔ရွင္းေရးလုပ္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမဲ့ စက္ရံုဟာ တစ္ႏွစ္မွာ (၆) လသာ ကုန္ထုတ္လုပ္မႈျပဳလုပ္တာေၾကာင့္ တစ္ႏွစ္ပတ္လံုးေနမွ (၆) လအလုပ္လုပ္ၿပီး ေနာက္ထပ္ (၆) လမွာေတာ့ Wang ဆီမွာ အလုပ္မရွိခဲ့ပါဘူး။

အလုပ္လုပ္ေနရတဲ့ အခ်ိန္အတိုင္းအတာ တစ္ခုအတြင္းေတာ့ စားဝတ္ေနေရးအတြက္အဆင္ေျပေပမယ့္ က်န္တဲ့ (၆) လမွာေတာ့ စားဝတ္ေနေရးအတြက္ တနယ္ၿပီးတစ္နယ္သြားရင္း က်ပန္းအလုပ္ လိုက္ရွာရပါတယ္။ အခ်ိန္ျပည့္လုပ္ရမယ့္အလုပ္ကို ေလွ်ာက္ျပန္ေတာ့လည္း မိခင္ကိုေခၚလာခြင့္ျပဳရမယ္တို႔ နားခ်ိန္ပိုေပးရမယ္တို႔ စတဲ့ေတာင္းဆိုခ်က္ေတြမ်ားလြန္းေနတဲ့အတြက္ Wang ကို ဘယ္သူမွ အလုပ္မခန္႔ၾကပါဘူး။

ဒါေၾကာင့္သူတို႔သားအမိဘဝကို မၾကည့္ရက္ေတာ့တဲ့ ရပ္ရြာမွတာဝန္ရွိသူမ်ားက စုေပါင္းၿပီး အစိုးရဆီသို႔ေထာက္ပံ့ေၾကးတင္ခဲ့ပါတယ္။ ေနာက္ေတာ့ ေနလို႔ရတဲ့အိမ္တစ္လံုး ေဆာက္လုပ္ေပးတဲ့အျပင္ မိခင္နဲ႔လည္း ခြဲေနဖို႔မလိုေတာ့ေအာင္ သန္႔ရွင္းေရးအလုပ္ပါ ေပးလိုက္ၾကပါတယ္။

မသန္စြမ္းေတြအတြက္ အစိုးရမွေပးအပ္တဲ့ေထာက္ပံ့ေငြဟာ သိပ္ကိုနည္းပါးလြန္းလွပါတယ္။ ဒါေပမဲ့ တရုတ္ႏိုင္ငံရဲ႕ လူမႈကြန္ယက္တစ္ခုျဖစ္တဲ့ Weibo အသံုးျပဳသူမ်ားကေတာ့ အခုလိုနာမည္ႀကီးသြားတဲ့ ဒုကၡသည္ေတြကို အလွဴေငြထည့္ထည့္ေပးတတ္တဲ့ ဓေလ့တစ္ခုရွိပါတယ္။

ေအာက္ပို္င္းေသေနတဲ့ ဖခင္ကိုျပဳစုေပးေနတဲ့ (၆) ႏွစ္အရြယ္ကေလးေလးတို႔၊ သီခ်င္းအဆိုေကာင္းတဲ့ မသန္စြမ္းညီအစ္မ (၃) ေယာက္တို႔ဆို Weibo မွာ နာမည္ႀကီးသြားၿပီး လူေတြက အလွဴေငြေတြအစဥ္မျပတ္ရရွိေနခဲ့တာျဖစ္ပါတယ္။ အခု Wang တို႔သားအမိကိုလည္း အလွဴရွင္ေတြ စတင္သတိထားမိလာၿပီျဖစ္ပါတယ္။ ပထမဦးဆံုးအေနနဲ႔ဝွီးခ်ဲဝယ္ေပးခ်င္တယ္ဆိုတဲ့လူေတြ မ်ားျပားလို႔ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese - Asia
# Unicode Version ျဖင့္ ဖတ္ပါ #
Chongqing’s Qijiang ဒေသမှ Funiu ရွာရှိ အမျိုးသားတစ်ဦးဟာ မိခင်ဖြစ်သူကို သွားလေရာကျောပိုးပြီး ခေါ်သွားခဲ့တာ (၁၅) နှစ်လောက်ရှိနေပါပြီ။ အသက် (၃၇) နှစ်အရွယ် Wang Xianqiang ဟာ သူ့ရဲ့ဘဝတစ်ခုလုံးကို မိခင်ဖြစ်သူကို ပုံအောထားတာဖြစ်ပါတယ်။

“အမေကကျွန်တော့်အတွက်တော့ ကမ္ဘာကြီးပါပဲ” တဲ့။

Wang ရဲ့ မိခင် Tian Jinggui ဟာ Wang အသက် (၁၄) နှစ်သားတုန်းကတည်းက အမြင့်မှပြုတ်ကျကာ အောက်ပိုင်းသေသွားခဲ့တာပဲဖြစ်ပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့အပြင် အိမ်အလုပ်တွေပါမလုပ်နိုင်တော့တာပါ။ ၂၀၀၃ ခုနှစ်အထိ Wang ရဲ့ ဖခင်က Tian ကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ Wang ရဲ့ ဖခင် ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာတော့ Wang ဟာ သူအလုပ်လုပ်နေတဲ့ Zhejiang ပြည်နယ်က အလုပ်ကိုထွက်လိုက်ခဲ့ပြီး မိခင်ကိုပြုစုစောင့်ရှောက်ဖို့အတွက် Funiu ရွာကို ပြန်လာခဲ့ရပါတယ်။

ဆင်းရဲချို့တဲ့အပြင် ဝင်ငွေကလည်းမရှိတဲ့အတွက် နောက်ထပ်အလုပ်တစ်ခုထပ်ရှာဖို့ Wang တစ်ယောက်စီစဉ်ထခဲ့ပါတယ်။ ဒါပေမဲ့ အောက်ပိုင်းသေနေတဲ့အတွက် တစ်ကိုယ်ရည်တစ်ကာယကိစ္စများပါ သူများအားကိုးနေရတဲ့မိခင်ကြီးကို အိမ်မှာတစ်ယောက်တည်း ပစ်ထားလို့မရတဲ့အတွက် အလုပ်သွားရှာတိုင်း ခေါ်သွားခဲ့ပါတယ်။ ပိုက်ဆံခြွေတာနေရတဲ့အခြေအနေကြောင့် ပိုက်ဆံပေးစီးရတဲ့ ယာဉ်တွေမစီးနိုင်တာမို့ ခွန်အားသုံးကာ မိခင်ကိုကျောပိုးရင်း (၁၅) နှစ်တိုင်တိုင် အလုပ်ရှာလိုက် ရတဲ့အလုပ်ဝင်လုပ်လိုက်နဲ့ နေနေရပါတယ်။

အရင်တုန်းကလည်း Wang တို့ သားအမိအကြောင်း သတင်းစာတွေထဲ ပါခဲ့ဖူးပါတယ်။ အဲဒီသတင်းကိုဖတ်မိသွာားတဲ့ စက်ရုံပိုင်ရှင်ဟာ Wang ကို ဆက်သွယ်ပြီး မိခင်ကို ခေါ်လာခွင့်ပါပြုကာ စက်ရုံမှာ သန့်ရှင်းရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုံဟာ တစ်နှစ်မှာ (၆) လသာ ကုန်ထုတ်လုပ်မှုပြုလုပ်တာကြောင့် တစ်နှစ်ပတ်လုံးနေမှ (၆) လအလုပ်လုပ်ပြီး နောက်ထပ် (၆) လမှာတော့ Wang ဆီမှာ အလုပ်မရှိခဲ့ပါဘူး။

အလုပ်လုပ်နေရတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်းတော့ စားဝတ်နေရေးအတွက်အဆင်ပြေပေမယ့် ကျန်တဲ့ (၆) လမှာတော့ စားဝတ်နေရေးအတွက် တနယ်ပြီးတစ်နယ်သွားရင်း ကျပန်းအလုပ် လိုက်ရှာရပါတယ်။ အချိန်ပြည့်လုပ်ရမယ့်အလုပ်ကို လျှောက်ပြန်တော့လည်း မိခင်ကိုခေါ်လာခွင့်ပြုရမယ်တို့ နားချိန်ပိုပေးရမယ်တို့ စတဲ့တောင်းဆိုချက်တွေများလွန်းနေတဲ့အတွက် Wang ကို ဘယ်သူမှ အလုပ်မခန့်ကြပါဘူး။

ဒါကြောင့်သူတို့သားအမိဘဝကို မကြည့်ရက်တော့တဲ့ ရပ်ရွာမှတာဝန်ရှိသူများက စုပေါင်းပြီး အစိုးရဆီသို့ထောက်ပံ့ကြေးတင်ခဲ့ပါတယ်။ နောက်တော့ နေလို့ရတဲ့အိမ်တစ်လုံး ဆောက်လုပ်ပေးတဲ့အပြင် မိခင်နဲ့လည်း ခွဲနေဖို့မလိုတော့အောင် သန့်ရှင်းရေးအလုပ်ပါ ပေးလိုက်ကြပါတယ်။

မသန်စွမ်းတွေအတွက် အစိုးရမှပေးအပ်တဲ့ထောက်ပံ့ငွေဟာ သိပ်ကိုနည်းပါးလွန်းလှပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo အသုံးပြုသူများကတော့ အခုလိုနာမည်ကြီးသွားတဲ့ ဒုက္ခသည်တွေကို အလှူငွေထည့်ထည့်ပေးတတ်တဲ့ ဓလေ့တစ်ခုရှိပါတယ်။

အောက်ပိုင်းသေနေတဲ့ ဖခင်ကိုပြုစုပေးနေတဲ့ (၆) နှစ်အရွယ်ကလေးလေးတို့၊ သီချင်းအဆိုကောင်းတဲ့ မသန်စွမ်းညီအစ်မ (၃) ယောက်တို့ဆို Weibo မှာ နာမည်ကြီးသွားပြီး လူတွေက အလှူငွေတွေအစဉ်မပြတ်ရရှိနေခဲ့တာဖြစ်ပါတယ်။ အခု Wang တို့သားအမိကိုလည်း အလှူရှင်တွေ စတင်သတိထားမိလာပြီဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ဝှီးချဲဝယ်ပေးချင်တယ်ဆိုတဲ့လူတွေ များပြားလို့နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top