(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အမ်ိဳးသားေတြက ေခ်ာ့ရတာ မႀကိဳက္သလို အေခ်ာ့ခံရတာကိုလည္း စိတ္ပ်က္ၾကပါသတဲ့။ မိန္းကေလးေတြကက်ေတာ့ ေကာက္ခ်င္သလို ေကာက္မယ္ ေခ်ာ့ေပးမွ ေက်နပ္မယ္ဆိုတဲ့ အစားပါတဲ့။ ဒီလိုအေျခအေနဟာ ႏွစ္ခ်ိဳ႕ဇနီးေမာင္ႏွံေတြမွာ ေျမာက္ျမားစြာ ျဖစ္ေနတတ္ၿပီး အဖုအထစ္ေတြ၊ စိတ္ခ်င္း မတိုက္ဆိုင္တာေတြ အမ်ားႀကီးကို လမ္းေၾကာင္းေပးေနပါတယ္။

ႏွစ္ေပါင္းမ်ားစြာ အတူေနလာတဲ့ စံုတြဲေတြအေနနဲ႔ အိမ္ေထာင္ေရး သက္တမ္းတစ္ေလွ်ာက္မွာ အဖုအထစ္ေတြ စိတ္ညစ္ညဴးစရာေတြကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ ရင္ဆိုင္ျဖတ္သန္းခဲ့ၾကရမွာပါပဲ။ အိမ္ေထာင္ေရး သုေတသီေတြက လင္မယားစံုတြဲေတြ အမ်ားအျပားကို ေမးျမန္းၿပီး သုေတသန လုပ္ခဲ့ၾကပါတယ္။

အေခ်ာ့ မႀကိဳက္သူမ်ားႏွင့္ အေခ်ာ့ ခံခ်င္သူမ်ား အေၾကာင္းေပါ့။

အမ်ိဳးသားေတြက စိတ္႐ႈပ္တာေတြကို အၾကာႀကီး မစဥ္းစားတတ္ဘဲ စိတ္ရွိလက္ရွိ ေခ်ာ့တာ၊ ေျဖရွင္းတာ သူတို႔ကို လာေခ်ာ့ေပးတာကိုပါ အေတာ္စိတ္ပ်က္ၾကပါသတဲ့။ ေအးေအးလူလူ ပစ္ထား ... ကိုယ္က သာယာၿပီးသားဆိုတဲ့ အမ်ိဳးအစားေတြပါတဲ့။

အမ်ိဳးသမီးေတြက်ေတာ့ ႀကီးႀကီးငယ္ငယ္ စိတ္တို စိတ္ေကာက္ ဝမ္းနည္းတာအျပင္ အေခ်ာ့ခံခ်င္ ဂ႐ုစိုက္ခဲ့ခ်င္ၾကတာကိုက သူတို႔ရဲ႕ ဆိုက္ကိုပါတဲ့။

ဒီေတာ့ အိမ္ေထာင္ေရး ေျပလည္ခ်င္ရင္ အမ်ိဳးသမီးေတြကို မ်ားမ်ားေခ်ာ့ ေႏြးေႏြးေထြးေထြး ေနေပးဖို႔ လိုအပ္သေလာက္ အမ်ိဳးသားေတြ စိတ္ညစ္တဲ့အခါ ဘာသိဘာသာသာ လႊတ္ထားလိုက္တာ ပိုအဆင္ေျပတယ္တဲ့။

သူတို႔က အေခ်ာ့လည္း မခံခ်င္ဘူး၊ ေခ်ာ့လည္း မေခ်ာ့ခ်င္ဘူးတဲ့။ အဲဒီလို လုပ္ရတာကိုက သူတို႔ကို အႀကီးအက်ယ္ စိတ္ပ်က္မိေစပါတယ္။

မတူညီတဲ့ က်ား/မ စိတ္ပညာ သေဘာတရားအရ အတူေနၾကတဲ့အခါ သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ျပႆနာျဖစ္တာ မထူးဆန္းတဲ့ကိစၥလို႔ပဲ ဆိုရမွာပါပဲ။ ျပႆနာ အေတာ္မ်ားမ်ားကို ခ်ဥ္းကပ္ပံုကိုက ကြာျခားေနတာကိုး။ ခံစားခ်က္နဲ႔ တႏံု႔ႏံု႔ျဖစ္တတ္တဲ့ မသဘာဝနဲ႔ အခ်ိန္တန္ ၿပီးသြားမွာပဲဆိုတဲ့ ဖိုသဘာဝက ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနလို႔ပါ။

ဒီေတာ့ သာယာလွပတဲ့ အိမ္ေထာင္ေရးဘဝတစ္ခု ပိုင္ဆိုင္လာဖို႔ဆိုရင္ မတူညီတဲ့ စိတ္အေျခခံေလးေတြကို ညႇိညိွႏႈိင္းႏႈိင္းနဲ႔ လိုအပ္ခ်က္ေလးေတြ အတူတကြ ျဖည့္ေပးႏိုင္ဖို႔ လိုအပ္ေနတာေတြကို အိမ္ေထာင္သည္ေတြ သတိျပဳမိၾကဖို႔ လိုပါတယ္ေနာ္။

ဂ်ီပီငွက္ (ေဆး/မန္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DrMyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
 အမျိုးသားတွေက ချော့ရတာ မကြိုက်သလို အချော့ခံရတာကိုလည်း စိတ်ပျက်ကြပါသတဲ့။ မိန်းကလေးတွေကကျတော့ ကောက်ချင်သလို ကောက်မယ် ချော့ပေးမှ ကျေနပ်မယ်ဆိုတဲ့ အစားပါတဲ့။ ဒီလိုအခြေအနေဟာ နှစ်ချို့ဇနီးမောင်နှံတွေမှာ မြောက်မြားစွာ ဖြစ်နေတတ်ပြီး အဖုအထစ်တွေ၊ စိတ်ချင်း မတိုက်ဆိုင်တာတွေ အများကြီးကို လမ်းကြောင်းပေးနေပါတယ်။

နှစ်ပေါင်းများစွာ အတူနေလာတဲ့ စုံတွဲတွေအနေနဲ့ အိမ်ထောင်ရေး သက်တမ်းတစ်လျှောက်မှာ အဖုအထစ်တွေ စိတ်ညစ်ညူးစရာတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရမှာပါပဲ။ အိမ်ထောင်ရေး သုတေသီတွေက လင်မယားစုံတွဲတွေ အများအပြားကို မေးမြန်းပြီး သုတေသန လုပ်ခဲ့ကြပါတယ်။

အချော့ မကြိုက်သူများနှင့် အချော့ ခံချင်သူများ အကြောင်းပေါ့။

အမျိုးသားတွေက စိတ်ရှုပ်တာတွေကို အကြာကြီး မစဉ်းစားတတ်ဘဲ စိတ်ရှိလက်ရှိ ချော့တာ၊ ဖြေရှင်းတာ သူတို့ကို လာချော့ပေးတာကိုပါ အတော်စိတ်ပျက်ကြပါသတဲ့။ အေးအေးလူလူ ပစ်ထား ... ကိုယ်က သာယာပြီးသားဆိုတဲ့ အမျိုးအစားတွေပါတဲ့။

အမျိုးသမီးတွေကျတော့ ကြီးကြီးငယ်ငယ် စိတ်တို စိတ်ကောက် ဝမ်းနည်းတာအပြင် အချော့ခံချင် ဂရုစိုက်ခဲ့ချင်ကြတာကိုက သူတို့ရဲ့ ဆိုက်ကိုပါတဲ့။

ဒီတော့ အိမ်ထောင်ရေး ပြေလည်ချင်ရင် အမျိုးသမီးတွေကို များများချော့ နွေးနွေးထွေးထွေး နေပေးဖို့ လိုအပ်သလောက် အမျိုးသားတွေ စိတ်ညစ်တဲ့အခါ ဘာသိဘာသာသာ လွှတ်ထားလိုက်တာ ပိုအဆင်ပြေတယ်တဲ့။

သူတို့က အချော့လည်း မခံချင်ဘူး၊ ချော့လည်း မချော့ချင်ဘူးတဲ့။ အဲဒီလို လုပ်ရတာကိုက သူတို့ကို အကြီးအကျယ် စိတ်ပျက်မိစေပါတယ်။

မတူညီတဲ့ ကျား/မ စိတ်ပညာ သဘောတရားအရ အတူနေကြတဲ့အခါ သဘောထားချင်း မတိုက်ဆိုင်လို့ ပြဿနာဖြစ်တာ မထူးဆန်းတဲ့ကိစ္စလို့ပဲ ဆိုရမှာပါပဲ။ ပြဿနာ အတော်များများကို ချဉ်းကပ်ပုံကိုက ကွာခြားနေတာကိုး။ ခံစားချက်နဲ့ တနုံ့နုံ့ဖြစ်တတ်တဲ့ မသဘာဝနဲ့ အချိန်တန် ပြီးသွားမှာပဲဆိုတဲ့ ဖိုသဘာဝက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။

ဒီတော့ သာယာလှပတဲ့ အိမ်ထောင်ရေးဘဝတစ်ခု ပိုင်ဆိုင်လာဖို့ဆိုရင် မတူညီတဲ့ စိတ်အခြေခံလေးတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ လိုအပ်ချက်လေးတွေ အတူတကွ ဖြည့်ပေးနိုင်ဖို့ လိုအပ်နေတာတွေကို အိမ်ထောင်သည်တွေ သတိပြုမိကြဖို့ လိုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း)

ဖိုးသူတော် (www.phothutaw.com)
Credit: DrMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top