(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မဂၤလာဒံုၿမိဳ႕နယ္၊ ေပါက္ကုန္းရပ္ကြက္၊ ဂႏၶမာလမ္းတြင္ ဒီဇင္ဘာလ ၄ ရက္ ညေနပိုင္းက ပေယာဂနည္းျဖင့္ ေဆးကုသမႈခံယူမည့္ အမ်ိဳးသားတစ္ဦးက ပေယာဂဆရာ၏ ဇနီးႏွင့္သမီးကို ဓားျဖင့္ထိုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဓားျဖင့္ထိုးခံရသည့္ အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမွာ အခင္းျဖစ္ေန႔က ၎၏ေနအိမ္တြင္ အသက္ ၁၄ ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူႏွင့္အတူရွိေနစဥ္ ခင္ပြန္း၏တပည့္ျဖစ္သူက ဧည့္သည္သံုးဦးႏွင့္အတူ ေနအိမ္ေရာက္ရွိလာၿပီး ယင္းဧည့္သည္မ်ားထဲမွ အသက္ ၃၂ ႏွစ္ ေဇာ္မင္းထြဋ္မွာ ပေယာဂနည္းျဖင့္ ေဆးကုသရန္ ေခၚလာသူျဖစ္ေၾကာင္း အိမ္ရွင္အမ်ိဳးသမီးကို ေျပာျပခဲ့သည္။

“ဓားနဲ႔ထိုးခံရတဲ့ အမ်ိဳးသမီးရဲ႕ ခင္ပြန္းျဖစ္သူက ပေယာဂဆရာ။ ဆရာက ညေန ၅ နာရီေလာက္ အိမ္ျပန္ေရာက္မယ္ဆို တာေၾကာင့္ ေဆးကုမယ့္လူေတြ အိမ္ေခၚ လာတာလို႔ တပည့္ျဖစ္သူက ဆရာရဲ႕ဇနီးကို ေျပာျပတယ္။ အိမ္ရွင္အမ်ိဳးသမီးက ဧည့္သည္ေတြကို ေနအိမ္ေအာက္ထပ္ ဧည့္ခန္းမွာ ဧည့္ခံစကားေျပာေနခ်ိန္ ေဆးကုမယ့္လူက မေျပာမဆို ဓားနဲ႔ထိုးခဲ့တာ။ တရားခံကို ဖမ္းဆီးအေရးယူထားပါတယ္”ဟု ရဲအရာရွိက ေျပာသည္။

ေဆးကုသမႈ ခံယူမည့္ ေဇာ္မင္းထြဋ္မွာ လိႈင္သာယာၿမိဳ႕နယ္၊ ၁၉ ရပ္ကြက္တြင္ေနထိုင္ၿပီး ပေယာဂဆရာ ေနအိမ္ထံ ေရာက္ရွိခ်ိန္ ၎က ေရခ်ိဳးခ်င္ေၾကာင္း ေျပာသျဖင့္ အတူပါလာသည့္ ဇနီးျဖစ္သူက အက်ႌအပို မပါ၍ အျပင္ထြက္ဝယ္ရာ အခ်ိန္ၾကာေနသျဖင့္ ပေယာဂဆရာ၏တပည့္က လိုက္ေခၚမည္ဟုဆိုကာ ၎ပါ အျပင္သို႔ ထြက္သြားခဲ့ေၾကာင္း၊ ယင္းေနာက္ ေဇာ္မင္းထြဋ္က အေပါ့သြားလိုေၾကာင္း ေျပာဆို၍ ေနအိမ္အေနာက္သို႔ ဝင္သြားရာမွ ခဏအၾကာ မီးဖိုေခ်ာင္ရွိ ၾကက္သြန္းလွီးဓားကို ကိုင္ေဆာင္ၿပီး အိမ္ရွင္ အမ်ိဳးသမီးႏွင့္ သမီးျဖစ္သူတို႔ကို ဓားျဖင့္ထိုးကာ ေနအိမ္အျပင္ဘက္ ထြက္ေျပးခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

ဓားထိုးခံရသူ အိမ္ရွင္ အမ်ိဳးသမီးမွာ ကုပ္ပိုးတြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ရခဲ့ၿပီး သမီးျဖစ္သူမွာ လည္ပင္းတြင္ ထိုးသြင္း ဒဏ္ရာတစ္ခ်က္ရခဲ့သျဖင့္ အင္းစိန္ေဆး႐ံုတြင္ ေဆးကုသမႈ ခံယူေနရၿပီး ျပစ္မႈက်ဴးလြန္သူ ေဇာ္မင္းထြဋ္ကို ဖမ္းဆီး၍ မဂၤလာဒံုၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၂၆။၃၂၄ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Thevoice
#Unicode Version#
မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဂန္ဓမာလမ်းတွင် ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းက ပယောဂနည်းဖြင့် ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးက ပယောဂဆရာ၏ ဇနီးနှင့်သမီးကို ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးခံရသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးမှာ အခင်းဖြစ်နေ့က ၎င်း၏နေအိမ်တွင် အသက် ၁၄ နှစ်အရွယ်ရှိ သမီးဖြစ်သူနှင့်အတူရှိနေစဉ် ခင်ပွန်း၏တပည့်ဖြစ်သူက ဧည့်သည်သုံးဦးနှင့်အတူ နေအိမ်ရောက်ရှိလာပြီး ယင်းဧည့်သည်များထဲမှ အသက် ၃၂ နှစ် ဇော်မင်းထွဋ်မှာ ပယောဂနည်းဖြင့် ဆေးကုသရန် ခေါ်လာသူဖြစ်ကြောင်း အိမ်ရှင်အမျိုးသမီးကို ပြောပြခဲ့သည်။

“ဓားနဲ့ထိုးခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ပယောဂဆရာ။ ဆရာက ညနေ ၅ နာရီလောက် အိမ်ပြန်ရောက်မယ်ဆို တာကြောင့် ဆေးကုမယ့်လူတွေ အိမ်ခေါ် လာတာလို့ တပည့်ဖြစ်သူက ဆရာရဲ့ဇနီးကို ပြောပြတယ်။ အိမ်ရှင်အမျိုးသမီးက ဧည့်သည်တွေကို နေအိမ်အောက်ထပ် ဧည့်ခန်းမှာ ဧည့်ခံစကားပြောနေချိန် ဆေးကုမယ့်လူက မပြောမဆို ဓားနဲ့ထိုးခဲ့တာ။ တရားခံကို ဖမ်းဆီးအရေးယူထားပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ဆေးကုသမှု ခံယူမည့် ဇော်မင်းထွဋ်မှာ လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်တွင်နေထိုင်ပြီး ပယောဂဆရာ နေအိမ်ထံ ရောက်ရှိချိန် ၎င်းက ရေချိုးချင်ကြောင်း ပြောသဖြင့် အတူပါလာသည့် ဇနီးဖြစ်သူက အင်္ကျီအပို မပါ၍ အပြင်ထွက်ဝယ်ရာ အချိန်ကြာနေသဖြင့် ပယောဂဆရာ၏တပည့်က လိုက်ခေါ်မည်ဟုဆိုကာ ၎င်းပါ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ဇော်မင်းထွဋ်က အပေါ့သွားလိုကြောင်း ပြောဆို၍ နေအိမ်အနောက်သို့ ဝင်သွားရာမှ ခဏအကြာ မီးဖိုချောင်ရှိ ကြက်သွန်းလှီးဓားကို ကိုင်ဆောင်ပြီး အိမ်ရှင် အမျိုးသမီးနှင့် သမီးဖြစ်သူတို့ကို ဓားဖြင့်ထိုးကာ နေအိမ်အပြင်ဘက် ထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ဓားထိုးခံရသူ အိမ်ရှင် အမျိုးသမီးမှာ ကုပ်ပိုးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရခဲ့ပြီး သမီးဖြစ်သူမှာ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာတစ်ချက်ရခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ပြစ်မှုကျူးလွန်သူ ဇော်မင်းထွဋ်ကို ဖမ်းဆီး၍ မင်္ဂလာဒုံမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆။၃၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖိုးသူတေ်ာ(www.phothutaw.com)

Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top