(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


အေမရိကန္ျပည္ေထာင္စုမွ အသက္ ၃၃ႏွစ္အ႐ြယ္ ပ်ားေမြးျမဴေရးၿခံပိုင္ရွင္ျဖစ္သူ အီမီလီမူလာဟာ ပ်ားေကာင္ေရ ၁ ဒသမ ၂ သန္းရွိတဲ့ ပ်ားအုံ ၂၄ အုံကို ထိန္းသိမ္းေစာင့္ေရွာက္သူျဖစ္ပါတယ္။ ဒီႏွစ္တစ္ႏွစ္တည္းမွာပဲ အႀကိမ္ ၃၅၀ ပ်ားတုပ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ပ်ားတုပ္ခံရတာမမႈတဲ့သူက ပ်ားေတြနဲ႔အတူ ဓာတ္ပုံ႐ိုက္ယူခဲ့ပါတယ္။


မၾကာေသးခင္ မနက္ေစာေစာပိုင္းမွာ ကိုယ္ဝန္ေဆာင္မိခင္အီမီလီဟာ ဝမ္းဗိုက္နဲ႔ေျခေထာက္ေတြလုံၿခဳံေအာင္ ဝတ္႐ုံရွည္ဝတ္ဆင္ခဲ့ပါတယ္။ ပ်ားေတြၿငိမ္သက္သြားေအာင္ သၾကားေကြၽးခဲ့ၿပီးေနာက္မွာ ပ်ားဘုရင္မကိုဖမ္းကာ ေလွာင္ခ်ိဳင့္ထဲ ထည့္ယူခဲ့ပါတယ္။ သူကဓာတ္ပုံ႐ိုက္မယ့္ေနရာအထိ ယူသြားခဲ့ၿပီး ခင္ပြန္းျဖစ္သူက ပ်ားအုံကိုလႈပ္ရမ္းခဲ့ပါတယ္။

လုပ္သားပ်ားေတြက ပ်ားဘုရင္မရွိရာ အီမီလီရဲ႕ဝမ္းဗိုက္အနားကို ဝိုင္းအုံလာခဲ့ၾကခ်ိန္မွာ ခင္ပြန္းျဖစ္သူက ဓာတ္ပုံ႐ိုက္ယူေပးခဲ့ပါတယ္။ ဖင္ေအာက္မွာ ပ်ားတစ္ေကာင္ကို မေတာ္တဆဖိမိခဲ့သလို တံေတာင္နဲ႔လည္း ဖိမိခဲ့ေသးပါတယ္။ ၃ ႀကိမ္ပ်ားတုပ္ခံခဲ့ရေသးေပမယ့္ ရရွိတဲ့ဓာတ္ပုံေတြေၾကာင့္ ထိုက္တန္တယ္လို႔ ခံစားမိေၾကာင္း ေျပာျပခဲ့ပါတယ္။

ပ်ားရည္ေရာင္းခ်တဲ့အလုပ္နဲ႔ အသက္ေမြးတဲ့ အီမီလီက ပ်ားေတြဟာ သူတို႔မိသားစုဘဝရဲ႕ အစိတ္အပိုင္းျဖစ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမွတ္တရအျဖစ္ ပ်ားေတြနဲ႔ဓာတ္ပုံ႐ိုက္ယူခဲ့တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Healthylife

#Unicode Version#

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၃နှစ်အရွယ် ပျားမွေးမြူရေးခြံပိုင်ရှင်ဖြစ်သူ အီမီလီမူလာဟာ ပျားကောင်ရေ ၁ ဒသမ ၂ သန်းရှိတဲ့ ပျားအုံ ၂၄ အုံကို ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာပဲ အကြိမ် ၃၅၀ ပျားတုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပျားတုပ်ခံရတာမမှုတဲ့သူက ပျားတွေနဲ့အတူ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

မကြာသေးခင် မနက်စောစောပိုင်းမှာ ကိုယ်ဝန်ဆောင်မိခင်အီမီလီဟာ ဝမ်းဗိုက်နဲ့ခြေထောက်တွေလုံခြုံအောင် ဝတ်ရုံရှည်ဝတ်ဆင်ခဲ့ပါတယ်။ ပျားတွေငြိမ်သက်သွားအောင် သကြားကျွေးခဲ့ပြီးနောက်မှာ ပျားဘုရင်မကိုဖမ်းကာ လှောင်ချိုင့်ထဲ ထည့်ယူခဲ့ပါတယ်။ သူကဓာတ်ပုံရိုက်မယ့်နေရာအထိ ယူသွားခဲ့ပြီး ခင်ပွန်းဖြစ်သူက ပျားအုံကိုလှုပ်ရမ်းခဲ့ပါတယ်။

လုပ်သားပျားတွေက ပျားဘုရင်မရှိရာ အီမီလီရဲ့ဝမ်းဗိုက်အနားကို ဝိုင်းအုံလာခဲ့ကြချိန်မှာ ခင်ပွန်းဖြစ်သူက ဓာတ်ပုံရိုက်ယူပေးခဲ့ပါတယ်။ ဖင်အောက်မှာ ပျားတစ်ကောင်ကို မတော်တဆဖိမိခဲ့သလို တံတောင်နဲ့လည်း ဖိမိခဲ့သေးပါတယ်။ ၃ ကြိမ်ပျားတုပ်ခံခဲ့ရသေးပေမယ့် ရရှိတဲ့ဓာတ်ပုံတွေကြောင့် ထိုက်တန်တယ်လို့ ခံစားမိကြောင်း ပြောပြခဲ့ပါတယ်။

ပျားရည်ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးတဲ့ အီမီလီက ပျားတွေဟာ သူတို့မိသားစုဘဝရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမှတ်တရအဖြစ် ပျားတွေနဲ့ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top