ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ဒီကေန႔ ဒီဇင္ဘာ ၄ ရက္မနက္ ၈ နာရီ ေလာက္က မြန္ျပည္နယ္ မုတၱမၿမိဳ႕မွာ မ်ိဳးဆက္သစ္ အေ၀းယာဥ္နဲ႔ ဆုိင္ကယ္တစ္စီးတုိ႔ တိုက္မိခဲ့ၿပီး ဆိုင္ကယ္ေမာင္းႏွင္တဲ့ အမ်ိဳးသား ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆံုးသြားခဲ့တယ္လို႔သိရပါတယ္။

ေပါင္ၿမိဳ႕နယ္ မုတၱမၿမိဳ႕ ကူဘုိတာ ထြန္စက္အေရာင္းဆုိင္ေရွ႕မွာ ယာဥ္တုိက္မႈျဖစ္ပြားခဲ့ၿပီး ဆုိင္ကယ္ေမာင္းလာတဲ့ အသက္ ၅၀ အရြယ္အမ်ိဳးသားမွာ လည္ပင္းကြဲ၊ ေခါင္းကြဲ၊ ဦးေႏွာက္ေၾကမြၿပီး ဒဏ္ရာေတြနဲ႔ ေနရာမွာတင္ေသဆံုးသြားခဲ့တယ္လို႔ ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႔မွ ကုိေအာင္မင္းသူက ေျပာပါတယ္။


“ ဆုိင္ကယ္ေမာင္းလာတဲ့လူကေတာ့ ေသသြားတယ္။ အေ၀းေျပးယာဥ္ေပၚကလူေတြက ထိခုိက္ဒဏ္ရာမရွိဘူး။ ယာဥ္တုိက္မႈ ျဖစ္ၿပီးေတာ့ အေ၀းေျပးယာဥ္ေမာင္းကေတာ့ ကားေပၚမွာပဲရွိေနပါတယ္။မုတၱမစခန္းက ရဲေတြလည္း လာပါတယ္” လုိ႔ ကုိေအာင္မင္းသူက ေျပာပါတယ္။

ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႔ကေတာ့ ေသဆံုးသူ Dead Body ကုိ မုတၱမေဆးရုံ ရင္ခြင္ရုံကုိပုိ႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

လက္ရွိေတာ့ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မုတၱမနယ္ေျမရဲစခန္းက အေ၀းေျပးယာဥ္ေမာင္းႏွင္သူကုိ ဖမ္းဆီးထားၿပီး ပုဒ္မ ၃၀၉၊ ယာဥ္ပ (၃၉) နဲ႔ အမႈဖြင့္ဆက္လက္စစ္ေဆးေနတယ္လုိ႔ မုတၱမရဲစခန္းမွ ရဲအရာရွိတစ္ဦးက Duwun ကုိေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မနက် ၈ နာရီ လောက်က မွန်ပြည်နယ် မုတ္တမမြို့မှာ မျိုးဆက်သစ် အဝေးယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသား နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ပေါင်မြို့နယ် မုတ္တမမြို့ ကူဘိုတာ ထွန်စက်အရောင်းဆိုင်ရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၅၀ အရွယ်အမျိုးသားမှာ လည်ပင်းကွဲ၊ ခေါင်းကွဲ၊ ဦးနှောက်ကြေမွပြီး ဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုအောင်မင်းသူက ပြောပါတယ်။

“ ဆိုင်ကယ်မောင်းလာတဲ့လူကတော့ သေသွားတယ်။ အဝေးပြေးယာဉ်ပေါ်ကလူတွေက ထိခိုက်ဒဏ်ရာမရှိဘူး။ ယာဉ်တိုက်မှု ဖြစ်ပြီးတော့ အဝေးပြေးယာဉ်မောင်းကတော့ ကားပေါ်မှာပဲရှိနေပါတယ်။မုတ္တမစခန်းက ရဲတွေလည်း လာပါတယ်” လို့ ကိုအောင်မင်းသူက ပြောပါတယ်။

မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ကတော့ သေဆုံးသူ Dead Body ကို မုတ္တမဆေးရုံ ရင်ခွင်ရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

လက်ရှိတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုတ္တမနယ်မြေရဲစခန်းက အဝေးပြေးယာဉ်မောင်းနှင်သူကို ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၉၊ ယာဉ်ပ (၃၉) နဲ့ အမှုဖွင့်ဆက်လက်စစ်ဆေးနေတယ်လို့ မုတ္တမရဲစခန်းမှ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top