ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေစ်းမီး ပြိဳင့္သည္ ၿမိဳ႕လယ္ေစ်းအနီးျဖစ္ သျဖင့္ လူသြားလူလာ၊ ယာဥ္သြား ယာဥ္လာ႐ႈပ္ေထြးသည္။ ေတာင္ ႀကီး တန္ေဆာင္တုိင္ပဲြေတာ္ႀကီး လည္းရွိသျဖင့္ အေ၀းဧည့္ေတြ လာေနၾကေသာေၾကာင့္ ပို၍ပင္ စည္ကားေနသည္။ ထုိအခ်ိန္မထင္မွတ္ထားေသာ သတင္းစကားတစ္ခုေၾကာင့္ ၿမိဳ႕မေစ်းမီးပြိဳင့္အနီး ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္သည္။ မီးပြိဳင့္နားေစ်းေရွ႕က ပလက္ေဖာင္းအနီးတြင္ ဗုံးေထာင္ထားသည့္ဟူေသာ သတင္း။

စစ္ဘက္၊ ရဲဘက္ တာ၀န္ရွိသူေတြ၊ အရပ္ဘက္အဖဲြ႕အစည္း ေတြ တဖဲြဖဲြေရာက္လာသည္။ တတြီတီြခရာမႈတ္သံေတြ ဆူညံ ေနသည္။ လမ္းေတြကိုပိတ္သည္။ ႀကိဳးေတြတားသည္။ ေစ်းသည္ေတြလည္း ကိုယ့္ေရာင္းကုန္ ပစၥည္းေလးေတြ အျမန္သိမ္းၾက သည္။ ေစ်း၀န္းက်င္က ဆုိင္ခန္း ေတြလည္း ဆုိင္တံခါးကို အျမန္ ဆဲြခ်ၾကသည္။ သို႔ေသာ္ ထုိဗုံး ေတြ႕သည္ဟူေသာေနရာႏွင့္ မ်က္ေစာင္းထုိး လမ္းတစ္ဖက္ျခမ္း မီးပိြဳင့္ေထာင့္တြင္ေတာ့ ဘိန္းမုန္႔ သည္ အဘြားအိုတစ္ေယာက္ မုန္႔ရည္ေတြကို ဖိုေလးထဲထည့္ လုိက္၊ က်က္သြားတဲ့ဘိန္းမုန္႔ေတြ ကို ဗန္းေပၚတင္လုိက္ျဖင့္ တည္ တည္ၿငိမ္ၿငိမ္။

‘‘အေမ ထပါ အ ေမရဲ႕။ ဗုံးတဲ့။ ၿပီးမွဆက္လုပ္ပါ’’ ေဘးနားကြမ္းယာဆုိင္ထဲက မိန္း ကေလးတစ္ဦးက အဘြားအိုကုိ ေခၚေနသည္။ သို႔ေသာ္ အဘြားအိုက ထုိင္ရာမထ။ လမ္းတစ္ဖက္ ကို အဘြားအိုလွမ္းၾကည့္ေတာ့ ဗုံးဟုဆုိသည့္ ပုံးအမည္းတစ္ခု လမ္းေဘးမွာ ေတြ႕ရသည္။ အဘြားအို မုန္႔ဆက္လုပ္ေနေလသည္။

အခင္းျဖစ္ပြားရန္ တစ္နာရီအလုိ မြန္းလြဲ ၁ နာရီခန္႔ ၿမိဳ႕မေစ်းမီးပြိဳင့္

ဘိန္းမုန္႔သည္ အဘြားအို ေဒၚညိဳသည္ သာမန္ေန႔မ်ားအ တုိင္း ေတာင္ႀကီးၿမိဳ႕မေစ်းအနီး က မီးပြိဳင့္နားသို႔ ေန႔ခင္း ၁ ခ်က္ ထုိးခ်ိန္ေရာက္သည္။ ေဒၚညိဳက အသက္(၆၇)ႏွစ္ ျဖစ္သည္။ ဘိန္းမုန္႔ေရာင္းခဲ့တာလည္း သက္တမ္းမနည္းေတာ့။ စေရာင္းကတည္း က ဒီနားေလး။ အေဆာက္အအုံေတြ ၿမိဳ႕ပုံစံေတြ လူေတြသာ ေျပာင္းလဲသြားသည္။ ေဒၚညိဳက ဘိန္းမုန္႔ေရာင္းဆဲ။ ေဒၚညိဳက ေတာင္ႀကီးမွာ ေမြးတာေတာ့မဟုတ္။ ရန္ကုန္မွာေမြး၊ မိဘေတြ ေတာင္ႀကီး ေျပာင္းလာသျဖင့္ ေတာင္ႀကီးသားတစ္ေယာက္ႏွင့္ အေၾကာင္းပါခဲ့သည္။

သားသမီး ေလးေယာက္ ထြန္းကားခဲ့ၿပီး ႏွစ္ေယာက္ဆုံး႐ႈံး ခဲ့ကာ လက္ရွိတြင္ မိဘႏွစ္ပါး စလုံး မရွိရွာေတာ့သည့္ ေျမးမေလး ႏုိးႏုိးႏွင့္အတူ ေတာင္ႀကီးၿမိဳ႕ နိဗၺာန္လမ္းဆုံနားမွာ အိမ္ငွားေနတာျဖစ္သည္။

အဘြားဆိုေသာ္လည္း အေမလုိပဲ ျဖစ္ေနသျဖင့္ ေျမးမ ေလးက ေဒၚညိဳကုိ ‘‘အေမ’’ဟု ပင္ေခၚသည္။ ေန႔ခင္းတြင္ေတာ့ ေျမးအဘြားႏွစ္ေယာက္ ၿမိဳ႕မေစ်းမီးပြိဳင့္နားမွာ ေစ်းေရာင္းသည္။ သူ႔ေဘးနားတြင္ေတာ့ သူ႔ေျမးမေလး ႏုိးႏုိး၏ ကြမ္းယာဆုိင္ရွိ သည္။ ေျမးမေလး၏ ကိုယ္ပိုင္ဆုိင္ေတာ့မဟုတ္။ ေဒၚညိဳ႕သမီး ေျမးမေလး၏ အေဒၚဆုိင္ျဖစ္သည္။ ေျမးမေလးက ကူထုိင္ ေပး၍ မုန္႔ဖုိးပဲဖုိးရသည္။

ေဒၚညိဳ ခုလိုတန္ေဆာင္တုိင္ ကာလကို အလြန္ေပ်ာ္ပါသည္။ ေဒၚညိဳက မြတ္စလင္ျဖစ္သည္။ အေမ၊ အေဖ မြတ္စလင္ျဖစ္၍ သူမြတ္စလင္ျဖစ္လာျခင္းကို သူ ထူးေထြ စဥ္းစားမေနမိပါ။ မြတ္ စလင္ျဖစ္ေသာ္လည္း ဗုဒၶဘာသာ တို႔၏ တန္ေဆာင္တုိင္ပဲြေတာ္ကို ေဒၚညိဳ ေပ်ာ္ပါသည္။ ျမန္မာႏုိင္ငံ ၏ နာမည္ေက်ာ္ ေတာင္ႀကီးတန္ ေဆာင္တုိင္ျဖစ္၍ အနယ္နယ္ အ ရပ္ရပ္က လူေတြလာလည္၊ စည္ ကား၊ ေပ်ာ္ျမဴးတာေတြကို ၾကည့္ ၿပီး စိတ္ခ်မ္းသာရသလို သူ႔ဘိန္းမုန္႔လည္း ေရာင္းေကာင္းလွ သည္။

အခင္းျဖစ္ၿပီးေနာက္တစ္ရက္ ႏိုဝင္ဘာ ၁၇ ရက္တြင္ မုန္႔ေရာင္းေနသည့္ အမယ္အိုကို ေတြ႕ရစဥ္ (ဓာတ္ပံု – ညီညီေဇာ္)

ထုိ႔အတြက္ ေဒၚညိဳ ေပ်ာ္ သည္။ သူတင္လားမဟုတ္။ တစ္ ႏွစ္တစ္ခါေလး ေတာင္ႀကီးတန္ ေဆာင္တုိင္ကာလ ေစ်းေရာင္းရ သျဖင့္ ေတာင္ႀကီးတန္ေဆာင္ တုိင္ အမီျပဳေနရသူေတြ ေပ်ာ္ရႊင္ ၾကသည္။ ဟိုတယ္သမားလည္း ေပ်ာ္၊ ဆုိင္ကယ္တကၠစီသမား လည္း ေပ်ာ္၊ စားေသာက္ဆုိင္ သမားေတြလည္း ေပ်ာ္၊ ေဒၚညိဳ တုိ႔လုိ လမ္းေဘးေစ်းသည္ကအစ ေပ်ာ္ၾကရသည့္ တန္ေဆာင္ တုိင္ရာသီ ျဖစ္သည္။

တန္ေဆာင္တုိင္ မေရာက္မီကတည္းက ေဒၚညိဳကိုယ့္အေတြးနဲ႔ကိုယ္ စိတ္ကူးထားတာေတြရွိ သည္။ ေဒၚညိဳက ဘယ္ဘက္မ်က္လုံး မရွိေတာ့ပါ။ ေရတိမ္ေပါက္ ၍ ခဲြထုတ္ရသည္။ ညာဘက္ မ်က္လုံးတစ္လုံးတည္းႏွင့္ လုပ္ ကိုင္ေနရခဲ့သည္။ ေနာက္သုံးလေလာက္ေနရင္ မ်က္လုံးအတုထည့္ရမည္။ ထုိ႔အတြက္ ေငြကကုန္ဦးမည္။ မ်က္စိခဲြတုန္းက လည္း ရက္ၾကာၾကာနားဖို႔ ဆရာ၀န္က ေျပာတာကို သတ္မွတ္ရက္မျပည့္ေသးမီ ေစ်းျပန္ေရာင္း သည္။ ေျမးအဘြားႏွစ္ေယာက္ တည္း ရွိေသာ္လည္း အိမ္ငွားေနရ တာဆုိေတာ့ ရႏုိင္သေလာက္ ရွာရတာျဖစ္သည္။ တန္ေဆာင္တုိင္ ကာလမွာေတာ့ ေစ်းပိုေရာင္းရ၍ မ်က္လုံးအတု ထည့္ဖို႔နဲ႔ ေဆးခန္းျပဖို႔ ေငြေတာ့စုမိႏုိင္သည္ဟု ေဒၚညိဳ ေတြးထားတာျဖစ္သည္။

ေဒၚညိဳ ဘိန္းမုန္႔ကလည္း တစ္ခု ၁၅ ျပားေခတ္က စေရာင္းလာခဲ့တာ အခု ႏွစ္ခု ၅၀၀ ေခတ္အထိ လူႀကိဳက္မ်ားေနဆဲ ျဖစ္သည္။ ေဒၚညိဳဘိန္းမုန္႔က တစ္ခုလုပ္ၿပီး၍ ဗန္းေပၚတင္လုိက္သည္ႏွင့္ တစ္ခုခ်က္ခ်င္းေရာင္းကုန္ သည္။ စားလုိသူက စိတ္ရွည္ရွည္ထားေစာင့္ရသည္။ ဘိန္းမုန္႔ေစ်းအရင္းက တစ္ရက္ တစ္ေသာင္းခဲြ၊ ႏွစ္ေသာင္းေလာက္ ရွိသည္။ အျမတ္ကေတာ့ တစ္ေန႔ ရွစ္ေထာင္၊ တစ္ေသာင္းေလာက္ ေတာ့ က်န္ပါသည္။ အသက္(၆၀)ေက်ာ္ (၇၀)တန္း အေမအို တစ္ေယာက္အဖို႔ တစ္ရက္ ေငြရွစ္ေထာင္၊ တစ္ေသာင္းသည္ မက္ေလာက္စရာ ျဖစ္သည္။ ထုိ႔ေၾကာင့္ ေဒၚညိဳ ေစ်းကို တစ္ရက္မွမနားရဲ။ ေစ်းမေရာင္းရမွာ လည္း ေသမေလာက္ ေၾကာက္သည္။ ေန႔စဥ္အိမ္သုံးစရိတ္ေတြ၊ သူ႔ေဆးဖိုးေတြ၊ အိမ္လခေတြက ေဒၚညိဳ႕ေခါင္းေပၚမွာ ဖိထုိင္ထား သည္ေလ။

ဆုိင္ကေလးမွ ဖြင့္တာ မ ၾကာေသး ေန႔ခင္း ၂ ခ်က္ေက်ာ္ ေက်ာ္ေလာက္မွာ ဗုံးေတြ႕သည္တဲ့။ ဗုံးကလည္း ေ၀းေ၀းမဟုတ္။ ေဒၚညိဳ႕ဆုိင္ႏွင့္ မ်က္ေစာင္းထိုး လမ္းတစ္ဖက္မွာ ေဒၚညိဳမုန္႔လုပ္ ရင္း ေစာင္းၾကည့္လုိက္ေတာ့ ပုံး အမည္းတစ္ခုကို ေတြ႕ရသည္။ လူေတြ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္သည္။ ခရာသံေတြ ဆူညံေနသည္။ ေျမးမေလးက တစ္ေနရာ ေရွာင္ေနဖို႔လာေခၚသည္။ ခက္ၿပီ။ မုန္႔ေတြက လုပ္လက္စ။ ထားခဲ့လို႔မျဖစ္။ မုန္႔ရည္ေတြကလည္း တစ္ပုံးလုံးနီးပါး က်န္ေနေသးသည္။ မလုပ္လုိက္ရလွ်င္ မုန္႔ရည္ေတြခ်ဥ္ကာ ပ်က္ကုန္မည္။ ေရႊ႕ဖို႔က်ေတာ့လည္း မီးဖုိေတြႏွင့္။ ေရႊ႕စရာေနရာလည္းမရွိ။ ေဒၚညိဳစိတ္႐ႈပ္ေလၿပီ။ ‘‘ညည္းဘာသာညည္း ေရွာင္ေနစမ္းပါေအ။ ဘာမွ မျဖစ္ပါဘူး’’။ ေဒၚညိဳ မုန္႔ဆက္လုပ္သည္။

ဓာတ္ပံု – ညီညီေဇာ္

မ်က္ႏွာခ်င္းဆုိင္က ေရႊဆုိင္ကေတာ့ သံတံခါးႀကီးခ်ကာ သိမ္းသြားၿပီ။ သူ႔ေရႊက ေနာက္ေန႔အထိ ထား ဘာမွမျဖစ္။ ေဒၚညိဳ႕မုန္႔ရည္ က ေနာက္ေန႔အထိ အထားမခံ။ လုပ္ၿပီးသား ဘိန္းမုန္႔ေတြက လည္း ဗန္းေပၚမွာ အပုံလုိက္၊ ျမင္ ရတာစိတ္ဆင္းရဲလွသည္။ မကုန္ရင္ေတာ့ ေဒၚညိဳ ဒီေန႔အရင္းျပဳတ္မည္။ ေန႔စဥ္ေပးရမည့္ ေန႔ျပန္၊ သုံးရမည့္ေစ်းဖိုး၊ ဟင္းခနဲ သက္ ျပင္းခ်သည္။ အေရးထဲသြားၾကား ထဲမွာ ကြမ္းသီးကလည္း ညပ္ေန ေသးသည္။ မုန္႔ရည္ထည့္ထား ရင္း စိတ္ပ်က္လက္ပ်က္ျဖင့္ သြား ၾကားသာ ထုိးေနလုိက္သည္။

စစ္တပ္တာ၀န္ရွိသူေတြက ေတာ့ ဗုံးကို ဖ်က္ဆီးပစ္ဖုိ႔ ႀကိဳး စားေနသည္တဲ့။ ဗုံးေထာင္တဲ့သူ ေတြကိုမ်ား ေဒၚညိဳ အင္မတန္ အံ့ၾသမိသည္။ ေတာင္ႀကီးၿမိဳ႕ရဲ႕ အဓိက တန္ေဆာင္တုိင္ပဲြေတာ္ ကာလႀကီးမွာမွ လာလုပ္ရသတဲ့။ ေဒၚညိဳတုိ႔လုိ လက္လုပ္လက္စား ေစ်းသည္ေတြအဖို႔ ေသေပေရာ့ ေပါ့။ ဗုံးေၾကာက္လို႔ သိမ္းသြားရတဲ့ ေစ်းသည္ေတြလည္း မ်က္ႏွာမေကာင္း။ ေစ်းေတြလည္း မ ေရာင္းရေတာ့။ ေဒၚညိဳကေတာ့ ဗုံးဆိုတာကို ေက်ာေပးကာ စိတ္ ခ်လက္ခ်သာ ထုိင္ေနလုိက္ေတာ့ သည္။

တကယ္တမ္း ဗုံးေပါက္မည္ ဆုိလွ်င္ လမ္းမတစ္ခုသာျခား၍ ေဒၚညိဳ႕ေနရာ ဘယ္လိုမွ မလြတ္ ႏုိင္။ ဒါလည္း ေဒၚညိဳမေတြးႏုိင္။ ၈၈ တုန္းက ဒီထက္ဆုိးေသး သည္။ လူေတြ႐ုိက္ၾက၊ ႏွက္ၾက ပစ္ၾက၊ ခတ္ၾက၊ လူေတြကို ကား ေပၚဆဲြတင္သြားၾက၊ ေဒၚညိဳက ဘိန္းမုန္႔အလုပ္မပ်က္။ ေယာက်္ားျဖစ္သူက ‘‘မညိဳ ေတာ္ပါေတာ့ဟ’’ဆုိၿပီး ဇြတ္ဆဲြေခၚမွ ေဒၚညိဳ ထတာျဖစ္သည္။ ခုေတာ့ ေျမးမေလးက ေခၚေနတာေတာင္ ေဒၚညိဳမထႏုိင္ေသး။ သူကေတာ့ ငယ္ေသး၍ ေၾကာက္ေနသည္။ ေဒၚညိဳကေတာ့ ကံပဲလို႔သာ ပုံခ် ထားလုိက္သည္။ မ်က္လုံးတစ္လုံးလည္း မရွိေတာ့ စား၀တ္ေန ေရးက က်ပ္တည္းလွ၍ ေသသြားေတာ့လည္း ၀ဋ္ကြၽတ္တာေပါ့ဟု ေတြးေနလုိက္သည္။

၂ နာရီေက်ာ္္ေက်ာ္မွာေတာ့ ဗုံးကိုေဖာက္ခဲြဖ်က္ဆီးပစ္ဖုိ႔ လုပ္ ေတာ့မည္။ လူေတြေဘးဖယ္ေပး ဖုိ႔လည္း ေအာ္ေနသည္။ အဲဒီအခါ မွာ ေျမးမေလးက ေဒၚညိဳကို ေရွာင္ဖို႔ ဇြတ္ဆဲြေခၚသည္။ ေဒၚညိဳမထခ်င္ ထခ်င္ျဖင့္ ထသည္။ လူသက္သက္မဟုတ္။ ဘိန္းမုန္႔ဗန္းႀကီးကိုပါ ‘မ’လာသည္။ ေဘးနားက ဖုန္းဆုိင္ေလးနား ကပ္သည္။ ခဲြေတာ့မည္။ ေဒၚညိဳ ထိုက်မွ တစ္ခုသတိရသြားသည္။ ဘိန္း မုန္႔ဗန္းတင္တဲ့ခုံေအာက္မွာ အိတ္ကေလးတစ္အိတ္ က်န္ေနခဲ့သည္။ ထိုအိတ္ထဲတြင္ ေဆးဘူးေတြ၊ မ်က္စဥ္းဘူးေတြပါသည္။ သူအေျပးသြားယူသည္။ တစ္ဖက္တြင္ေတာ့ ခဲြဖို႔အဆင္သင့္ျဖစ္ ေနၿပီ။ ေဆးထုပ္ေလးကို ေဒၚညိဳ အျမန္ယူသည္။ ဖုန္းဆုိင္နားျပန္ သြားသည္။ အုန္းခနဲအသံၾကား လုိက္ရသည္။ ပဲြၿပီးသြားေလၿပီ။

ခဲြၿပီးသြားေတာ့မွ ေဒၚညိဳ ဆုိင္ေလးဆီ ျပန္လာသည္။ မုန္႔ ျပန္လုပ္သည္။ ျဖတ္သြားျဖတ္ လာအခ်ဳိ႕ ၀ယ္စားၾကသည္။ ထို႔အတြက္ မုန္႔က တျဖည္းျဖည္း ေတာ့ ကုန္လာသည္။ ဗုံးသတင္း ေၾကာင့္ လူေတြေၾကာက္လန္႔ကာ ရွင္းလင္းသြားသည္။ ဆုိင္ေတြ တစ္ဆုိင္မွမရွိေတာ့။ ပုံမွန္ဆို ည၇ နာရီေလာက္အထိ ေရာင္းေလ့ရွိေသာ္လည္း ဆုိင္ေတြပိတ္ကုန္ သျဖင့္ ေျမးမေလးက သိမ္းၾကဖို႔ ေျပာသည္။ ညေန ၆ နာရီေလာက္မွာေတာ့ ေျမးအဘြားႏွစ္ေယာက္ ဆုိင္သိမ္းလုိက္ၾကသည္။ ဗန္းထဲမွာေတာ့ ဘိန္းမုန္႔သုံးခ်ပ္က်န္ေန ေသးသည္။ သုံးခ်ပ္ဆိုလည္း ခုနစ္ရာ့ငါးဆယ္မို႔ ေဒၚညိဳ ႏွေျမာ သည္။ သို႔ေသာ္ မိန္းမသားႏွစ္ ေယာက္တည္း ဆက္ေနဖို႔ မေကာင္းတာေၾကာင့္ ထုိသုံးခ်ပ္ကို သိမ္းဆည္းကာ ျပန္ခဲ့သည္။

လာၾကည့္တဲ့သူထဲက တစ္ ေယာက္က ဗုံးေတြ႕ခ်ိန္ စိတ္ေအး လက္ေအး မုန႔္ေရာင္းေနေသာ ေဒၚညိဳကို ဓာတ္ပုံ႐ုိက္ ေဖ့စ္ ဘြတ္ခ္တင္လုိက္သျဖင့္ ေဒၚညိဳ ေန႔ခ်င္းညခ်င္း နာမည္ႀကီးသြား သည္။ ဆုိင္လာသူေတြက ေဒၚညိဳ႕ ပုံကို ျပၾကသည္။ ေရးထားတာ ေတြ ဖတ္ရသည္။ ဘာတဲ့ ဗုံးမ ေၾကာက္တဲ့ အေမႀကီးတဲ့။ သိပ္သတၱိရွိတာပဲတဲ့။ ေဒၚညိဳသြားက ကြမ္းခ်ဳိးေတြေပၚေအာင္ ရယ္ပါ သည္။ ‘‘သတၱိမဟုတ္ပါဘူးကြယ္။ ၀မ္းေရးပါ။ ၀မ္းစာေရးက ရွိေသး ေတာ့ ေၾကာက္ေပမယ့္လည္း ေနရတာေတာ့ပဲ’’တဲ့။

(ဗုံးဟုယူဆၾကေသာ ထိုအရာမွာ အနက္ေရာင္လက္ဆဲြ ေသတၱာငယ္ျဖင့္ ထည့္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္း အဆင့္(၁)ဟု ရွမ္းျပည္နယ္ရဲတပ္ဖဲြ႕မွဴး ရဲမွဴးခ်ဳပ္ေဇာ္ခင္ေအာင္က သုံး သပ္ၿပီး စစ္ေျမျပင္အင္ဂ်င္နီယာ တပ္ရင္း မုိင္းရွင္းလင္းေရးအဖဲြ႕ မ်ားက ေဖာက္ခဲြရွင္းလင္းခဲ့သည္။ ထိခုိက္ဒဏ္ရာရသူ မရွိေပ။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 days
# Unicode Version ျဖင့္ ဖတ္ပါ #


တောင်ကြီးမြို့ မြို့မဈေးမီး ပွိုင့်သည် မြို့လယ်ဈေးအနီးဖြစ် သဖြင့် လူသွားလူလာ၊ ယာဉ်သွား ယာဉ်လာရှုပ်ထွေးသည်။ တောင် ကြီး တန်ဆောင်တိုင်ပွဲတော်ကြီး လည်းရှိသဖြင့် အဝေးဧည့်တွေ လာနေကြသောကြောင့် ပို၍ပင် စည်ကားနေသည်။ ထိုအချိန်မထင်မှတ်ထားသော သတင်းစကားတစ်ခုကြောင့် မြို့မဈေးမီးပွိုင့်အနီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ မီးပွိုင့်နားဈေးရှေ့က ပလက်ဖောင်းအနီးတွင် ဗုံးထောင်ထားသည့်ဟူသော သတင်း။

စစ်ဘက်၊ ရဲဘက် တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေ တဖွဲဖွဲရောက်လာသည်။ တတွီတွီခရာမှုတ်သံတွေ ဆူညံ နေသည်။ လမ်းတွေကိုပိတ်သည်။ ကြိုးတွေတားသည်။ ဈေးသည်တွေလည်း ကိုယ့်ရောင်းကုန် ပစ္စည်းလေးတွေ အမြန်သိမ်းကြ သည်။ ဈေးဝန်းကျင်က ဆိုင်ခန်း တွေလည်း ဆိုင်တံခါးကို အမြန် ဆွဲချကြသည်။ သို့သော် ထိုဗုံး တွေ့သည်ဟူသောနေရာနှင့် မျက်စောင်းထိုး လမ်းတစ်ဖက်ခြမ်း မီးပွိုင့်ထောင့်တွင်တော့ ဘိန်းမုန့် သည် အဘွားအိုတစ်ယောက် မုန့်ရည်တွေကို ဖိုလေးထဲထည့် လိုက်၊ ကျက်သွားတဲ့ဘိန်းမုန့်တွေ ကို ဗန်းပေါ်တင်လိုက်ဖြင့် တည် တည်ငြိမ်ငြိမ်။

‘‘အမေ ထပါ အ မေရဲ့။ ဗုံးတဲ့။ ပြီးမှဆက်လုပ်ပါ’’ ဘေးနားကွမ်းယာဆိုင်ထဲက မိန်း ကလေးတစ်ဦးက အဘွားအိုကို ခေါ်နေသည်။ သို့သော် အဘွားအိုက ထိုင်ရာမထ။ လမ်းတစ်ဖက် ကို အဘွားအိုလှမ်းကြည့်တော့ ဗုံးဟုဆိုသည့် ပုံးအမည်းတစ်ခု လမ်းဘေးမှာ တွေ့ရသည်။ အဘွားအို မုန့်ဆက်လုပ်နေလေသည်။

အခင်းဖြစ်ပွားရန် တစ်နာရီအလို မွန်းလွဲ ၁ နာရီခန့် မြို့မဈေးမီးပွိုင့်

ဘိန်းမုန့်သည် အဘွားအို ဒေါ်ညိုသည် သာမန်နေ့များအ တိုင်း တောင်ကြီးမြို့မဈေးအနီး က မီးပွိုင့်နားသို့ နေ့ခင်း ၁ ချက် ထိုးချိန်ရောက်သည်။ ဒေါ်ညိုက အသက်(၆၇)နှစ် ဖြစ်သည်။ ဘိန်းမုန့်ရောင်းခဲ့တာလည်း သက်တမ်းမနည်းတော့။ စရောင်းကတည်း က ဒီနားလေး။ အဆောက်အအုံတွေ မြို့ပုံစံတွေ လူတွေသာ ပြောင်းလဲသွားသည်။ ဒေါ်ညိုက ဘိန်းမုန့်ရောင်းဆဲ။ ဒေါ်ညိုက တောင်ကြီးမှာ မွေးတာတော့မဟုတ်။ ရန်ကုန်မှာမွေး၊ မိဘတွေ တောင်ကြီး ပြောင်းလာသဖြင့် တောင်ကြီးသားတစ်ယောက်နှင့် အကြောင်းပါခဲ့သည်။

သားသမီး လေးယောက် ထွန်းကားခဲ့ပြီး နှစ်ယောက်ဆုံးရှုံး ခဲ့ကာ လက်ရှိတွင် မိဘနှစ်ပါး စလုံး မရှိရှာတော့သည့် မြေးမလေး နိုးနိုးနှင့်အတူ တောင်ကြီးမြို့ နိဗ္ဗာန်လမ်းဆုံနားမှာ အိမ်ငှားနေတာဖြစ်သည်။

အဘွားဆိုသော်လည်း အမေလိုပဲ ဖြစ်နေသဖြင့် မြေးမ လေးက ဒေါ်ညိုကို ‘‘အမေ’’ဟု ပင်ခေါ်သည်။ နေ့ခင်းတွင်တော့ မြေးအဘွားနှစ်ယောက် မြို့မဈေးမီးပွိုင့်နားမှာ ဈေးရောင်းသည်။ သူ့ဘေးနားတွင်တော့ သူ့မြေးမလေး နိုးနိုး၏ ကွမ်းယာဆိုင်ရှိ သည်။ မြေးမလေး၏ ကိုယ်ပိုင်ဆိုင်တော့မဟုတ်။ ဒေါ်ညို့သမီး မြေးမလေး၏ အဒေါ်ဆိုင်ဖြစ်သည်။ မြေးမလေးက ကူထိုင် ပေး၍ မုန့်ဖိုးပဲဖိုးရသည်။

ဒေါ်ညို ခုလိုတန်ဆောင်တိုင် ကာလကို အလွန်ပျော်ပါသည်။ ဒေါ်ညိုက မွတ်စလင်ဖြစ်သည်။ အမေ၊ အဖေ မွတ်စလင်ဖြစ်၍ သူမွတ်စလင်ဖြစ်လာခြင်းကို သူ ထူးထွေ စဉ်းစားမနေမိပါ။ မွတ် စလင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာ တို့၏ တန်ဆောင်တိုင်ပွဲတော်ကို ဒေါ်ညို ပျော်ပါသည်။ မြန်မာနိုင်ငံ ၏ နာမည်ကျော် တောင်ကြီးတန် ဆောင်တိုင်ဖြစ်၍ အနယ်နယ် အ ရပ်ရပ်က လူတွေလာလည်၊ စည် ကား၊ ပျော်မြူးတာတွေကို ကြည့် ပြီး စိတ်ချမ်းသာရသလို သူ့ဘိန်းမုန့်လည်း ရောင်းကောင်းလှ သည်။

အခင်းဖြစ်ပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၇ ရက်တွင် မုန့်ရောင်းနေသည့် အမယ်အိုကို တွေ့ရစဉ် (ဓာတ်ပုံ – ညီညီဇော်)

ထို့အတွက် ဒေါ်ညို ပျော် သည်။ သူတင်လားမဟုတ်။ တစ် နှစ်တစ်ခါလေး တောင်ကြီးတန် ဆောင်တိုင်ကာလ ဈေးရောင်းရ သဖြင့် တောင်ကြီးတန်ဆောင် တိုင် အမီပြုနေရသူတွေ ပျော်ရွှင် ကြသည်။ ဟိုတယ်သမားလည်း ပျော်၊ ဆိုင်ကယ်တက္ကစီသမား လည်း ပျော်၊ စားသောက်ဆိုင် သမားတွေလည်း ပျော်၊ ဒေါ်ညို တို့လို လမ်းဘေးဈေးသည်ကအစ ပျော်ကြရသည့် တန်ဆောင် တိုင်ရာသီ ဖြစ်သည်။

တန်ဆောင်တိုင် မရောက်မီကတည်းက ဒေါ်ညိုကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးထားတာတွေရှိ သည်။ ဒေါ်ညိုက ဘယ်ဘက်မျက်လုံး မရှိတော့ပါ။ ရေတိမ်ပေါက် ၍ ခွဲထုတ်ရသည်။ ညာဘက် မျက်လုံးတစ်လုံးတည်းနှင့် လုပ် ကိုင်နေရခဲ့သည်။ နောက်သုံးလလောက်နေရင် မျက်လုံးအတုထည့်ရမည်။ ထို့အတွက် ငွေကကုန်ဦးမည်။ မျက်စိခွဲတုန်းက လည်း ရက်ကြာကြာနားဖို့ ဆရာဝန်က ပြောတာကို သတ်မှတ်ရက်မပြည့်သေးမီ ဈေးပြန်ရောင်း သည်။ မြေးအဘွားနှစ်ယောက် တည်း ရှိသော်လည်း အိမ်ငှားနေရ တာဆိုတော့ ရနိုင်သလောက် ရှာရတာဖြစ်သည်။ တန်ဆောင်တိုင် ကာလမှာတော့ ဈေးပိုရောင်းရ၍ မျက်လုံးအတု ထည့်ဖို့နဲ့ ဆေးခန်းပြဖို့ ငွေတော့စုမိနိုင်သည်ဟု ဒေါ်ညို တွေးထားတာဖြစ်သည်။

ဒေါ်ညို ဘိန်းမုန့်ကလည်း တစ်ခု ၁၅ ပြားခေတ်က စရောင်းလာခဲ့တာ အခု နှစ်ခု ၅၀၀ ခေတ်အထိ လူကြိုက်များနေဆဲ ဖြစ်သည်။ ဒေါ်ညိုဘိန်းမုန့်က တစ်ခုလုပ်ပြီး၍ ဗန်းပေါ်တင်လိုက်သည်နှင့် တစ်ခုချက်ချင်းရောင်းကုန် သည်။ စားလိုသူက စိတ်ရှည်ရှည်ထားစောင့်ရသည်။ ဘိန်းမုန့်ဈေးအရင်းက တစ်ရက် တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ရှိသည်။ အမြတ်ကတော့ တစ်နေ့ ရှစ်ထောင်၊ တစ်သောင်းလောက် တော့ ကျန်ပါသည်။ အသက်(၆၀)ကျော် (၇၀)တန်း အမေအို တစ်ယောက်အဖို့ တစ်ရက် ငွေရှစ်ထောင်၊ တစ်သောင်းသည် မက်လောက်စရာ ဖြစ်သည်။ ထို့ကြောင့် ဒေါ်ညို ဈေးကို တစ်ရက်မှမနားရဲ။ ဈေးမရောင်းရမှာ လည်း သေမလောက် ကြောက်သည်။ နေ့စဉ်အိမ်သုံးစရိတ်တွေ၊ သူ့ဆေးဖိုးတွေ၊ အိမ်လခတွေက ဒေါ်ညို့ခေါင်းပေါ်မှာ ဖိထိုင်ထား သည်လေ။

ဆိုင်ကလေးမှ ဖွင့်တာ မ ကြာသေး နေ့ခင်း ၂ ချက်ကျော် ကျော်လောက်မှာ ဗုံးတွေ့သည်တဲ့။ ဗုံးကလည်း ဝေးဝေးမဟုတ်။ ဒေါ်ညို့ဆိုင်နှင့် မျက်စောင်းထိုး လမ်းတစ်ဖက်မှာ ဒေါ်ညိုမုန့်လုပ် ရင်း စောင်းကြည့်လိုက်တော့ ပုံး အမည်းတစ်ခုကို တွေ့ရသည်။ လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ခရာသံတွေ ဆူညံနေသည်။ မြေးမလေးက တစ်နေရာ ရှောင်နေဖို့လာခေါ်သည်။ ခက်ပြီ။ မုန့်တွေက လုပ်လက်စ။ ထားခဲ့လို့မဖြစ်။ မုန့်ရည်တွေကလည်း တစ်ပုံးလုံးနီးပါး ကျန်နေသေးသည်။ မလုပ်လိုက်ရလျှင် မုန့်ရည်တွေချဉ်ကာ ပျက်ကုန်မည်။ ရွှေ့ဖို့ကျတော့လည်း မီးဖိုတွေနှင့်။ ရွှေ့စရာနေရာလည်းမရှိ။ ဒေါ်ညိုစိတ်ရှုပ်လေပြီ။ ‘‘ညည်းဘာသာညည်း ရှောင်နေစမ်းပါအေ။ ဘာမှ မဖြစ်ပါဘူး’’။ ဒေါ်ညို မုန့်ဆက်လုပ်သည်။

ဓာတ်ပုံ – ညီညီဇော်

မျက်နှာချင်းဆိုင်က ရွှေဆိုင်ကတော့ သံတံခါးကြီးချကာ သိမ်းသွားပြီ။ သူ့ရွှေက နောက်နေ့အထိ ထား ဘာမှမဖြစ်။ ဒေါ်ညို့မုန့်ရည် က နောက်နေ့အထိ အထားမခံ။ လုပ်ပြီးသား ဘိန်းမုန့်တွေက လည်း ဗန်းပေါ်မှာ အပုံလိုက်၊ မြင် ရတာစိတ်ဆင်းရဲလှသည်။ မကုန်ရင်တော့ ဒေါ်ညို ဒီနေ့အရင်းပြုတ်မည်။ နေ့စဉ်ပေးရမည့် နေ့ပြန်၊ သုံးရမည့်ဈေးဖိုး၊ ဟင်းခနဲ သက် ပြင်းချသည်။ အရေးထဲသွားကြား ထဲမှာ ကွမ်းသီးကလည်း ညပ်နေ သေးသည်။ မုန့်ရည်ထည့်ထား ရင်း စိတ်ပျက်လက်ပျက်ဖြင့် သွား ကြားသာ ထိုးနေလိုက်သည်။

စစ်တပ်တာဝန်ရှိသူတွေက တော့ ဗုံးကို ဖျက်ဆီးပစ်ဖို့ ကြိုး စားနေသည်တဲ့။ ဗုံးထောင်တဲ့သူ တွေကိုများ ဒေါ်ညို အင်မတန် အံ့သြမိသည်။ တောင်ကြီးမြို့ရဲ့ အဓိက တန်ဆောင်တိုင်ပွဲတော် ကာလကြီးမှာမှ လာလုပ်ရသတဲ့။ ဒေါ်ညိုတို့လို လက်လုပ်လက်စား ဈေးသည်တွေအဖို့ သေပေရော့ ပေါ့။ ဗုံးကြောက်လို့ သိမ်းသွားရတဲ့ ဈေးသည်တွေလည်း မျက်နှာမကောင်း။ ဈေးတွေလည်း မ ရောင်းရတော့။ ဒေါ်ညိုကတော့ ဗုံးဆိုတာကို ကျောပေးကာ စိတ် ချလက်ချသာ ထိုင်နေလိုက်တော့ သည်။

တကယ်တမ်း ဗုံးပေါက်မည် ဆိုလျှင် လမ်းမတစ်ခုသာခြား၍ ဒေါ်ညို့နေရာ ဘယ်လိုမှ မလွတ် နိုင်။ ဒါလည်း ဒေါ်ညိုမတွေးနိုင်။ ၈၈ တုန်းက ဒီထက်ဆိုးသေး သည်။ လူတွေရိုက်ကြ၊ နှက်ကြ ပစ်ကြ၊ ခတ်ကြ၊ လူတွေကို ကား ပေါ်ဆွဲတင်သွားကြ၊ ဒေါ်ညိုက ဘိန်းမုန့်အလုပ်မပျက်။ ယောကျ်ားဖြစ်သူက ‘‘မညို တော်ပါတော့ဟ’’ဆိုပြီး ဇွတ်ဆွဲခေါ်မှ ဒေါ်ညို ထတာဖြစ်သည်။ ခုတော့ မြေးမလေးက ခေါ်နေတာတောင် ဒေါ်ညိုမထနိုင်သေး။ သူကတော့ ငယ်သေး၍ ကြောက်နေသည်။ ဒေါ်ညိုကတော့ ကံပဲလို့သာ ပုံချ ထားလိုက်သည်။ မျက်လုံးတစ်လုံးလည်း မရှိတော့ စားဝတ်နေ ရေးက ကျပ်တည်းလှ၍ သေသွားတော့လည်း ဝဋ်ကျွတ်တာပေါ့ဟု တွေးနေလိုက်သည်။

၂ နာရီကျော်ကျော်မှာတော့ ဗုံးကိုဖောက်ခွဲဖျက်ဆီးပစ်ဖို့ လုပ် တော့မည်။ လူတွေဘေးဖယ်ပေး ဖို့လည်း အော်နေသည်။ အဲဒီအခါ မှာ မြေးမလေးက ဒေါ်ညိုကို ရှောင်ဖို့ ဇွတ်ဆွဲခေါ်သည်။ ဒေါ်ညိုမထချင် ထချင်ဖြင့် ထသည်။ လူသက်သက်မဟုတ်။ ဘိန်းမုန့်ဗန်းကြီးကိုပါ ‘မ’လာသည်။ ဘေးနားက ဖုန်းဆိုင်လေးနား ကပ်သည်။ ခွဲတော့မည်။ ဒေါ်ညို ထိုကျမှ တစ်ခုသတိရသွားသည်။ ဘိန်း မုန့်ဗန်းတင်တဲ့ခုံအောက်မှာ အိတ်ကလေးတစ်အိတ် ကျန်နေခဲ့သည်။ ထိုအိတ်ထဲတွင် ဆေးဘူးတွေ၊ မျက်စဉ်းဘူးတွေပါသည်။ သူအပြေးသွားယူသည်။ တစ်ဖက်တွင်တော့ ခွဲဖို့အဆင်သင့်ဖြစ် နေပြီ။ ဆေးထုပ်လေးကို ဒေါ်ညို အမြန်ယူသည်။ ဖုန်းဆိုင်နားပြန် သွားသည်။ အုန်းခနဲအသံကြား လိုက်ရသည်။ ပွဲပြီးသွားလေပြီ။

ခွဲပြီးသွားတော့မှ ဒေါ်ညို ဆိုင်လေးဆီ ပြန်လာသည်။ မုန့် ပြန်လုပ်သည်။ ဖြတ်သွားဖြတ် လာအချို့ ဝယ်စားကြသည်။ ထို့အတွက် မုန့်က တဖြည်းဖြည်း တော့ ကုန်လာသည်။ ဗုံးသတင်း ကြောင့် လူတွေကြောက်လန့်ကာ ရှင်းလင်းသွားသည်။ ဆိုင်တွေ တစ်ဆိုင်မှမရှိတော့။ ပုံမှန်ဆို ည၇ နာရီလောက်အထိ ရောင်းလေ့ရှိသော်လည်း ဆိုင်တွေပိတ်ကုန် သဖြင့် မြေးမလေးက သိမ်းကြဖို့ ပြောသည်။ ညနေ ၆ နာရီလောက်မှာတော့ မြေးအဘွားနှစ်ယောက် ဆိုင်သိမ်းလိုက်ကြသည်။ ဗန်းထဲမှာတော့ ဘိန်းမုန့်သုံးချပ်ကျန်နေ သေးသည်။ သုံးချပ်ဆိုလည်း ခုနစ်ရာ့ငါးဆယ်မို့ ဒေါ်ညို နှမြော သည်။ သို့သော် မိန်းမသားနှစ် ယောက်တည်း ဆက်နေဖို့ မကောင်းတာကြောင့် ထိုသုံးချပ်ကို သိမ်းဆည်းကာ ပြန်ခဲ့သည်။

လာကြည့်တဲ့သူထဲက တစ် ယောက်က ဗုံးတွေ့ချိန် စိတ်အေး လက်အေး မုန့်ရောင်းနေသော ဒေါ်ညိုကို ဓာတ်ပုံရိုက် ဖေ့စ် ဘွတ်ခ်တင်လိုက်သဖြင့် ဒေါ်ညို နေ့ချင်းညချင်း နာမည်ကြီးသွား သည်။ ဆိုင်လာသူတွေက ဒေါ်ညို့ ပုံကို ပြကြသည်။ ရေးထားတာ တွေ ဖတ်ရသည်။ ဘာတဲ့ ဗုံးမ ကြောက်တဲ့ အမေကြီးတဲ့။ သိပ်သတ္တိရှိတာပဲတဲ့။ ဒေါ်ညိုသွားက ကွမ်းချိုးတွေပေါ်အောင် ရယ်ပါ သည်။ ‘‘သတ္တိမဟုတ်ပါဘူးကွယ်။ ဝမ်းရေးပါ။ ဝမ်းစာရေးက ရှိသေး တော့ ကြောက်ပေမယ့်လည်း နေရတာတော့ပဲ’’တဲ့။

(ဗုံးဟုယူဆကြသော ထိုအရာမှာ အနက်ရောင်လက်ဆွဲ သေတ္တာငယ်ဖြင့် ထည့်ထားသည့် ဒေသန္တရလက်လုပ်မိုင်း အဆင့်(၁)ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က သုံး သပ်ပြီး စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း မိုင်းရှင်းလင်းရေးအဖွဲ့ များက ဖောက်ခွဲရှင်းလင်းခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ မရှိပေ။)

ဖိုးသူတော် (www.phothutaw.com)
Credit: 7 days
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top