ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုပေါက်ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းလှသလို ဒါရိုက်တာပိုင်းမှာလည်း တော်လွန်းထက်မြက်လွန်ပြီး စိတ်ကူးစိတ်သန်း ကောင်းမွန်လွန်းလှတဲ့ လူတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အစစအရာရာမှာ ဉာဏ်ရွှင်ပြီး ထက်မြက်လွန်းလှတဲ့ ကိုပေါက်ကတော့ မိသားစုရေးမှာလည်း သာယာအေးချမ်း စိတ်ချမ်းသာစရာကောင်းလွန်းလှတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိခဲ့ကြတာပဲဖြစ်ပါတယ်။ အိမ်ထောင့်တာဝန်ကျေပွန်ပြီး အိမ်ထောင်ဦးစီးကောင်းပီသတဲ့ ကိုပေါက်ရဲ့ စိတ်ဓာတ်လေးကတော့ လေးစားအားကျလောက်ပါပေတယ်နော်
ကိုပေါက်ဟာဆိုရင် သူငယ်ချင်းဖြစ်သူ ပြေတီဦးရဲ့ အသက် ၄၀ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သူငယ်ချင်း အနုပညာရှင် လုပ်ဖော်ကိုင်ဘက်များနှင့်တကွ သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ သနာ့ဘောင်ကို ဝင်ရောက်နေတဲ့ ကိုပေါက်ကတော့ သူငယ်ချင်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့မှာ ရဟန်းပြုခွင့်ရခဲ့တဲ့အတွက် ” သူငယ်ချင်း ပြေတီဦးကို ကျေးဇူးတင်တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။
ရဟန်းဘောင်ဝင်ပြီး ကုသိုလ်ယူခဲ့တဲ့ ကိုပေါက်ကတော့ ရဟန်းပြုခဲ့သမျှတွေထဲမှာ ဒီတစ်ခါ ရဟန်းပြုရတာ ကျေနပ်အားရမှုအရှိဆုံးဖြစ်ကြောင်းကို ” ရဟန်းခံခဲ့သမျှထဲမှာ ဒီတစ်ခါရဟန်းခံခြင်းမှာ စိတ်ထဲကျေနပ်မှု့အရဆုံးဖြစ်ခဲ့တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ထပ်မံရေးဖွဲ့ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။
” ဆွမ်းတစ်နပ်အဆင်ပြေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ရဟန်းဝိနည်းနဲ့အညီ အတတ်နိုင်ဆုံးကြိုးစားပြီး နေခဲ့တယ်။ တကယ် ဝိနည်းနဲ့အညီ နေတဲ့ရဟန်းတွေကို ကြည်ညိုမိတယ် ” ဆိုတဲ့ ကိုပေါက်
” မနက် ၇နာရီမှာ စောစောထပြီး ၂မိုင်ခွဲလောက် လမ်းလျှောက် ဆွမ်းခံထွက်ကြရတယ်။ ရွာတွေမှာ တစ်ချို့ အိမ်အခြေအနေက သိပ်အဆင်ပြေပုံမပေါ်ပေမယ့် နေ့တိုင်း ဆွမ်းလောင်းကြတယ်။ အဓိကက သဒ္ဒါတဲ့ စိတ်ပါပဲ ။ ဆင်းရဲတာ ချမ်းသာတာ အဓိကမကျပါဘူး။ ဆွမ်းတစ်ခွက် တစ်ဇွန်း လောင်းလိုက်လို့ ဘာမှမဖြစ်ပါဘူး။ လောင်းနိုင်သလောက် လောင်းနိုင်ကြပါစေ ” ဆိုပြီး ဆန္ဒပြုပေးလိုက်တဲ့ ကိုပေါက်
” ညပိုင်း စာချကိုယ်တော်မှာ စာလာသင်၊ မသိတာများမေး၊ ဗဟုသုတများ အပြန့်လှန်မျှဝေ၊ ၂၂၇ သွယ်သော သိက္ခာပုဒ်များသိရချိန် ရဟန်းဘဝကို လေးစားအံ့သြ ကြည်ညိုမိတယ် ” ဆိုတဲ့ ကိုပေါက်
ဆရာတော် အရှင်ဆေကိန္ဒမှ နေ့လည်ဘက် သိချင်တာများ မေးစေ၍ ဖြေကြားပြီး တရားဟောဆုံးမပေးနေတဲ့ ကြည်ညိုဖွယ်ရာ မြင်ကွင်းပုံရိပ်
ရွှေတိဂုံဘုရားမှာ ပဋ္ဌာန်းရွတ် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပြီး ကုသိုလ်ပွားခဲ့ကြတဲ့ ဦးဇင်းများရဲ့ ကြည်ညိုဖွယ်ရာ မြင်ကွင်းပုံရိပ်
သာသနာ့ဘောင်တွင်း အေးအေးချမ်းချမ်းဝင်ရောက်ပြီး ရဟန်းပြု ကုသိုလ်ပွားခဲ့ကြတဲ့ ဦးဇင်းများရဲ့ ကြည်ညိုဖွယ်ရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ လွန်စွာ သပ္ပါယ်ကြတဲ့ ဦးဇင်းများရဲ့ ကြည်ညိုဖွယ်ရာ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြဖို့ မမေ့နဲ့ဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top