ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


စာဖတ္သူက တစ္ေန႔ကို ဘယ္ႏွနာရီေလာက္ကိုယ္လက္လႈပ္ရွား လုပ္ျဖစ္ပါလဲ။ ကေလးသူငယ္ရွိခဲ့ရင္ သူတို႔ကိုေကာ ဘယ္ႏွနာရီ ေဆာ့ကစားခိုင္းတတ္သလဲ။ သူတို႔ေဆာ့တိုင္း နားညည္းလို႔ဆိုၿပီး ဟန္႔တားေနတတ္ပါသလား။ အျပင္ထြက္မေဆာ့နဲ႔ဆိုၿပီး ဖုန္းေတြနဲ႔ေပးေဆာ့ထားတတ္ပါသလား။

အေမရိကန္ႏိုင္ငံမွာ အသစ္ခ်မွတ္လိုက္တဲ့က်န္းမာေရးလမ္းၫႊန္ခ်က္အရ ကေလးငယ္ေတြဟာ ကာယအခ်ိန္မွာတင္မကပဲ တစ္ေန႔လုံး လိုလို လႈပ္လႈပ္ရွားရွားရွိဖို႔လိုအပ္ပါတယ္။ ကေလးငယ္ေတြမွမဟုတ္ပါဘူး။ လူတိုင္းလူတိုင္းက တစ္ပတ္မွာ အနည္းဆုံး ၂နာရီခြဲ ေလာက္ ကိုယ္လက္လႈပ္ရွားလုပ္ေနဖို႔သ့င္တဲ့အတြက္ ကားပါကင္မွာ ကားကို ေဝးေဝးရပ္တာ၊ ႐ိုး႐ိုးေလွကားကိုမ်ားမ်ားအသုံးျပဳေပးတာ အစရွိတဲ့ အေသးစားလႈပ္ရွားမႈေတြက စလုပ္ေနဖို႔လိုပါတယ္။


ကၽြန္ေတာ္တို႔ေတြ အားကစားကအေရးႀကီးတယ္၊ ကိုယ္လက္လႈပ္ရွားတာ ေကာင္းတယ္လို႔တဖြဖြ ေျပာေနရတာ အေၾကာင္းမဲ့မဟုတ္ပါဘူး။ ပုံမွန္ေလး လမ္းေလၽွာက္တာကေနေတာင္ ကင္ဆာေရာဂါ အနည္းဆုံး (၈) မ်ိဳး ေလာက္ကို ကာကြယ္ႏိုင္ပါတယ္။ စိတ္ဓာတ္က်ျခင္း၊ မလိုအပ္ဘဲ စိုးရိမ္မႈမ်ားျခင္း၊ အယ္လ္ဇိုင္းမား ေရာဂါေတြကိုပါ ကာကြယ္ႏိုင္စြမ္းရွိပါတယ္။

အဆိုပါ က်န္းမာေရးလမ္းၫႊန္မွာ ပါဝင္တဲ့အခ်က္ေတြကေတာ့

(၁) အ႐ြယ္ေရာက္ၿပီးသား လူေတြက ထိုင္တဲ့အခ်ိန္ကို ေလၽွာ႔ၿပီး မ်ားမ်ားလႈပ္ရွားရမယ္။

(၂) တစ္ပတ္မွာ ၂ နာရီခြဲကေန ၅ နာရီ အထိ အသင့္အတင့္ ျပင္းထန္တဲ့ ေလ့က်င့္ခန္းလုပ္သင့္ၿပီး ၁၅မိနစ္ကေန ၂ နာရီခြဲေလာက္အထိကေတာ့ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္သင့္ပါတယ္။ (လႈပ္ရွားမႈျပဳလုပ္အၿပီး စကားေျပာႏိုင္ေသးတယ္။ ဒါေပမယ့္ သီခ်င္းမဆိုႏိုင္ဘူးဆို ဒါဟာ အသင့္အတင့္ ျပင္းထန္ပါတယ္။ စကားတစ္ေၾကာင္းမျပည့္ခင္ အသက္အရင္႐ႈရတယ္ဆိုရင္ေတာ့ ဒါဟာ ျပင္းထန္တဲ့ ေလ့က်င့္ခန္း ျဖစ္ပါတယ္။)

(၃) ၆-၁၇ ႏွစ္အတြင္းရွိတဲ့ လူငယ္ေတြက တစ္ေန႔ကိုအနည္းဆုံး တစ္နာရီ လႈပ္ရွားရမယ္။ ဖြံ႕ၿဖိဳးေနတဲ့ အ႐ြယ္ေတြျဖစ္လို႔ အ႐ိုးအဆစ္သန္မာေစတဲ့ ႀကိဳးခုန္တာ စတာေတြကို ပါျပဳလုပ္သ့င္တယ္။

(၄) ကေလးငယ္ေတြကေတာ့ တစ္ေန႔ကို မျပင္းထန္တဲ့ လႈပ္ရွားမႈ၊ အသင့္အတင့္ ျပင္းထန္၊ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြကို သုံးနာရီစာေလာက္ အနည္းဆုံး လုပ္သင့္ပါတယ္။


အခုလို ျပဳလုပ္ရတဲ့ အက်ိဳးေက်းဇူးအေနနဲ႔ကေလးငယ္ ေတြဆိုရင္ အ႐ိုးအဆစ္သန္မာမယ္။ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ရွိမယ္။ လူငယ္ေတြဆိုရင္ ေက်ာင္းမွာ စာေကာင္းေကာင္းလိုက္ႏိုင္မယ္။ ႏွလုံးေရာဂါ၊ ဆီးခ်ိဳနဲ႔ကင္ဆာေရာဂါေတြကို ကာကြယ္ႏိုင္မယ္။ မွတ္ညဏ္နဲ႔အေတြးအေခၚ ေကာင္းေစတဲ့အျပင္ စိတ္ဓာတ္က်ျခင္း၊ အိပ္ေရးဝဝအိပ္ႏိုင္ျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရမွာျဖစ္ပါတယ္။


အဆုံးသတ္အေနနဲ႔ဆိုရရင္ မိမိကေလးငယ္ကို ငယ္စဥ္ဘဝမွာ ကိုယ္လက္လႈပ္ရွား မ်ားမ်ားလုပ္ၿပီး က်န္းမာေရးေကာင္းမြန္ေစျခင္းဟာ တယ္လီဖုန္းေတြ၊ တက္ဘလက္ေတြ ကေလးကို ေပးေဆာ့တာထက္ အမ်ားႀကီး ပိုမိုေကာင္းမြန္ပါတယ္။

အိမ္ထဲမွာ ဖုန္းနဲ႔ပဲ ေပးေဆာ့၊ အစိုးရိမ္လြန္ၿပီး ကေလးကို အျပင္ထြက္မေဆာ့ခိုင္းတာဟာ ေနာက္ဆုံး ကိုယ့္ကေလးပဲ ႐ႈနာ႐ႈိက္ကုန္းျဖစ္၊ ေရာဂါဘယထူေျပာ၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔မလိုလားအပ္ဘဲ မ်က္မွန္တပ္ရေတာ့မွ ကိုယ္ပဲစိတ္ညစ္ရမွာပါ။ ဒါေၾကာင့္မို႔ ကိုယ့္ကေလးငယ္ေတြကို ခ်စ္ရင္ (ပတ္ဝန္းက်င္ကိုအေႏွာင့္အယွက္မျဖစ္ေစပဲ) မ်ားမ်ား ေပးေဆာ့လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version#

စာဖတ်သူက တစ်နေ့ကို ဘယ်နှနာရီလောက်ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်ပါလဲ။ ကလေးသူငယ်ရှိခဲ့ရင် သူတို့ကိုကော ဘယ်နှနာရီ ဆော့ကစားခိုင်းတတ်သလဲ။ သူတို့ဆော့တိုင်း နားညည်းလို့ဆိုပြီး ဟန့်တားနေတတ်ပါသလား။ အပြင်ထွက်မဆော့နဲ့ဆိုပြီး ဖုန်းတွေနဲ့ပေးဆော့ထားတတ်ပါသလား။

အမေရိကန်နိုင်ငံမှာ အသစ်ချမှတ်လိုက်တဲ့ကျန်းမာရေးလမ်းညွှန်ချက်အရ ကလေးငယ်တွေဟာ ကာယအချိန်မှာတင်မကပဲ တစ်နေ့လုံး လိုလို လှုပ်လှုပ်ရှားရှားရှိဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေမှမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းက တစ်ပတ်မှာ အနည်းဆုံး ၂နာရီခွဲ လောက် ကိုယ်လက်လှုပ်ရှားလုပ်နေဖို့သ့င်တဲ့အတွက် ကားပါကင်မှာ ကားကို ဝေးဝေးရပ်တာ၊ ရိုးရိုးလှေကားကိုများများအသုံးပြုပေးတာ အစရှိတဲ့ အသေးစားလှုပ်ရှားမှုတွေက စလုပ်နေဖို့လိုပါတယ်။

ကျွန်တော်တို့တွေ အားကစားကအရေးကြီးတယ်၊ ကိုယ်လက်လှုပ်ရှားတာ ကောင်းတယ်လို့တဖွဖွ ပြောနေရတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ပုံမှန်လေး လမ်းလျှောက်တာကနေတောင် ကင်ဆာရောဂါ အနည်းဆုံး (၈) မျိုး လောက်ကို ကာကွယ်နိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ မလိုအပ်ဘဲ စိုးရိမ်မှုများခြင်း၊ အယ်လ်ဇိုင်းမား ရောဂါတွေကိုပါ ကာကွယ်နိုင်စွမ်းရှိပါတယ်။

အဆိုပါ ကျန်းမာရေးလမ်းညွှန်မှာ ပါဝင်တဲ့အချက်တွေကတော့

(၁) အရွယ်ရောက်ပြီးသား လူတွေက ထိုင်တဲ့အချိန်ကို လျှော့ပြီး များများလှုပ်ရှားရမယ်။

(၂) တစ်ပတ်မှာ ၂ နာရီခွဲကနေ ၅ နာရီ အထိ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သင့်ပြီး ၁၅မိနစ်ကနေ ၂ နာရီခွဲလောက်အထိကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်ပါတယ်။ (လှုပ်ရှားမှုပြုလုပ်အပြီး စကားပြောနိုင်သေးတယ်။ ဒါပေမယ့် သီချင်းမဆိုနိုင်ဘူးဆို ဒါဟာ အသင့်အတင့် ပြင်းထန်ပါတယ်။ စကားတစ်ကြောင်းမပြည့်ခင် အသက်အရင်ရှုရတယ်ဆိုရင်တော့ ဒါဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။)

(၃) ၆-၁၇ နှစ်အတွင်းရှိတဲ့ လူငယ်တွေက တစ်နေ့ကိုအနည်းဆုံး တစ်နာရီ လှုပ်ရှားရမယ်။ ဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်လို့ အရိုးအဆစ်သန်မာစေတဲ့ ကြိုးခုန်တာ စတာတွေကို ပါပြုလုပ်သ့င်တယ်။

(၄) ကလေးငယ်တွေကတော့ တစ်နေ့ကို မပြင်းထန်တဲ့ လှုပ်ရှားမှု၊ အသင့်အတင့် ပြင်းထန်၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သုံးနာရီစာလောက် အနည်းဆုံး လုပ်သင့်ပါတယ်။

အခုလို ပြုလုပ်ရတဲ့ အကျိုးကျေးဇူးအနေနဲ့ကလေးငယ် တွေဆိုရင် အရိုးအဆစ်သန်မာမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိမယ်။ လူငယ်တွေဆိုရင် ကျောင်းမှာ စာကောင်းကောင်းလိုက်နိုင်မယ်။ နှလုံးရောဂါ၊ ဆီးချိုနဲ့ကင်ဆာရောဂါတွေကို ကာကွယ်နိုင်မယ်။ မှတ်ညဏ်နဲ့အတွေးအခေါ် ကောင်းစေတဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ အိပ်ရေးဝဝအိပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။


အဆုံးသတ်အနေနဲ့ဆိုရရင် မိမိကလေးငယ်ကို ငယ်စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှား များများလုပ်ပြီး ကျန်းမာရေးကောင်းမွန်စေခြင်းဟာ တယ်လီဖုန်းတွေ၊ တက်ဘလက်တွေ ကလေးကို ပေးဆော့တာထက် အများကြီး ပိုမိုကောင်းမွန်ပါတယ်။ အိမ်ထဲမှာ ဖုန်းနဲ့ပဲ ပေးဆော့၊ အစိုးရိမ်လွန်ပြီး ကလေးကို အပြင်ထွက်မဆော့ခိုင်းတာဟာ နောက်ဆုံး ကိုယ့်ကလေးပဲ ရှုနာရှိုက်ကုန်းဖြစ်၊ ရောဂါဘယထူပြော၊ ငယ်ငယ်ရွယ်ရွယ်နဲ့မလိုလားအပ်ဘဲ မျက်မှန်တပ်ရတော့မှ ကိုယ်ပဲစိတ်ညစ်ရမှာပါ။ ဒါကြောင့်မို့ ကိုယ့်ကလေးငယ်တွေကို ချစ်ရင် (ပတ်ဝန်းကျင်ကိုအနှောင့်အယှက်မဖြစ်စေပဲ) များများ ပေးဆော့လိုက်ပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top