ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

မန္တလေး−မြစ်ကြီးနား ခရီးစဉ်ကို လေအိတ်ရထားများနဲ့ မကြာမီပြေးဆွဲပေးတော့မည် 2

ဖိုးသူတော်(www.phothutaw.com)
Credit: မ.မ(မြစ်ကြီးနား)

#Unicode Version#
ခရီးသွားပြည်သူလူထု သက်တောင့်သက်သာဖြင့် စိတ်ချမ်းသာစွာ ခရီးသွားလာနိုင်စေဖို့ အဆင့်မြှင့်တင်ထားတဲ့ လူစီးရထားတွဲများကို မန္တလေးတိုင်းမြစ်ငယ် လူစီးရထားတွဲတိုးချဲ့တည်ဆောက်ရေးစက်ရုံမှာ မြန်မာ/တရုပ် အင်ဂျင်နီယာများပူးပေါင်းထုတ်လုပ်ခဲ့ပြီး မန္တလေး−မြစ်ကြီးနား လမ်းပိုင်းမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး ပြေးဆွဲသွားဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

အဆိုပါရထားတွဲများတွင် ခရီးသည်များ သက်တောင့်သက်သာဖြစ်စေမည့် လေအိတ်ထိုင်ခုံများ၊ ဘိုထိုင်အိမ်သာ၊ လုံခြုံရေး စီစီတီဗီကင်မရာများ တပ်ဆင်ထားပြီး ရထားခကိုလည်း သက်သာတဲ့ ဈေးနှုန်းများနဲ့ ပြေးဆွဲပေးသွားရန် စီစဉ်နေကြောင်း သိရှိရသည်။


ဖိုးသူတေ်ာ(www.phothutaw.com)
Credit: မ.မ(မြစ်ကြီးနား)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top