ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
တိရစ္ဆာန်ဥယျာဉ်တွင် အလွန်လူကြိုက်များ နာမည်ကြီးဝက်ဝံကြီး ရုတ်တရက် သေဆုံးသွားသဖြင့် ဥယျာဉ်မှူးမှ ကြံမိကြံရာ လူသူမသိအောင် ဝက်ဝံကြီး၏အရေခွံချွတ်၍ ဆိုက်တူ ဂိုက်တူလူတစ်ယောက်အား ခြုံစေလျက် တစ်ရက် ငါးထောင်နှုန်းဖြင့်

ဝက်ဝံဟန်ဆောင်စေခိုင်းထား၏ ထိုဝက်ဝံအတုသည် ဝက်ဝံအစစ်ကဲ့သို့ သွားလာရ၏ ကျွမ်းထိုးပြရ၏ ခေါင်းကုတ် ဖင်ကုတ်လုပ်ရ၏ တစ်နေ့သရုပ်ဆောင်အကောင်းလွန်သွား၍

တစ်ဘက်ရှိ ကျားခြံထဲသို့ ကျလေရာ အင်မတန်ကြောက်လန့်သွား၏ ကျားက သူ့နားလာနေသဖြင့် သေချင်ယောင်ဆောင် ငြိမ်နေစဉ် ကျားက ဟို နမ်း ဒီနမ်းဖြင့်လုပ် ဇောချွေးများပျံ၍ အကြောက်ကြီး ကြောက်နေလေရာ ကျားက ရုတ်တရက်ပြောလိုက်သောစကားကြောင့် ငိုအားထက် ရယ်အားသန်ရလေတော့၏ ဟရောင် မကြောက်ပါနဲ့ဟ ငါလည်း ငါးထောင်စားပဲ ဟူ၏ ငါးထောင်စားများ ဘယ်ရွေ့ရှိဦးမည်မသိချေ

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top