ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ေန႔စဥ္႐ုန္းကန္ လႈပ္ရွားေနရတဲ့ လူေနမႈဘဝမွာ အၿမဲတမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖစ္ေနဖို႔ဆိုတာဟာ ထင္သေလာက္ မလြယ္ကူတဲ့ ကိစၥတခုပါ။ ဒါေပမဲ့ တခ်ိဳ႕သူေတြကေတာ့ သူတို႔ကို ၾကည့္လိုက္ရင္ အၿမဲတက္တက္ႂကြႂကြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကတာကို ေတြ႕ဖူးၾကမွာပါ။ အခုေဖာ္ျပေပးမွာကေတာ့ ဒီလိုအၿမဲတမ္း တက္ႂကြေပ်ာ္႐ႊင္ေနတတ္သူေတြ ျပဳလုပ္ေလ့ရွိတဲ့ ေန႔စဥ္ အမူအက်င့္ေတြပဲ ျဖစ္ပါတယ္။

(၁) အၿမဲတက္ႂကြ ေပ်ာ္႐ႊင္ေနဖို႔အတြက္ က်န္းမာေရးက အင္မတန္ အေရးႀကီးပါတယ္။ ေန႔တေန႔ရဲ႕ အေရးအႀကီးဆုံး ျဖစ္တဲ့ မနက္စာကို ျပည့္ျပည့္ဝဝ လုံလုံေလာက္ေလာက္ စားသုံးေပးျခင္းဟာ တေန႔တာမွာ တက္ႂကြေပ်ာ္႐ႊင္ေနေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။


(၂) လုပ္ငန္းခြင္မွာ ဖုန္းေတြ ၊ကြန္ပ်ဴတာေတြနဲ႔ အၿမဲလိုလို ရႈပ္ယွက္ခတ္ေနတတ္ၿပီး တခါတရံမွာ စိတ္ရႈပ္ေထြးၿပီး စိတ္ဖိစီးမႈ ျဖစ္လာတာမ်ိဳး ႀကဳံဖူးၾကမွာပါ။ စတမ္းဖို႔ဒ္ တကၠသိုလ္ရဲ႕ ေလ့လာခ်က္အရ အၿမဲတက္ႂကြ ေပ်ာ္႐ႊင္ေနသူေတြဟာ တေန႔တာမွာ မိနစ္ ၂၀ ခန႔္ကို သဘာဝတရားႀကီးနဲ႔ ထိေတြ႕ႊၿပီး အခ်ိန္ေပးတတ္ၾကသူေတြ ျဖစ္ပါတယ္။ ေလေကာင္းေလသန႔္ ထြက္ရႈတာ၊ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ မၾကည့္ဘဲ ခဏေလာက္ အနားယူတာမ်ိဳးေတြ ျပဳလုပ္တတ္ၾကပါတယ္။

(၃) ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္လာတဲ့ အခါမ်ိဳးမွာဆိုရင္ စိတ္ဖိစီးမႈနဲ႔ စိတ္ရႈပ္ေထြးမႈေတြကို ခံစားရတတ္တာေၾကာင့္ တေန႔တာမွာ ေရမ်ားမ်ားေသာက္သုံးေပးျခင္းကလည္း တက္ႂကြ႐ႊင္လန္းေနေစဖို႔ အကူအညီျဖစ္ေစပါတယ္။

(၄) စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ တေန႔တာမွာ “me time”လို႔ေခၚတဲ့ မိမိအတြက္ ကိုယ္ပိုင္အခ်ိန္တခုကို ထားရွိေပးျခင္းဟာ အၿမဲေပ်ာ္႐ြင္ေနေစဖို႔အတြက္ အေထာက္အပံ့ျဖစ္ေစႏိုင္တယ္လို႔ဆိုပါတယ္။ မိမိရဲ႕ကိုယ္ပိုင္ အခ်ိန္ေတြမွာ မိမိဝါသနာပါရာ တခုခုကို ျပဳလုပ္ေပးျခင္းက စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာအတြက္ပါ အေထာက္အပံ့ျဖစ္ေစမွာ ျဖစ္ပါတယ္။

(၅) နယ္သာလန္ႏိုင္ငံက Philips သုေတသနဌာနရဲ႕ ေလ့လာခ်က္အရဆိုရင္ေတာ့ သီခ်င္းနားေထာင္ျခင္းဟာလည္း တက္ႂကြေပ်ာ္႐ႊင္ေနသူေတြ ျပဳလုပ္ေလ့ရွိတဲ့ ေန႔စဥ္အမူအက်င့္ေတြထဲက တခုျဖစ္ၿပီး သီခ်င္းနားေထာင္ျခင္းဟာ အာ႐ုံစူးစိုက္မႈနဲ႔ စိတ္ခံစားမႈအေပၚ သက္ေရာက္ေစတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

#Unicode Version#

နေ့စဉ်ရုန်းကန် လှုပ်ရှားနေရတဲ့ လူနေမှုဘဝမှာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင် ဖြစ်နေဖို့ဆိုတာဟာ ထင်သလောက် မလွယ်ကူတဲ့ ကိစ္စတခုပါ။ ဒါပေမဲ့ တချို့သူတွေကတော့ သူတို့ကို ကြည့်လိုက်ရင် အမြဲတက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြတာကို တွေ့ဖူးကြမှာပါ။ အခုဖော်ပြပေးမှာကတော့ ဒီလိုအမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်သူတွေ ပြုလုပ်လေ့ရှိတဲ့ နေ့စဉ် အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

(၁) အမြဲတက်ကြွ ပျော်ရွှင်နေဖို့အတွက် ကျန်းမာရေးက အင်မတန် အရေးကြီးပါတယ်။ နေ့တနေ့ရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ မနက်စာကို ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် စားသုံးပေးခြင်းဟာ တနေ့တာမှာ တက်ကြွပျော်ရွှင်နေစေဖို့ အထောက်အကူဖြစ်စေပါတယ်။


(၂) လုပ်ငန်းခွင်မှာ ဖုန်းတွေ ၊ကွန်ပျူတာတွေနဲ့ အမြဲလိုလို ရှုပ်ယှက်ခတ်နေတတ်ပြီး တခါတရံမှာ စိတ်ရှုပ်ထွေးပြီး စိတ်ဖိစီးမှု ဖြစ်လာတာမျိုး ကြုံဖူးကြမှာပါ။ စတမ်းဖို့ဒ် တက္ကသိုလ်ရဲ့ လေ့လာချက်အရ အမြဲတက်ကြွ ပျော်ရွှင်နေသူတွေဟာ တနေ့တာမှာ မိနစ် ၂၀ ခန့်ကို သဘာဝတရားကြီးနဲ့ ထိတွေ့ွှပြီး အချိန်ပေးတတ်ကြသူတွေ ဖြစ်ပါတယ်။ လေကောင်းလေသန့် ထွက်ရှုတာ၊ ဖုန်းတွေ၊ ကွန်ပျူတာတွေ မကြည့်ဘဲ ခဏလောက် အနားယူတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။

(၃) ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာတဲ့ အခါမျိုးမှာဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားရတတ်တာကြောင့် တနေ့တာမှာ ရေများများသောက်သုံးပေးခြင်းကလည်း တက်ကြွရွှင်လန်းနေစေဖို့ အကူအညီဖြစ်စေပါတယ်။

(၄) စိတ်ပညာရှင်တွေရဲ့ အဆိုအရ တနေ့တာမှာ “me time”လို့ခေါ်တဲ့ မိမိအတွက် ကိုယ်ပိုင်အချိန်တခုကို ထားရှိပေးခြင်းဟာ အမြဲပျော်ရွင်နေစေဖို့အတွက် အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ မိမိရဲ့ကိုယ်ပိုင် အချိန်တွေမှာ မိမိဝါသနာပါရာ တခုခုကို ပြုလုပ်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

(၅) နယ်သာလန်နိုင်ငံက Philips သုတေသနဌာနရဲ့ လေ့လာချက်အရဆိုရင်တော့ သီချင်းနားထောင်ခြင်းဟာလည်း တက်ကြွပျော်ရွှင်နေသူတွေ ပြုလုပ်လေ့ရှိတဲ့ နေ့စဉ်အမူအကျင့်တွေထဲက တခုဖြစ်ပြီး သီချင်းနားထောင်ခြင်းဟာ အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်စေတယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top