(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေခတ္စနစ္ေတြတိုးတက္ေျပာင္းလဲလာတာနဲ႔အညီ မိတ္ကပ္ပညာဟာလည္း အဆမတန္တိုးတက္ေျပာင္းလဲလာခဲ့ပါတယ္။ နဂိုမူရင္းရုပ္မွလံုးဝနီးပါးကြဲျပားသြားေအာင္အထိ မိတ္ကပ္တစ္ခုတည္းနဲ႔ျပင္ဆင္ႏုိင္ေနပါၿပီ။ ဒီလိုအႏုပညာဆန္တဲ့ပညာရပ္ကို အသံုးခ်ကာ ဥပေဒခ်ိဳးေဖာက္တဲ့ရာဇဝတ္မႈတစ္ခုကို ထိုင္းႏို္င္ငံမွာ အမ်ိဳးသားတစ္ဦးကအသံုးခ်ခဲ့ပါတယ္။

Kanokporn Kemasing ဟာ ထုိင္းႏိုင္ငံရဲ႕အလွဖန္တီးရွင္ေလာကမွာ နာမည္ရေနသူပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူမဆီကိုထူးဆန္းစြာနဲ႔ပဲ အမ်ိဳးသားတစ္ဦးေယာက္လာခဲ့ၿပီး အလွျပင္ေပးဖို႔ေျပာခဲ့ပါတယ္။ အႏုပညာအသိုင္းအဝိုင္းထဲမွမဟုတ္ပဲ သာမန္ေယာက္်ားတစ္ဦးက အလွျပင္ဖို႔အလုပ္လာအပ္တဲ့အတြက္ စိတ္ထဲအနည္းငယ္ေတာ့ ထူးဆန္းေနေပမယ့္ အမ်ိဳးသားရဲ႕အလုပ္အပ္ရတဲ့အေၾကာင္းအရင္းေၾကာင့္ ကူညီခ်င္စိတ္ေပါက္သြားခဲ့ၿပီး ေဈးပါေလွ်ာ့ေပးခဲ့ပါေသးတယ္။

ထိုအမ်ိဳးသားဟာ (၁၁) လသားအရြယ္ခ်စ္ဖို႔အလြန္ေကာင္းတဲ့ သမီးေလးတစ္ေယာက္ရွိေပမယ့္ အမ်ိဳးသမီးနဲ႔ျပႆနာတက္ၿပီးကြဲကြာေတာ့မယ့္ အေျခအေနျဖစ္ေနတယ္လို႔ Kanokporn ကိုေျပာခဲ့တယ္လို႔ဆိုပါတယ္။ သူ႔အမ်ိဳးသမီးနဲ႔သူတို႔ၾကား ဘယ္လိုအဖုအထစ္ေတြဆိုတာ ေသခ်ာမသိတဲ့အတြက္ သူ႕မိတ္ေဆြဟန္ေဆာင္ကာ ဇနီးသည္အား အိမ္ေထာင္ေရးအတြက္စိတ္ပူလို႔ သြားေရာက္ေမးျမန္းတဲ့အေနနဲ႔ ႏိုင္ငံျခားသား ရုပ္အသြင္အျပင္အတိုင္း မိတ္ကပ္လိမ္းကာ ေျပာင္းလဲလိုေၾကာင္းေျပာၿပီး လိမ္ညာခဲ့တာပါ။ ဒါကိုယံုသြားၿပီး သနားစိတ္ဝင္သြားတဲ့အေနနဲ႔ Kanokporn ဟာ ေဒၚလာ (၃၀၀) တန္ မိတ္ကပ္ကို ေဒၚလာ (၃၀) အထိေလွ်ာ႔ေဈးေပးကာ ႏိုင္ငံျခားသားတစ္ဦးအသြင္ကို ေျပာင္းေပးခဲ့ပါတယ္။

ႏွာတံအတု၊ မ်က္ကပ္မွန္၊ မုတ္ဆိတ္ေမႊးေတြ ပါးသိုင္းေမႊးေတြကို အတုတပ္ေပးတဲ့အျပင္ ဆံပင္ကိုပါ ေရႊဝါေရာင္ေျပာင္းေပးၿပီး တကယ့္လက္ရာေျမာက္ေအာင္ ျပင္ဆင္ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက ထိုအမ်ိဳးသားထပ္ေရာက္လာကာ ဒုတိယအႀကိမ္ျပင္ေပးဖို႔ ထပ္ေျပာခဲ့ပါတယ္။ ပထမရက္က သူ႕ဇနီးအိမ္မွာရွိမေနတဲ့အတြက္ မေမးလိုက္ရတာေၾကာင့္ ဒီကေန႔ထပ္ေမးမွာျဖစ္တဲ့အတြက္ ယမန္ေန႔က ရုပ္အသြင္အျပင္အတိုင္း ျပန္ျပင္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ ေဒၚလာ (၃၀၀) တန္ ကို ေဒၚလာ (၂၁၀) နဲ႔ ေဈးေလွ်ာ႔ေပးကာ (၄) နာရီၾကာေအာင္ လက္စြမ္းျပခဲ့ပါတယ္။

မိတ္ကပ္ျပင္ေပးေနစဥ္ မုတ္ဆိတ္ေမႊးေတြက ဘယ္နနာရီေလာက္ခံမွာလဲ ေခၽြးထြက္ရင္မိတ္ကပ္ေတြပ်က္မွာလားစသည္ျဖင့္ တစာစာေမးေနေတာ့ သူမကေတာင္ မုတ္ဆိတ္ေမႊးကေတာ့ (၂) ရက္ (၃) ရက္ေလာက္ခံမွာျဖစ္ေပမယ့္ ႏွာတံေပၚေအာင္တပ္ထားတဲ့အရာကေတာ့ အခ််ိန္အတိုအတြင္း ကြာက်လာလိမ္မယ္လို႔ Kanokporn သတိေပးခဲ့ပါေသးတယ္။ အခ်ိန္ပိုၾကာလာေလ ကဏာမျငိမ္ပိုျဖစ္လာတာေၾကာင့္ သကၤာမကင္းျဖစ္ကာ လိုရမယ္ရဆိုၿပီး မိတ္ကပ္ပညာရွင္တို႔ မိတ္ကပ္မျပင္မီနဲ႔ မိတ္ကပ္ျပင္ၿပီးပံုကို ဓာတ္ပံုရိုက္ယူထားတဲ့အတိုင္း ခြင့္ေတာင္းၿပီး သိမ္းထားခဲ့ပါတယ္။

တစ္ရက္ေတာ့ တပည့္ေတြျပတဲ့ ဗီဒီယိုကို Kanokporn ၾကည့္ၿပီး လန္႔သြားခဲ့ပါတယ္။ မၾကာေသးခင္ကမွသူမိတ္ကပ္ျပင္ေပးလိုက္တဲ့ အမ်ိဳးသားဟာ နာမည္ႀကီး shopping mall ျဖစ္တဲ့ Big C မွာရွိတဲ့ ေရႊဆိုုင္တစ္ဆိုင္မွ ေဒၚလာ (၁၄၄၁၀) တန္ဖိုးရွိတဲ့ ေရႊဆြဲႀကိဳး (၄) ႀကိဳးခိုးယူသြားတယ္ဆိုတဲ့သတင္းပဲျဖစ္ပါတယ္။

တရားခံကေတာ့ အသက္ (၃၀) အရြယ္ Wongsakorn Petchsanan ျဖစ္ၿပီး ေရႊဆိုင္မွပစၥည္းမ်ားကို ခိုးယူဖုိ႔အတြက္ ပထမရက္တုန္းက Kanokporn ဆီမွာ မိတ္ကပ္အစမ္းလာလိမ္းၾကည့္ၿပီး အဆင္ေျပသြားေတာ့မွ ပစၥည္းခိုးဖို႔ဒုတိယအႀကိမ္မိတ္ကပ္လာျပင္ခိုင္းခဲ့တာပဲျဖစ္ပါတယ္။ တရားခံကိုေတာ့ ေထာင္ဒဏ္ (၅) ႏွစ္နဲ႔ ေလ်ာ္ေၾကးေငြ ေဒၚလာ (၃၀၀) ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ မ်က္ျမင္မ်ားရဲ႕ေျပာၾကားခ်က္အရေတာ့ Wongsakorn ကို ဖမ္းစဥ္တုန္းက သူ႕ရဲ႕ ႏွာေခါင္းအတုႀကီးက တန္းလန္းျဖစ္ကာ ကြာက်ခဲ့တာေၾကာင့္ ရုပ္အမွန္ကို သိခဲ့ရျခင္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Aung Bo
# Unicode Version ျဖင့္ ဖတ္ပါ #
ခေတ်စနစ်တွေတိုးတက်ပြောင်းလဲလာတာနဲ့အညီ မိတ်ကပ်ပညာဟာလည်း အဆမတန်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ နဂိုမူရင်းရုပ်မှလုံးဝနီးပါးကွဲပြားသွားအောင်အထိ မိတ်ကပ်တစ်ခုတည်းနဲ့ပြင်ဆင်နိုင်နေပါပြီ။ ဒီလိုအနုပညာဆန်တဲ့ပညာရပ်ကို အသုံးချကာ ဥပဒေချိုးဖောက်တဲ့ရာဇဝတ်မှုတစ်ခုကို ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးကအသုံးချခဲ့ပါတယ်။

Kanokporn Kemasing ဟာ ထိုင်းနိုင်ငံရဲ့အလှဖန်တီးရှင်လောကမှာ နာမည်ရနေသူပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမဆီကိုထူးဆန်းစွာနဲ့ပဲ အမျိုးသားတစ်ဦးယောက်လာခဲ့ပြီး အလှပြင်ပေးဖို့ပြောခဲ့ပါတယ်။ အနုပညာအသိုင်းအဝိုင်းထဲမှမဟုတ်ပဲ သာမန်ယောက်ျားတစ်ဦးက အလှပြင်ဖို့အလုပ်လာအပ်တဲ့အတွက် စိတ်ထဲအနည်းငယ်တော့ ထူးဆန်းနေပေမယ့် အမျိုးသားရဲ့အလုပ်အပ်ရတဲ့အကြောင်းအရင်းကြောင့် ကူညီချင်စိတ်ပေါက်သွားခဲ့ပြီး ဈေးပါလျှော့ပေးခဲ့ပါသေးတယ်။

ထိုအမျိုးသားဟာ (၁၁) လသားအရွယ်ချစ်ဖို့အလွန်ကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် အမျိုးသမီးနဲ့ပြဿနာတက်ပြီးကွဲကွာတော့မယ့် အခြေအနေဖြစ်နေတယ်လို့ Kanokporn ကိုပြောခဲ့တယ်လို့ဆိုပါတယ်။ သူ့အမျိုးသမီးနဲ့သူတို့ကြား ဘယ်လိုအဖုအထစ်တွေဆိုတာ သေချာမသိတဲ့အတွက် သူ့မိတ်ဆွေဟန်ဆောင်ကာ ဇနီးသည်အား အိမ်ထောင်ရေးအတွက်စိတ်ပူလို့ သွားရောက်မေးမြန်းတဲ့အနေနဲ့ နိုင်ငံခြားသား ရုပ်အသွင်အပြင်အတိုင်း မိတ်ကပ်လိမ်းကာ ပြောင်းလဲလိုကြောင်းပြောပြီး လိမ်ညာခဲ့တာပါ။ ဒါကိုယုံသွားပြီး သနားစိတ်ဝင်သွားတဲ့အနေနဲ့ Kanokporn ဟာ ဒေါ်လာ (၃၀၀) တန် မိတ်ကပ်ကို ဒေါ်လာ (၃၀) အထိလျှော့ဈေးပေးကာ နိုင်ငံခြားသားတစ်ဦးအသွင်ကို ပြောင်းပေးခဲ့ပါတယ်။

နှာတံအတု၊ မျက်ကပ်မှန်၊ မုတ်ဆိတ်မွှေးတွေ ပါးသိုင်းမွှေးတွေကို အတုတပ်ပေးတဲ့အပြင် ဆံပင်ကိုပါ ရွှေဝါရောင်ပြောင်းပေးပြီး တကယ့်လက်ရာမြောက်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ထိုအမျိုးသားထပ်ရောက်လာကာ ဒုတိယအကြိမ်ပြင်ပေးဖို့ ထပ်ပြောခဲ့ပါတယ်။ ပထမရက်က သူ့ဇနီးအိမ်မှာရှိမနေတဲ့အတွက် မမေးလိုက်ရတာကြောင့် ဒီကနေ့ထပ်မေးမှာဖြစ်တဲ့အတွက် ယမန်နေ့က ရုပ်အသွင်အပြင်အတိုင်း ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဒေါ်လာ (၃၀၀) တန် ကို ဒေါ်လာ (၂၁၀) နဲ့ ဈေးလျှော့ပေးကာ (၄) နာရီကြာအောင် လက်စွမ်းပြခဲ့ပါတယ်။

မိတ်ကပ်ပြင်ပေးနေစဉ် မုတ်ဆိတ်မွှေးတွေက ဘယ်နနာရီလောက်ခံမှာလဲ ချွေးထွက်ရင်မိတ်ကပ်တွေပျက်မှာလားစသည်ဖြင့် တစာစာမေးနေတော့ သူမကတောင် မုတ်ဆိတ်မွှေးကတော့ (၂) ရက် (၃) ရက်လောက်ခံမှာဖြစ်ပေမယ့် နှာတံပေါ်အောင်တပ်ထားတဲ့အရာကတော့ အချျိန်အတိုအတွင်း ကွာကျလာလိမ်မယ်လို့ Kanokporn သတိပေးခဲ့ပါသေးတယ်။ အချိန်ပိုကြာလာလေ ကဏာမငြိမ်ပိုဖြစ်လာတာကြောင့် သင်္ကာမကင်းဖြစ်ကာ လိုရမယ်ရဆိုပြီး မိတ်ကပ်ပညာရှင်တို့ မိတ်ကပ်မပြင်မီနဲ့ မိတ်ကပ်ပြင်ပြီးပုံကို ဓာတ်ပုံရိုက်ယူထားတဲ့အတိုင်း ခွင့်တောင်းပြီး သိမ်းထားခဲ့ပါတယ်။

တစ်ရက်တော့ တပည့်တွေပြတဲ့ ဗီဒီယိုကို Kanokporn ကြည့်ပြီး လန့်သွားခဲ့ပါတယ်။ မကြာသေးခင်ကမှသူမိတ်ကပ်ပြင်ပေးလိုက်တဲ့ အမျိုးသားဟာ နာမည်ကြီး shopping mall ဖြစ်တဲ့ Big C မှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်မှ ဒေါ်လာ (၁၄၄၁၀) တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုး (၄) ကြိုးခိုးယူသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

တရားခံကတော့ အသက် (၃၀) အရွယ် Wongsakorn Petchsanan ဖြစ်ပြီး ရွှေဆိုင်မှပစ္စည်းများကို ခိုးယူဖို့အတွက် ပထမရက်တုန်းက Kanokporn ဆီမှာ မိတ်ကပ်အစမ်းလာလိမ်းကြည့်ပြီး အဆင်ပြေသွားတော့မှ ပစ္စည်းခိုးဖို့ဒုတိယအကြိမ်မိတ်ကပ်လာပြင်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ တရားခံကိုတော့ ထောင်ဒဏ် (၅) နှစ်နဲ့ လျော်ကြေးငွေ ဒေါ်လာ (၃၀၀) ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်များရဲ့ပြောကြားချက်အရတော့ Wongsakorn ကို ဖမ်းစဉ်တုန်းက သူ့ရဲ့ နှာခေါင်းအတုကြီးက တန်းလန်းဖြစ်ကာ ကွာကျခဲ့တာကြောင့် ရုပ်အမှန်ကို သိခဲ့ရခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Aung Bo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top