(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×



စုံစမ်းသိရှိရသည်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့မနယ်၊ သံတောင်ရပ်ကွက်နေ မအေမီသစ်(၃၇နှစ်)သည် ၄င်းနှင့်ခင်မင်ရင်းနှီးသော ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မျိုးအောင်(၃၄ နှစ်)က လူပျိုဟု ပြောဆိုပြီး အကြိမ်ကြိမ်ချစ်ရေးဆိုခဲ့မှုကြောင့် လူပျိုလူလွတ်ဟုယုံကြည်ပြီး မျိုးအောင်၏ချစ်ရေးဆိုမှုကိုလက်ခံခဲ့သည်ဆို၏။


လက်ထပ်ပြီးနောက် အတူနေထိုင်ပေါင်းသင်းစဉ် လက်ထပ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် မျိုးအောင်၏ တရားဝင်ဇနီးဖြစ်သူနှင့် မိဘဆွေမျိုးများရောက်ရှိလာပြီး ဆဲဆိုရန်တွေ့မှုပြုမှ လူပျိုဟု လိမ်လည်ပြောဆိုခဲ့သော မျိုးအောင်မှာ တရားဝင်ဇနီးနှင့် သမီးတစ်ဦးရှိနေကြောင်းသိလိုက်ရသည်။

မအေမီသစ်မှာ မျိုးအောင်၏ လိမ်ညာပြောဆိုမှုကြောင့် တရားဝင် လက်ထပ်ခဲ့မိရာ အရှက်နကွဲဖြစ်ရသည့်အပြင် ၄င်း၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ခဲ့ရသည်ဆို၏။


တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၇တွင်-မည်သူမဆို ဥပဒေအရပ်ရပ်အရဖြစ်စေ၊ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသောယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက (၁၀)နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:D Khit mdia
ကျော်ကျော်

#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်တစ်မြို့တည်းနေ အမျိုးသားက လူပျို ဖြစ်ကြောင်း ပြောဆိုချစ်ရေးဆိုခဲ့၍ လက်ခံပြီး တရားဝင်လက်ထပ်ထိမ်းမြားမှုပြုခဲ့သူ အမျိုးသမီးမှာ လက်ထပ်ပေါင်းသင်းပြီး ခုနစ်ရက်အကြာ

၎င်းနှင့်လက်ထပ်ခဲ့သူအမျိုးသားမှာ တရားဝင်အိမ်ထောင်ရှိသူဖြစ်ကြောင်းသိရ၍ လိမ်ညာလက်ထပ်ပေါင်းသင်းခဲ့သူခင်ပွန်းအား အရေးယူပေးပါရန် ချမ်းမြသာစည်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။

စုံစမ်းသိရှိရသည်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့မနယ်၊ သံတောင်ရပ်ကွက်နေ မအေမီသစ်(၃၇နှစ်)သည် ၎င်းနှင့်ခင်မင်ရင်းနှီးသော ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မျိုးအောင်(၃၄ နှစ်)က လူပျိုဟု ပြောဆိုပြီး အကြိမ်ကြိမ်ချစ်ရေးဆိုခဲ့မှုကြောင့် လူပျိူလူလွတ်ဟုယုံကြည်ပြီး မျိူ းအောင်၏ချစ်ရေးဆိုမှုကိုလက်ခံခဲ့သည်ဆို၏။

နှစ်ဦးသဘောတူ ချစ်သူများဖြစ်လာပြီးနောက် ၂၀၁၈ ခု၊ နိုဝင်ဘာ (၁၂) ရက်နေ့၊ ညနေ ၅နာရီ ၁၅မိနစ်တွင် လူသိထင်ရှား မင်္ဂလာပွဲကျင်းပခဲ့ကြသည်။

လက်ထပ်ပြီးနောက် အတူနေထိုင်ပေါင်းသင်းစဉ် လက်ထပ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် မျိူးအောင်၏ တရားဝင်ဇနီးဖြစ်သူနှင့် မိဘဆွေမျိူးများရောက်ရှိလာပြီး ဆဲဆိုရန်တွေ့မှုပြုမှ လူပျိူဟု လိမ်လည်ပြောဆိုခဲ့သော မျိူးအောင်မှာ တရားဝင်ဇနီးနှင့် သမီးတစ်ဦးရှိနေကြောင်းသိလိုက်ရသည်။

မအေမီသစ်မှာ မျိူးအောင်၏ လိမ်ညာပြောဆိုမှုကြောင့် တရားဝင် လက်ထပ်ခဲ့မိရာ အရှက်နကွဲဖြစ်ရသည့်အပြင် ၎င်း၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ခဲ့ရသည်ဆို၏။

သို့ဖြစ်၍ အရှက်နှင့်ဂုဏ်သိက္ခာအတွက် မအေမီသစ်က. တရားလိုပြုလုပ်တိုင်ကြားမှုကြောင့် ချမ်းမြသာစည်မြို့မရဲစခန်းက (ပ)၅၉၁/၂၀၁၈၊တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၇ဖြင့် အရေးယူထားကြောင်းသိရသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၇တွင်-မည်သူမဆို ဥပဒေအရပ်ရပ်အရဖြစ်စေ၊ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသောယောကျ်ား သို့ို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောကျ်ား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက (၁၀)နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit:D Khit mdia
ကျော်ကျော်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top