(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ဆရာမရယ္ က်ြန္မသားေလးကို ကယ္ပါဦး ကေလး မ်က္စိထဲ ဓာတ္မီးနဲ႕ ထိုးၾကည့္ျပီး ျပန္အလွည့္မွာ ကေလးအေမရဲ႕ ငိုသံစြက္ေနတဲ႔စကားေၾကာင့္ သက္ျပင္းခိုးခ်လိုက္မိတယ္။

ကေလးရဲ႕ သူငယ္အိမ္က တုန္႕ျပန္မွဳမရွိ … က်ယ္နွင့္ျပီ။ ကေလးရဲ႕ ဦးေနွာက္က ေသနွင့္ျပီ ဆိုတဲ႔အေၾကာင္း ဘယ္လိုအင္အားနဲ႕ ရွင္းျပရပါ့။

ခုန္ေပါက္ေျပးလႊားေဆာ့ကစားေနတဲ႔ သားျဖဴတုတ္ေလး နာရီဝက္ေလာက္အတြင္း ဒီလိုအျဖစ္ဆိုးမ်ိဳးၾကံဳရမယ္လို႕ ဒီအေမ ဘယ္ထင္မိပါ့မလဲ။

တရားခံက သိပ္လွတဲ႔ ၾကယ္သီးေလးတလံုး ကေလးအေမက အဝတ္ေလ်ွာ္ေနခဲ႔တယ္။ ဧည့္ခန္းထဲမွာ သားကေလး ကစားေနတယ္။

အဝတ္ေလ်ွာ္ခါနီး အေဖလုပ္သူရဲ႕ ရွပ္အက်ီၤက ေရႊၾကယ္သီးေလးကို အေမက တီဗီစင္ေပၚ တင္ထားလိုက္တယ္။ ခဏေနေတာ့ ကေလးက တဂစ္ဂစ္နဲ႕ လဲက်သြားတာေတြ႕လိုက္ရတယ္။

အေမမွာ ထမီရင္လ်ားနဲ႕ အူယားဖားရား ေျပးလာၾကည့္လိုက္ေတာ့ သားကေလးက မ်က္ျဖဴလန္ျပီး သတိလစ္ေနျပီ။ တီဗီစင္ေပၚမွာ ၾကယ္သီးေလးကို မေတြ႕ရေတာ့။

အိမ္သားေတြကို ေအာ္ဟစ္ေခၚျပီး ကေလးကို ေဆးရံုကို အျမန္ဆံုးေခၚလာခဲ႔။

အေရးေပၚ႒ာနက ဆရာဝန္ေတြ ကေလးေရာက္လာခ်င္း လည္ေခ်ာင္းထဲၾကည့္တဲ႔မွန္ေျပာင္းနဲ႕ၾကည့္လိုက္ေတာ့ ေလျပြန္အဝမွာ တစ္ေနတဲ႔ ၾကယ္သီးကိုေတြ႕။

အလ်င္အျမန္ထုတ္။ ျပီးတာနဲ႔ အသက္ရွဳပိုက္ထည့္။ နွလံုးနဲ႕အဆုတ္ကို ျပန္အလုပ္လုပ္ေအာင္ အသက္ကယ္နည္းေတြနဲ႕ကုသ။

ဒါေတြအားလံုးျပီးေတာ့ အထူးၾကပ္မတ္ကုသေဆာင္ကိုပို႕။ အသက္ရွဴစက္တင္။ ႏွလံုးျပန္ခုန္လာ။ အသက္မရွဴတာကို အသက္ရွဴစက္က ရွဴေပးေန။ လိုအပ္တဲ႔ေဆးဝါးေတြနဲ႕ အေၾကာေဆးေတြေပးထား။

ေအာက္ဆီဂ်င္ျပတ္လပ္တာကို ငါးမိနစ္ထက္ပိုမခံႏိုင္တဲ႔ ဦးေႏွာက္ဆဲလ္ေတြက ထၾကြ ေသာင္းက်န္း။ တဒိုင္းဒိုင္းနဲ႕ အေၾကာတက္။

အေၾကာတက္တာ ရပ္ေတာ့ ဘာအလုပ္မွ မလုပ္ေတာ့။ ဦးေနွာက္ေသျပီ။ ထိန္းခ်ဳပ္အမိန္႕ေပးမယ့္ ဦးေနွာက္ေသမွေတာ့ အေနွးနဲ႕အျမန္ နွလံုးခုန္ တျဖည္းျဖည္းရပ္ေတာ့မယ္။

တျခားအဂၤါေတြ အလုပ္လုပ္တာ တျဖည္းျဖည္းရပ္ေတာ့မယ္။ နက္ျဖန္ဆို သားေလးရဲ႕ သံုးနွစ္ျပည့္ေမြးေန႕ပါ ဆရာမရယ္ အေျခအေနအရပ္ရပ္ကို ရွင္းျပျပီးတဲ႔အခါ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ရင္း ေျပာရွာတယ္။

လူ႕ေလာကထဲ သံုးနွစ္ပဲ ေနခြင့္ရရွာတဲ႔ ကေလးရယ္ … ေနာင္ဘဝ ဒီလို အျဖစ္မ်ိဳး ေဝးပါေစ ကြယ္။ ။ လတ္တေလာ ျဖစ္ရပ္မွန္ဇာတ္လမ္းပါ။ Chocking လည္ေခ်ာင္းထဲ တစ္ဆို႕ျခင္း ကို မိဘမ်ား သတိျပဳနိုင္ေအာင္ ရင္နာနာနဲ႕ေရးရပါတယ္။

အေမကို ခြင့္ေတာင္းျပီး ရိုက္ထားတဲ႔ ၾကယ္သီးေလးပါ။

ခ်စ္စရာရင္ေသြးငယ္တို႕ ေဘးကင္းၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Realthadin


#Unicode Version#

ဆရာမရယ် ကျွန်မသားလေးကို ကယ်ပါဦး ကလေး မျက်စိထဲ ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ပြန်အလှည့်မှာ ကလေးအမေရဲ့ ငိုသံစွက်နေတဲ့စကားကြောင့် သက်ပြင်းခိုးချလိုက်မိတယ်။

ကလေးရဲ့ သူငယ်အိမ်က တုန့်ပြန်မှုမရှိ … ကျယ်နှင့်ပြီ။ ကလေးရဲ့ ဦးနှောက်က သေနှင့်ပြီ ဆိုတဲ့အကြောင်း ဘယ်လိုအင်အားနဲ့ ရှင်းပြရပါ့။

ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ သားဖြူတုတ်လေး နာရီဝက်လောက်အတွင်း ဒီလိုအဖြစ်ဆိုးမျိုးကြုံရမယ်လို့ ဒီအမေ ဘယ်ထင်မိပါ့မလဲ။

တရားခံက သိပ်လှတဲ့ ကြယ်သီးလေးတလုံး ကလေးအမေက အဝတ်လျှော်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ သားကလေး ကစားနေတယ်။

အဝတ်လျှော်ခါနီး အဖေလုပ်သူရဲ့ ရှပ်အကျီၤက ရွှေကြယ်သီးလေးကို အမေက တီဗီစင်ပေါ် တင်ထားလိုက်တယ်။ ခဏနေတော့ ကလေးက တဂစ်ဂစ်နဲ့ လဲကျသွားတာတွေ့လိုက်ရတယ်။

အမေမှာ ထမီရင်လျားနဲ့ အူယားဖားရား ပြေးလာကြည့်လိုက်တော့ သားကလေးက မျက်ဖြူလန်ပြီး သတိလစ်နေပြီ။ တီဗီစင်ပေါ်မှာ ကြယ်သီးလေးကို မတွေ့ရတော့။

အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး ကလေးကို ဆေးရုံကို အမြန်ဆုံးခေါ်လာခဲ့။

အရေးပေါ်ဋ္ဌာနက ဆရာဝန်တွေ ကလေးရောက်လာချင်း လည်ချောင်းထဲကြည့်တဲ့မှန်ပြောင်းနဲ့ကြည့်လိုက်တော့ လေပြွန်အဝမှာ တစ်နေတဲ့ ကြယ်သီးကိုတွေ့။

အလျင်အမြန်ထုတ်။ ပြီးတာနဲ့ အသက်ရှုပိုက်ထည့်။ နှလုံးနဲ့အဆုတ်ကို ပြန်အလုပ်လုပ်အောင် အသက်ကယ်နည်းတွေနဲ့ကုသ။

ဒါတွေအားလုံးပြီးတော့ အထူးကြပ်မတ်ကုသဆောင်ကိုပို့။ အသက်ရှူစက်တင်။ နှလုံးပြန်ခုန်လာ။ အသက်မရှူတာကို အသက်ရှူစက်က ရှူပေးနေ။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ အကြောဆေးတွေပေးထား။

အောက်ဆီဂျင်ပြတ်လပ်တာကို ငါးမိနစ်ထက်ပိုမခံနိုင်တဲ့ ဦးနှောက်ဆဲလ်တွေက ထကြွ သောင်းကျန်း။ တဒိုင်းဒိုင်းနဲ့ အကြောတက်။

အကြောတက်တာ ရပ်တော့ ဘာအလုပ်မှ မလုပ်တော့။ ဦးနှောက်သေပြီ။ ထိန်းချုပ်အမိန့်ပေးမယ့် ဦးနှောက်သေမှတော့ အနှေးနဲ့အမြန် နှလုံးခုန် တဖြည်းဖြည်းရပ်တော့မယ်။

တခြားအင်္ဂါတွေ အလုပ်လုပ်တာ တဖြည်းဖြည်းရပ်တော့မယ်။ နက်ဖြန်ဆို သားလေးရဲ့ သုံးနှစ်ပြည့်မွေးနေ့ပါ ဆရာမရယ် အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးတဲ့အခါ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရင်း ပြောရှာတယ်။

လူ့လောကထဲ သုံးနှစ်ပဲ နေခွင့်ရရှာတဲ့ ကလေးရယ် … နောင်ဘဝ ဒီလို အဖြစ်မျိုး ဝေးပါစေ ကွယ်။ ။ လတ်တလော ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ Chocking လည်ချောင်းထဲ တစ်ဆို့ခြင်း ကို မိဘများ သတိပြုနိုင်အောင် ရင်နာနာနဲ့ရေးရပါတယ်။

အမေကို ခွင့်တောင်းပြီး ရိုက်ထားတဲ့ ကြယ်သီးလေးပါ။

ချစ်စရာရင်သွေးငယ်တို့ ဘေးကင်းကြပါစေ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top