(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တိုက္ကြမ္ဒိုအားကစားနည္းသည္ အမ်ိဳးသမီးမ်ား၏ အရုိးပြေရာဂါ ျဖစ္ေစမႈကိုကာကြယ္ႏုိင္ေသာေၾကာင့္ သားဖြားဆရာမမ်ားကိုတိုက္ကြမ္ဒိုကစားခိုင္းမည္ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြး ကေျပာၾကားလိုက္သည္။

ဒီဇင္ဘာ(၃)ရက္ မနက္ပိုင္းက ျမန္မာႏုိင္ငံတိုက္ကြမ္ဒိုအဖြဲ႕ခ်ဳပ္တြင္ က်င္းပသည့္ ဘူေယာင္း ျမန္မာတိုက္ကြမ္ဒိုအားကစားရုံသစ္ ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါ အတိုင္းေျပာၾကားလိုက္ျခင္း ျဖစ္သည္။

တိုက္ကြမ္ဒိုအားကစားနည္းကအသက္ႀကီးငယ္ အရြယ္မေရြးကစားႏုိင္တဲ့ ကစားနည္းပါ၊ သူကလႈပ္လႈပ္ရွားရွားကစားရတာ ျဖစ္တဲ့အတြက္ အရုိးအဆစ္ေတြကိုပိုၿပီးေကာင္းမြန္ ေစပါတယ္၊ အထူးသျဖင့္ အရုိးပြတဲ့ ေရာဂါကိုကာကြယ္ပါတယ္၊

အဲဒီေရာဂါကအမ်ိဳးသမီးေတြမွာပိုၿပီးအျဖစ္မ်ားတဲ့အတြက္ ဒီကစားနည္းကအမ်ိဳးသမီးေတြဆိုရင္ ပိုၿပီးသင့္ေတာ္ပါတယ္၊ ကၽြန္ေတာ္ဌာနမွာဆိုရင္ေတာ့ သားဖြားဆရာမေတြကိုကစားေစပါမယ္၊ သူတို႕ရဲ႕ ကုသမႈေတြမွာဆံုးျဖတ္ခ်က္ကိုမွန္မွန္နဲ႕ ျမန္ျမန္ခ်မွတ္ႏုိင္ေအာင္ ဒီကစားနည္းကအေထာက္အကူ ျပဳပါလိမ့္မယ္”ဟုေဒါက္တာ ျမင့္ေထြးကေျပာသည္။

အဆိုပါ အားကစားရုံသစ္ကို ကိုရီးယားႏုိင္ငံဘူေယာင္းပညာေရးေထာက္ပံ့မႈ အဖြဲ႔အစည္းမွ တာ၀န္ယူ ေဆာက္လုပ္လွဴဒါန္း ျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံတိုက္ကြမ္ဒိုအဖြဲ႔ခ်ဳပ္ထံဒီဇင္ဘာ(၃)ရက္ မနက္ပိုင္းတြင္ ဖြင့္ပြဲအခမ္းအနားျပဳလုပ္ၿပီးအပ္ႏွံခဲ့ျခင္းျဖစ္ သည္။

ကုန္က်စရိတ္မွာအေမရိကန္ေဒၚလာ(၄)သိန္းက်သင့္ခဲ့ၿပီး လြန္ခဲ့သည့္ ၂ ႏွစ္မွ စတင္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ယခုအားကစားရုံတြင္ စိတ္ပါ၀င္စားသူ မည္သူမဆိုအခမဲ့ လာေရာက္ကစားႏုိင္ၿပီးသင္ၾကားေပးမည့္ နည္းျပဆရာမ်ားကိုက်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ျဖည့္ဆည္းေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Real News


#Unicode Version#

တိုက်ကွမ်ဒိုအားကစားနည်းသည် အမျိုးသမီးများ၏ အရိုးပွရောဂါ ဖြစ်စေမှုကိုကာကွယ်နိုင်သောကြောင့် သားဖွားဆရာမများကိုတိုက်ကွမ်ဒိုကစားခိုင်းမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ကပြောကြားလိုက်သည်။

ဒီဇင်ဘာ(၃)ရက် မနက်ပိုင်းက မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တွင် ကျင်းပသည့် ဘူယောင်း မြန်မာတိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါ အတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

တိုက်ကွမ်ဒိုအားကစားနည်းကအသက်ကြီးငယ် အရွယ်မရွေးကစားနိုင်တဲ့ ကစားနည်းပါ၊ သူကလှုပ်လှုပ်ရှားရှားကစားရတာ ဖြစ်တဲ့အတွက် အရိုးအဆစ်တွေကိုပိုပြီးကောင်းမွန် စေပါတယ်၊ အထူးသဖြင့် အရိုးပွတဲ့ ရောဂါကိုကာကွယ်ပါတယ်၊

အဲဒီရောဂါကအမျိုးသမီးတွေမှာပိုပြီးအဖြစ်များတဲ့အတွက် ဒီကစားနည်းကအမျိုးသမီးတွေဆိုရင် ပိုပြီးသင့်တော်ပါတယ်၊ ကျွန်တော်ဌာနမှာဆိုရင်တော့ သားဖွားဆရာမတွေကိုကစားစေပါမယ်၊ သူတို့ရဲ့ ကုသမှုတွေမှာဆုံးဖြတ်ချက်ကိုမှန်မှန်နဲ့ မြန်မြန်ချမှတ်နိုင်အောင် ဒီကစားနည်းကအထောက်အကူ ပြုပါလိမ့်မယ်”ဟုဒေါက်တာ မြင့်ထွေးကပြောသည်။

အဆိုပါ အားကစားရုံသစ်ကို ကိုရီးယားနိုင်ငံဘူယောင်းပညာရေးထောက်ပံ့မှု အဖွဲ့အစည်းမှ တာဝန်ယူ ဆောက်လုပ်လှူဒါန်း ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ထံဒီဇင်ဘာ(၃)ရက် မနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးအပ်နှံခဲ့ခြင်းဖြစ် သည်။

ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ(၄)သိန်းကျသင့်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအားကစားရုံတွင် စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့ လာရောက်ကစားနိုင်ပြီးသင်ကြားပေးမည့် နည်းပြဆရာများကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top